ကမ္ဘာနှင့်တဝှမ်းဆုတောင်းရာဗုဒ္ဓဟူးနေ့ နှင့် အထူးကောင်းကြီးမင်္ဂလာ သောကြာနေ့ ကို ပုပ်ဖရန်စစ် ကြေငြာ

ကမ္ဘာနှင့်တဝှမ်းဆုတောင်းရာဗုဒ္ဓဟူးနေ့ နှင့် အထူးကောင်းကြီးမင်္ဂလာ သောကြာနေ့ ကို ပုပ်ဖရန်စစ် ကြေငြာ

ကမ္ဘာနှင့်တဝှမ်းဆုတောင်းရာဗုဒ္ဓဟူးနေ့ နှင့် အထူးကောင်းကြီးမင်္ဂလာ သောကြာနေ့ ကို ပုပ်ဖရန်စစ် ကြေငြာ

ကိုရိုနာဗိုင်းရပ်စ် အမြန်ဆုံးရပ်တန့်ရန်အတွက် လာမည့် ဗုဒ္ဓဟူးနေ့ မတ်လ ၂၅ ရက်နေ့တွင် ကောင်းကင်ပုံ၌မေတ္တာကို အတူတကွ ရွတ်ဆိုဆုတောင်းကြသောနေ့ အဖြစ် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ကမ္ဘာတဝှမ်း ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များအား တနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းအစီအစဉ် မှာ ဖိတ်ခေါ်ကြေငြာလိုက်ပါတယ်။
ကောင်းကင်ပုံမေတ္တာကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဆိုနိုင်မျှ ခဏခဏဆိုပြီး ဆုတောင်းကြရအောင် ဒါပေမယ့် အတူတကွ ရွတ်ဆိုဆုတောင်းဘို့ နေ့လည် မွန်းတည့်ချိန်မှာ ဆိုကြရအောင်လို့ အရှင်သူမြတ်ပုပ်ဖရန်စစ်က ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

လာမည့်သောကြာနေ့ မတ်လ ၂၇ ရက် နေ့မှာလည်း Urbi et orbi ခေါ် သည့် ရောမမြို့တော်နှင့် ကမ္ဘာတဝှမ်းအားပေးသည့် အထူးကောင်း​ကြီးမင်္ဂလာကိုလည်းပေးမည်ဖြစ်​ကာ စုံလင်သောအပြစ်ဒဏ်ခွင့်လွှတ်ခြင်း plenary indulgence လည်းပါ၀င်နိုင်မည်ဖြစ်ကြောင်း

အထက်ပါ အထူးကောင်းကြီးမင်္ဂလာကို ရောမစံတော်ချိန် ညနေ ၆:၀၀ နာရီတွင် စိန့်ပီတာဘာဆီးလီးကားကျောင်းတော်ကြီး၏ အပြင်ဘက်၊ အရှင်သူမြတ်ပုံမှန် ဘုရားဖူးပရိတ်သတ်များနှင့်တွေ့ဆုံသည့်နေရာတွင် ပေးမည်ဖြစ်ကြောင်း စိန့်ပီတာရင်ပြင်တော်တွင် ပရိတ်သတ်များမရှိပေမယ့် ကိုယ်တော်မြတ်ကိုးကွယ်ခြင်းရှိမည်ဖြစ်ကြောင်း

ကမ္ဘာတဝှမ်းဖြစ်ပွားပျံ့နှံ့နေတဲ့ဒီကပ်ရောဂါကို ကျွန်ုပ်တို့အနေနဲ့ ကမ္ဘာတဝှမ်းပြသတဲ့ သိမ်မွေ့ခြင်း၊ ကြင်နာသနားခြင်းနှင့် ဆုပေါင်းဆုတောင်းခြင်းတို့နဲ့ အတူ တုန့်ပြန်လိုတာဖြစ်ပါတယ်လို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရင်သူမြတ်က ဒီနေ့ တနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာရွတ်ဆိုရာမှာ မြွက်ကြားဖိတ်ခေါ်ခဲ့သည်ကို Rome Reports သတင်းအရ သိရှိရပါတယ်။

 

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo Credit: Vatican News

✍️ ကျေးဇူးပြု၍ Like ပါ၊ Share ပါ၊ Comments ပေးပါ။ 

 

Add new comment

12 + 3 =