ကမ္ဘောဒီးယားဆရာတော်က ရဟန်းမင်းကြီး၏ဘေနေဒစ် (၁၆) ၏ခြေရာတော်ကိုလိုက်ကြရန်တိုက်တွန်း

ကမ္ဘောဒီးယားဆရာတော်က ရဟန်းမင်းကြီး၏ဘေနေဒစ် (၁၆) ၏ခြေရာတော်ကိုလိုက်ကြရန်တိုက်တွန်း

ကမ္ဘောဒီးယားဆရာတော် Olivier Schmmitthaeusler က မိမိ၏ဘာသာတူများအား ရဟန်းမင်းကြီးဘေနေဒစ် (၁၆) ၏ယုံကြည်အသက်တာကိုပုံအတုယူကြရန် ရဟန်းမင်းကြီးဘေနေဒစ် (၁၆) ၏အောက်မေ့ဖွယ်မစ္ဆားတရားပူဇော်ချိန်၌တိုက်တွန်းခဲ့သည်။

မစ္ဆားတရားကို ဇန္န၀ါရီလ (၁) ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံ၊ Kandal၊ ပြည်နယ်၊ Lvea Em ခရိုင်ရှိ ‘ငြိမ်းချမ်းခြင်း၏ သခင်မ’ ဘုရားကျောင်းတွင်ပူဇော်ခဲ့သည်။ ချစ်ခြင်းလမ်းစဉ်ကိုလိုက်ကြပါစို့။ ကျွန်ုပ်တို့၏အသက်တာကိုလည်း အခြားသူများ၏အ ကျိုးအမြတ်အတွက်ပေးလှူ၀ံ့ကြပါစို့။ ဘုရားသခင်ဆီသို့ တစ်စိုက်မတ်မတ်ဦးတည်လျှောက်လှမ်းခြင်းသည် ပြည့်၀သောပျော်ရွှင်မှုကိုအမှန်တကယ်ပေးသည်။

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) ၏လမ်းညွှန်ချက်သည် ကက်သလစ်ဘာသာတူများအားအဖွဲ့အစည်းနှင့်ယုံကြည်ခြင်းခိုင်မာစွာရှင်သန်ရန်လမ်းပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ချစ်ခြင်းဖြစ်၏။ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏အသက်တာကိုထွန်းလင်းပေးသည်။ ကျွန်ုပ်တို့အသက်တာ၏သမ္မာတရားဖြစ်သည်။ ယေဇူးသခင်သာလျှင်ကျွန်ုပ်တို့အားကယ်တင်ပေးနိုင်သည်။ ချစ်ခြင်းအစွမ်းသည် ကမ္ဘာပေါ်ရှိမကောင်းမှုနှင့်ရက်စက်မှုများကိုအောင်မြင်နိုင်သည်။

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) ၏အတွေးအခေါ်များ၊ အသက်တာနှင့်လုပ်ဆောင်ချက်များသည် အတိုချုံးအကျဉ်းရုန်းလေးပြော၍မပြီးပေ။ အဆိုပါမစ္ဆားတရားပူဇော်ရာ၌ ဂျာမဏီနှင့်ပြင်သစ်နိုင်ငံ၏သံ အမတ်များ၊ ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေးမှုနှင့်သာသနာရေး၀န်ကြီး၏အတွင်းရေးမှူးနှင့်ကက်သလစ်ဘာသာတူများစွာပါ၀င်ပူဇော်ခဲ့ကြသည်။

ရဟန်မင်းကြီးဘေနေဒစ် (၁၆) က ‘ကျွန်ုပ်တို့၏ကမ္ဘာကြီးအား ပြန်လည်ရှင်သန်လာစေလိုလျှင်လည်းကောင်း၊ ကမ္ဘာကြီးကိုကယ်တင်စေလိုလျှင်လည်းကောင်း နည်းလမ်းတစ်ခုတည်းသာရှိသည်။ ထိုလမ်းမှာ ဘုရားသခင်ကိုဦးစွာရှာတွေ့ရမည်’ ဟုဆိုသော ရဟန်းမင်းကြီး၏စကားကိုကိုးကားခဲ့သည်။ ထို့အတူ သူတို့သည် ဘုရားသခင်ကိုနှလုံသားထဲသို့ကြိုဆိုတတ်ရမည်။ ဘုရားသခင်၏ချစ်ခြင်းကို‌အခြားသူများနှင့်‌ေ၀မျှတတ်လျှင်စစ်မှန်သောပျော်ရွှင်ခြင်းလမ်းကြောင်း၌လျှောက်လှမ်းနိုင်မည် ဖြစ်သည်။

ဆရာတော်သည် ရဟန်း မင်းကြီဘေနေဒစ် (၁၆) ထံမှအထူးလက်ဆောင်ရခဲ့ဖူးကြောင်း သူ့အား ဖနွမ်းပင်၏ လက် ထောက်ဆရာ တော်အဖြစ် (၂၀၀၉) ခုနှစ်ကခန့်အပ်ခဲ့ပြီး သာသနာပိုင်အဖြစ် (၂၀၁၀) တွင်ရွေးချယ်ခဲ့သည်။ ဗာတီကန် အစည်းအ‌ေ၀းကြီးကျင်းပခဲ့သည့် (၅၀) နှစ်ပြည့်နှစ်ပတ်လည်နေ့နှင့် ‘စီစီစီ’ ဟုလူသိများပြီး နောက်ဆုံးပုံနှိပ်ထားသောဘုရားစကားစာအုပ် (Catechism of the Catholic Church) ပုံနှိပ်ထုတ်‌ေ၀သည့် နှစ် (၂၀) ပြည့်နှစ်ပတ်လည်အတွက် (၂၀၁၃) ခုနှစ်က ကမ္ဘောဒီးယားကက်သလစ်သာသနာသည် ရဟန်းမင်း ကြီးဘေနေဒစ် (၁၆) အနားမယူမီ၌ ၎င်းထံမှဗွီဒီယိုသတင်း စကားကိုလက်ခံရရှိခဲ့သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3wiSAxC
 

Add new comment

2 + 16 =