ကိုဗစ် ၁၉ အတွက် ခရစ်ယာန်၊ ဂျူး နဲ့ မွတ်စလင် ဘာသာရေး ခေါင်းဆောင်များ အတူတကွ ဆုတောင်း

ကိုဗစ် ၁၉ အတွက် ခရစ်ယာန်၊ ဂျူး နဲ့ မွတ်စလင် ဘာသာရေး ခေါင်းဆောင်များ အတူတကွ ဆုတောင်း

ကိုဗစ် ၁၉ အတွက် ခရစ်ယာန်၊ ဂျူး နဲ့ မွတ်စလင် ဘာသာရေး ခေါင်းဆောင်များ အတူတကွ ဆုတောင်း

ကိုဗစ် ၁၉ ဟာ ကမ္ဘာနှင့်တဝှမ်း ပျံ့နှံ့ နေတာမို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ခရစ်ယာန်၊ ဂျူး နဲ့ မွတ်စလင် ဘာသာရေး ခေါင်းဆောင်များဟာ ဂျေရုဇလင်မှာ စုဝေးပြီး အတူတကွ ဆုတောင်းခဲ့ကြပါတယ်။
သန့်ရှင်းသောမြေ Holy Land ရဲ့ မြို့တော်၀င်က စီစဉ်တဲ့ ဒီ အစီအစဉ်ဟာ ဆိုရင် မွန်းလွဲ ၁၂:၃၀ နာရီ၊ ဂျေရုဇလင် မြို့တော် ခန်းမမှာ ကျင်းပခဲ့တာပါ။

ဒီအစီအစဉ်မှာတော့ ဘာသာ တခုစီ တိုင်းက မိမိတို့ ထုံးတမ်းအစဉ်အလာနဲ့ အညီ ဆုတောင်းမေတ္တာတခု ဆိုကြရမည်ဖြစ်ကြောင်းကို သန့်ရှင်းသောမြေ ကို ထိန်းသိမ်းစောင့်ရှောက်သူ စိန့်ဖရန်စစ် အသင်းဝင်ဘုန်းတော်ကြီး Fr Francesco Patton က ဗာတီကန်ရေဒီယိုသို့ အစီအစဉ် မစခင်မှာပြောကြားခဲ့ပါတယ် နက်နဲတဲ့ ၀ိညာဉ်ရေး အစီအစဉ်တခုဖြစ်ကြောင်း​ကို Fr Patton က ရှင်းပြရင်း အားလုံးစုံကို တတ်နိုင်သော ဘုရားရှင်ထံ ကျွန်ုပ်တို့အတူတကွ အပ်နှံဆုတောင်းကြမှာပါဟု ဆိုပါသည်။

ဒီနှစ်တော့ ဂျေရုဇလင် ရဲ့ အီစတာဟာ ဘယ်လို အီစတာမျိုးဖြစ်မလဲ ဆိုရင်တော့ ဘုရားဖူးတွေ မပါပဲ မြို့ခံနဲနဲ လေးနဲ့သာ ကျင်းပမဲ့ အီစတာပါ ဒါပေမဲ့ တခြားအီစတာတွေလို အတူတူပါပဲ လို့ Fr Patton က ပြောကြားခဲ့ကြောင်း ကို ဗာတီကန် သတင်းအရ သိရှိရပါတယ်။

အာဗီအေမြန်မာဗာတီကန်သတင်း
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo Credit: Andrea Krogman

https://bit.ly/3alBgew

Add new comment

3 + 4 =