ကိုယ်၀န်ဖျက်ချခြင်းကိုဆန့်ကျင်သောတက်ကြွလှုပ်ရှားသူ လာမည့်မက္ကဆီကို၏သမ္မတရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလအမတ်အဖြစ်၀င်ရွေးမည်

ကိုယ်၀န်ဖျက်ချခြင်းကိုဆန့်ကျင်သောတက်ကြွလှုပ်ရှားသူ လာမည့်မက္ကဆီကို၏သမ္မတရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလအမတ်အဖြစ်၀င်ရွေးမည်

သူ၏အမည်ကား Eduardo Verastegui ဖြစ်သည်။ ကိုယ်၀န်ဖျက်ချခြင်းကိုတိုက်ဖျက်သည့်အရေး၌တက်ကြွလှုပ်ရှားသူတို့၏အယုံအကြည်ခံရသူတစ်ဦးဖြစ်သည်။ သူသည် ရုပ်ရှင်သရုပ်လည်းဖြစ်သကဲ့သို့ ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ်ပြီးလာမည့်မက္ကဆီကိုနိုင်ငံ၏သမ္မတရွေးကောက်ပွဲ၌တစ်သီးပုဂ္ဂလအမတ်အဖြစ်၀င်ရွေးမည်ဖြစ်ကြောင်း စက်တင်ဘာ (၇) ရက်နေ့က တရား၀င်အသိပေးပြောကြားလာသည်။

ယခုအခါ ကိုယ်စာလှယ်လောင်းတစ်ဦးအဖြစ်လျှောက်ထားမည့်လိုအပ်သောစာရွက်စာတမ်းများကိုစတင်စုဆောင်းနေပြီဖြစ်ကာ ယခုကဲ့သို့နိုင်ငံရေးနယ်ပယ်ထဲသို့၀င်ရောက်ရန်ဆုံးဖြတ်ချက်မှာသူ့အတွက်လွန်စွာကြီးမားသောဆုံးဖြတ်ချက်ဖြစ်ကြောင်းပြောကြားခဲ့သည်။ သူသည် လာမည့် (ဇွန်လ ၂၊ ၂၀၂၄) ၌ကျင်းပမည့် မက္ကဆီကိုနိုင်ငံ၏သမ္မတရွေးကောက်ပွဲ၌၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သူသည် Viva Mexico အဖွဲ့ကိုတည်‌‌ထောင်သူလည်းဖြစ်သည်။ သူသည် နိုင်ငံအတွင်းအကျင့်ပျက်ခြစားမှုနှင့်လူ့အသက်ကိုနည်းလမ်းမျိုးစုံဖြင့်သတ်ဖြတ်နေမှုအားအပြစ်မပေးဘဲလွတ်မြောက်နေမှုတို့ကိုရုန်းကန်တိုက်ခိုက်နေသူတစ်ဦးဖြစ်သည်။ သူတည်ထောင်‌သောအဖွဲ့၏ရည်ရွယ်ချက်ကား လူ့အသက်၊ မိသားစု၊ အကာအကွယ်မဲ့ဖြစ်နေသောသူတို့ကိုကာကွယ်ရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တရားဥပဒေစိုးမိုးမှုမရှိသောကြောင့် လူသားများသည်ရောင်းကုန်သဖွယ်ကုန်ကူးခံနေရသည်။ သူသည်အသက်ကိုကယ်ရန်နှင့်ကိုယ်၀န်ဖျက်ချခြင်းကိုတစ်စိုက်မတ်မတ်ရပ်တည်တိုက်ပွဲ၀င်လာခဲ့သူဖြစ်သည်။ သူသည်သမ္မတ
ထရမ့်၏အတွေးအခေါ်ကိုထောက်ခံသူဖြစ်သည်။

Sound of Freedom သည် မကြာမှီကမှဖြန့်ချီထားသောသူ၏ရုပ်ရှင်ဖြစ်သည်။ အကြောင်း အရာမှာ ကလေးကုန်ကူးမှုကိုအခြေခံထားခြင်းဖြစ်သည်။ အသက်မ၀င်ဖြစ်နေသောအမေရိကန်နှင့်မက်ဆီကိုတို့၏ဆက်ဆံရေးကိုပြန်လည်အသက်၀င်လာစေခဲ့သောကြောင့် သမ္မတထရမ့်က Enrique Verastegui အားချီးကျူးခဲ့သည်။

သူသည် My Beloved Isabel,' 'Alma Rebelde,' and 'Salomé ရုပ်ရှင်များကြောင့်လည်း ရုပ်ရှင်သရုပ်ဆောင်လောကနှင့်ရုပ်ရှင်လုပ်ငန်း၌အောင်မြင်သူအဖြစ်လူသိများလာသည်။ သူသည်နိုင်ငံရေးအခင်းအကျင်းမှလူ့အသက်ကိုကာကွယ်နိုင်ရန်ခြေဆန့်လှမ်းခြင်းဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/V9AP

Add new comment

4 + 1 =