ကိုလံဘိုဂိုဏ်းချုပ်ဆရာတော် (ငြိမ်း) Oswald Thomas Colman Gomis ပျံလွန်သွား

ကိုလံဘိုဂိုဏ်းချုပ်ဆရာတော် (ငြိမ်း) Oswald Thomas Colman Gomis ပျံလွန်သွား

(၁၉၃၂) ၌မွေးဖွားခဲ့သော ကိုလံဘိုဂိုဏ်းချုပ်ဆရာတော် (ငြိမ်း) သည် (ဖေဖော်၀ါရီလ ၃၊ ၂၀၂၃) ရက်နေ့၌ပျံလွန်သွားခဲ့ပြီဖြစ်ကြောင်း ကိုလံဘိုဂိုဏ်းချုပ်သာသနာ၏သတင်းပြန်ကြားရေးတာ၀န်ခံမှတရား၀င်ကြေညာချက်ထုတ်ပြန်လိုက်သည်။

သူသည်ကိုလံဘိုဂိုဏ်းချုပ်ဆရာတော်အဖြစ် (၂၀၀၂ – ၂၀၀၉) အထိအမှုတော်ထမ်းခဲ့သည်။ သူ၏ကြွင်းကျန်ရုပ်ကလပ်အား ဆရာတော်ကြီး၏ကျောင်းတိုက်ရှိ ‘ယေဇူးရွှေနှလုံးတော်’ ဘုရားကျောင်း ဆောင်ငယ်၌ ဘာသာတူသားသမီးများဆုတောင်းဂါရ၀ပြုနိုင်ရန် (မွန်းတည့် ၁၂ မှ ညနေ ၆) နာရီအထိခင်ကျင်းထားပေးသည်။ ၄င်းနောက် Pilapitya, Kelaniya ရှိ စိန့်အဲန်ဘုရားကျောင်းသို့ ဖေဖော်၀ါရီ (၄) ရက်နေ့ မွန်းတည့် (၁၂) အထိဆက်လက်ထားရှိ ခဲ့သည်။ ၄င်းနောက် Anuradhapura ရှိ စိန့်ဂျိုးဇက်ကယ်သီဒရယ်သို့ထပ်မံပြောင်းရွေ့သွားပြီး ဖေဖော်၀ါရီလ (၅) ရက်နေ့ (နံနက် ၁၁) နာရီအထိထားရှိပေးထားခဲ့သည်။ ထိုနေ့ညနေ (၅) နာရီအချိန်တွင် Kotahena ရှိ စိန့်လူစီးယာကယ်သီဒရယ်သို့စီတန်း၍ပြောင်းရွေ့သည်။

ဂိုဏ်းချုပ်ဆရာတော်၏ကြွင်းကျန်ရုပ်ကလပ်အားမြေချမည့်မစ္ဆားတရားကိုမူ ဖေဖော်၀ါရီလ (၆) ရက်၊ တနင်္လာနေ့ မွန်းလွဲ (၃) အချိန်တွင် စိန့်လူစီးယာကယ်သီဒရယ်ရှိမြေအောက်သချိုင်း၌မြှုပ်နှံမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3YByomB

Add new comment

4 + 4 =