ကိုရိုနာဗိုင်းရပ်စ် အခက်အခဲအကြား ပိုလန်မှ ရဟန်းတပါး တမူထူးသည့်ပုံစံဖြင့် ဘာသာ၀င်များအတွက် ဉီးဆောင်ဆုတောင်း

ကိုရိုနာဗိုင်းရပ်စ် အခက်အခဲအကြား ပိုလန်မှ ရဟန်းတပါး တမူထူးသည့်ပုံစံဖြင့် ဘာသာ၀င်များအတွက် ဉီးဆောင်ဆုတောင်း

ကိုရိုနာဗိုင်းရပ်စ် အခက်အခဲအကြား ပိုလန်မှ ရဟန်းတပါး တမူထူးသည့်ပုံစံဖြင့် ဘာသာ၀င်များအတွက် ဉီးဆောင်ဆုတောင်း

ပိုလန်နိုင်ငံ လူဗလင်မြို့ မှ ကက်သလစ် ဘုန်းတော်ကြီးတပါးဟာ ကိုရိုနာဗိုင်းရပ်စ် ကြောင့် အိမ်တွင်းအောင်းနေကြရတဲ့ဘာသာ၀င်များကို အားပေးဘို့အတွက် ရည်ရွယ်ပြီး မိမိတို့ရဲ့ ပြတင်းတံခါးဝများကနေ ပြူထွက်ကြည့်ပြီး ၄င်းနဲ့ အတူဆုတောင်းခြင်းမှာပါ၀င်ကြဘို့ ဖိတ်ခေါ်ခဲ့ပါတယ်။
Father Miroslaw Matuszy ဟာ စိန့်အန်ထော်နီရဲ့ ဓာတ်တော်မွေတော်ကို ပင့်ဆောင်ယူကာ ၄င်းရဲ့ ဘုရားကျောင်း အနီးတဝိုက်ကြွသွားခဲ့ပါတယ်။
လူ ၅၀ ထက် မပိုရတဲ့ စုဝေးခြင်းသာ ပြုရမည့် ကန့်သတ်ချက် ထားရှိတဲ့ ပိုလန်နိုင်ငံ အတွက် ဒီ ကိုဗစ် ၁၉ ကပ်ဘေးအချိန်မှာ ပုံမှန်ဘုရား၀တ်ပြု လာနေကျ ဘာသာဝင်တွေကို ဖယောင်းတိုင်ထွန်းကာ ၄င်းတို့ရဲ့ ပြတင်းဝဆီမှ အတူဆုတောင်းကြဘို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။
အခုလိုအချိန်မျိုးက ဖြစ်နေကျအခြေအနေတခုမဟုတ်လို့ ကျွန်ုပ်ဒီလိုပုံစံနဲ့ ဆုတောင်းခြင်းဉီးဆောင်ပေးတာပါ။ ကိုရိုနာဗိုင်းရပ်စ် မကျရောက်ဘို့ ပ ပျောက်ဘို့ပဲအခုလိုဆုတောင်းခြင်းပြုတဲ့ ပုံစံမျိုးလုပ်တာမဟုတ်ပါဘူး ဘာသာ၀င်တွေရဲ့ ယုံကြည်ခြင်း ပျောက်သွားနိုင်တဲ့ အ​န္တရာယ်ရှိတာမို့ အခုလိုလုပ်ရတာပါလို့ ဘုန်းတော်ကြီးက Reuters သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
ပိုလန်နိုင်ငံမှာတော့ ကိုဗစ်ကူးစက်ခံရသူ လူနာ ၂၅၁ ဉီးရှိပြီး ၅ ဉီးသေဆုံးပြီးဖြစ်ပါတယ်။ ကျောင်းတွေ ရုံးတွေ ရုပ်ရှင်ရုံ နဲ့ နေရာများစွာကို ပိတ်ထားလိုက်ပါပြီ။
အွန်လိုင်းပေါ်က ဖြစ်၂ တီဗီကနေဖြစ်ဖြစ် မစ္ဆားတက်ရောက်နိုင်ပေမဲ့ ဘာသာဝင်တွေ ယုံကြည်ခြင်းပျောက်မသွားဘို့နဲ့ ဘုရားနဲ့ နီးစပ်နိုင်ဘို့ ကျွန်ုပ်ကတော့ ဒီဆုတောင်းခြင်း အစီအစဉ်ကို ဆက်လုပ်သွားမှာပါ။ ဒီလိုအခက်အခဲနေ့ရက်တွေ ကျော်လွန်တဲ့အထိရယ်၊ ရောဂါပိုး အန္တရာယ်ကြောင့် အတင်းအကြပ် ရပ်ရတော့မယ် အခြေအနေ မရောက်သေးသရွေ့ကျွန်ုပ်ဒီအစီအစဉ်နဲ့ ဘာသာဝင်တွေကိုဆက်လက်ဉီးဆောင်ဆုတောင်းပေးသွားမှာပါလို့ ဘုန်းတော်ကြီး က Reuters ကို ပြောကြားခဲ့ကြောင့် CNA သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo Credit: Gregory Dean/Shutterstock

 

https://bit.ly/2x9cKyA

 

Add new comment

11 + 1 =