ကလေးသာသနာ၊ ခမ်းပတ်ဇုံ ဓမ္မဆရာမွမ်းမံသင်တန်းကျင်းပ

ကလေးသာသနာ၊ ခမ်းပတ်ဇုံ ဓမ္မဆရာမွမ်းမံသင်တန်းကျင်းပ

ကလေး ဂိုဏ်းအုပ်သာသနာ၊ ခမ်းပတ်ဇုံ ဓမ္မဆရာမွမ်းမံသင်တန်းကို ခွမ်းနွဲ့ရွာမှာအောက်တိုဘာ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့ပါတယ်။

ဒီသင်တန်းသို့ ခမ်းပတ်ဇုံမှ ဓမ္မဆရာ (၄၁) ဦးရှိတဲ့အနက်မှ (၃၈) ဦးတက်ရာက်ခဲ့ကြပြီး ခမ်းပတ်ဇုံမှ ဘုန်းတော်ကြီးများကိုယ်တိုင် သင်တန်းပို့ချခဲ့ကြတာပါ။

သာသနာပိုင်ဆရာတော်ကြီး Bishop Felix မှလည်း ၁ နာရီ ၃၀ မိနစ်ကြာ ပို့ချလမ်းညွန်မှုပေးခဲ့ပြီး ဓမ္မဆရာများမှာလည်း အားရ ၀မ်းသာဖြစ်ရကြောင်း၊

၎င်းအပြင်၊ အိမ်ရှင်ကျောင်းထိုင်ဘုန်းတော်ကြီးမှလည်း ဦးဆောင်မှုပညာဖြင့် ခမ်းပတ်ဇုံလူငယ်များကို တစ်ရက်တာသင်တန်းလည်းပို့ချခဲ့သေးတယ်လို့ဆိုပါတယ်။

ဒီသင်တန်းလေးနဲ့ ပတ်သက်ပြီးဆက်သွယ်မေးမြန်းခဲ့ရမှာတော့

"ကျွန်တော်တို့ ခမ်းပတ်ဇုံ သာသနာမှာ ဘုန်းတော်ကြီး ၆ ပါး၊ သီလရှင် ၂၈ ပါးသာသနာပြုလျှက်ရှိပါတယ်။ ဓမ္မဆရာတွေ ၄၀ ကျော်ရှိတယ်။ သူတို့အတွက်က လစာလည်း ၅ သောင်းလောက်ပဲ ကျွန်တော်တို့ ပေးနိုင်တော့ စားဝတ်နေရေး အတွက် ရုန်းကန်နေရတဲ့ အတွက် ကြောင့် ဘာသာရေး နင့် မိသားစုလအတွက် လိုအပ်သလို မလုပ်ဆောင်နိူင်တာ သူတို့မိသားစုအတွက် ခက်ခဲကြတာ၊ သာသနာပြုရာမှာ လမ်းပန်း ဆက်သွယ်ရေးမကောင်းတာ ဒါတွေကြုံတွေ့ကြရတယ်။ တချို့ဓမ္မဆရာတွေဆို သူတို့ကလေးတွေရဲ့ပညာရေးတောင် မနည်းဖြည့်ဆည်းပေးနေကြရရှာပါတယ်" လို့ ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr.Cyril Paupeek က အာဗီအေမြန်မာနဲ့ အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။

ရဟန်းမရှိတဲ့နေရာများမှာ ဓမ္မဆရာများဟာ ပါစတာ တစ်ဉီးကဲ့သို့ သိုးများကို ဉီးဆောင်ရတာကြောင့် သူတို့အတွက် လိုအပ်တဲ့ မွမ်းမံသင်တန်း ကို ပြုလုပ်ပေးတာဖြစ်ပါတယ်။ အရင်သင်တန်းတွေက ဆုံးဖြတ်ချက်တွေကိုလည်း အကောင်အထည်ဖော်နိုင်မဖော်နိုင်ဆိုတာဆွေးနွေးကြတယ်လို့လည်း သင်တန်းပြုလုပ်ရတဲ့ရည်ရွယ်ချက်ကိုဖာသာရ်က ​ေ၀ငှခဲ့ပါတယ်။

ဓမ္မ ဆရာ ဖြစ်လိုသူဟာ ကျောင်း ထိုင် ဘုန်းကြီး စီ မှ တစ်နိုင်ငံလုံး ဆိုင်ရာ ဓမ္မ ဆရာဖြစ် သင်တန်း လျှောက်လွှာ Form ဖြည့်ပြီး လျှောက်ရတာဖြစ်ကြောင်း၊ အတန်းပညာသတ်မှတ်ထားခြင်းမရှိသော်လည်း ကျောင်းထိုင်ဘုန်းကြီးမှ စီစစ်ပြီးမှသာလျှင်သင်တန်းပို့ပေးခြင်းဖြစ်​တယ်လို့ဆိုပါတယ်။

ခမ်းပတ်ဇုံမှာ ဘာသာ၀င် ၅၀၀၀ ကျော်ရှိပြီး ဇုံနယ်အလိုက်ဓမ္မဆရာသင်တန်းကိုတော့ ၂ နှစ်လျှင်တစ်ကြိမ်ပြုလုပ်လေ့ရှိတယ်လို့ဆိုပါတယ်။

ခမ်းပတ်မြို့ဟာ ကလေး-တမူး-အိန္ဒိယ နယ်စပ် မိုးရေး သွားတဲ့လမ်းပေါ်မှာတည်ရှိတာဖြစ်ပြီး ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာလက်အောက်မှာရှိတဲ့ သာသနာနယ်တစ်ခုလည်းဖြစ်ပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

(Veronica Hawm Cing မှ RVA Tedim page မှ သတင်းအချက်အလက်အချို့အားဘာသာပြန်ကူပေးပါသည်)။

Photo courtesy: RVA Tedim.

Add new comment

1 + 2 =