ကိုရိုနာ ပြဿနာ အကြား ဘုရားကျောင်းခေါင်မိုးပေါ်မှ ကိုယ်တော်မြတ်စက္ကရမင်တူး ကို လီမာ စီရင်စု၌ ဖူးမျှော်စေခြင်း

ကိုရိုနာ ပြဿနာ အကြား ဘုရားကျောင်းခေါင်မိုးပေါ်မှ ကိုယ်တော်မြတ်စက္ကရမင်တူး ကို လီမာ စီရင်စု၌ ဖူးမျှော်စေခြင်း

 

ကိုရိုနာကြောင့် ကမ္ဘာတဝှမ်း အိမ်ပြင်မထွက်ရ အမိန့်ကို နိုင်ငံအတော်များများမှာ ထုတ်ပြန်ထားပြီးဖြစ်ရာ ပီရူး နိုင်ငံ လီမာ မြို့လဲပါဝင်ပါတယ်။

စိန့်အန်ထော်နီ ကျောင်းထိုင် ဘုန်းတော်ကြီး Fr.Enrique Diaz ဟာ ၄င်း၏ဘာသာ၀င်များ အတွက် ကိုရိုနာကပ်ဆိုး အချိန်မှာ ခွန်အားရစေဘို့ နဲ့ စီရင်စုမှ ဘာသာဝင်များ ဖူးမျှော်ဆုတောင်းနိုင်ရန်အတွက် ကိုယ်တော်မြတ်စက္ကရမင်တူးကို ဘုရားကျောင်းခေါင်မိုးထက်မှာ ထုတ်ပြီး တနာရီ ကိုယ်ဆော်မြတ် ဖူးမျှော်စေဘို့ စီစဉ်ပေးခဲ့ပါတယ်။

တအားကိုလှပြီး အနီးနားကဘာသာ၀င်အားလုံး ကိုယ်တော်မြတ်ဖူးမျှော်နိုင်ခဲ့ကြတယ်လို့ Fr Diaz က ဆိုပါတယ်။ ဒီအစီအစဉ်ကို သဘောကျပြီး အနီးနားက စားသောက်ဆိုင်က လိုအပ်တဲ့ မီးအလှဆင်ခြင်းတွေနဲ့ ကူညီပေးခဲ့ကြောင်း ကိုယ်တော်မြတ်စက္ကရမင်တူး ရောင်ခြည်တော်ဟာ ဘုရားကျောင်း ခေါင်မိုးထက် သယ်ဆောင်သွားပြီး ထောက်ရှုချက်တွေနဲ့ မြူးစစ်တေးသွားတွေနဲ့ အတူ ဘာသာ၀င်များက မိမိတို့အိမ်များမှ ပါ၀င်ကာ တိုင်းပြည်တွင်းမှ ကိုဗစ် သက်ရောက်ခံစားရသူများအတွက် ဆုတောင်းပေးခဲ့ကြကြောင်း အနီးနားက မိတ်ဆွေတချို့ဟာ ကက်သလစ်ဘာသာ၀င်များ မဟုတ်ပေမဲ့လည်း ၄င်းတို့အိမ် ပြတင်းဝများမှနေ၍ ကိုယ်တော်မြတ်ရှေ့ ဒူးထောက်ကာ ပါ၀င်ခဲ့ကြကြောင်း ကမ္ဘာကြီးဟာ ဘုရားကို လိုအပ်နေတာကို မြင်တွေ့ရပြီ၊ သခင်ခရစ်တော်ရဲ့ တည်ရှိခြင်းကို ခံစားနိုင်ဘို့ အိမ်နီးနားခြင်းတွေလာကြတာကို မြင်ကြရပြီလို့ ကျောင်းထိုင်ဘုန်းတော်ကြီး Fr Diaz က ပြောကြားခဲ့ကြောင်း CNA သတင်းအရ သိရှိရပါတယ်။

 

By Sr.Lucia Thandar Aung,SJA

https://bit.ly/2wtpn7Q

 

Add new comment

11 + 6 =