ကမ္ဘာကြီးပေါ်တွင် ခရီးပြုနေသည့် အမိအသင်းတော်ကြီးသည် သာသနာပြုလုပ်ငန်းကို အစဉ်တည်မြဲစွာ လုပ်ဆောင်သည့် အခြေအနေ၌ ရှိနေပါစေ

ကမ္ဘာကြီးပေါ်တွင် ခရီးပြုနေသည့် အမိအသင်းတော်ကြီးသည် သာသနာပြုလုပ်ငန်းကို အစဉ်တည်မြဲစွာ လုပ်ဆောင်သည့် အခြေအနေ၌ ရှိနေပါစေ

အီတလီနိုင်ငံ Alessandria သာသနာနှင့် Spoleto-Norcia သာသနာတို့မှ ယုံကြည်သူ ၁၅၀၀ တို့ကို ပါပါးဖရန်စစ်မှ ကြိုဆိုနှုတ်ဆက်ရာတွင် ခရစ်ယာန်ဘဝသက်တာ အတွက် ကိုယ်တော်မြတ် စက္ကရမင်တူး​၏ အရေးကြီးမှုကို ပြောကြားခဲ့သည်။

ရှေ့ဆက်လှမ်း နေသည့် အသင်းတော် (Synodal) ခရီးစဉ်ဖြစ်သည့် ညီရင်းအကို စိတ်ဓါတ်ဖြင့် တသားတည်းတည်ရှိရန် လိုအပ်ကြောင်းကို အမှတ်ရစေလျက် နေ့စဉ်ဘဝသက်တာတွင် ယေဇူးသခင်ကို သက်သေခံနိုင်သူများ ဖြစ်စေရန် ခေါ်တော်မူခြင်းခံရကြောင်း ပြောကြားခဲ့သည်။

ပါပါးဖရန်စစ်သည် အီတလီနိုင်ငံရှိ သာသနာနှစ်ခုမှ ကိုယ်တော်မြတ် ခရစ္စမားရရှိရန် ပြင်ဆင်နေကြသူများ၊ ခရစ္စမားအားပေးခြင်း ခံယူပြီးသူများ နှင်ဘာသာဝင်ယုံကြည်သူများကို စနေနေ့က the Paul VI ခန်းမတွင် တွေ့ဆုံခဲ့သည်။

Alessandria သာသနာအုပ်စုအနေနှင့် ဤဘုရားဖူးခရီးစဉ်သည် ရဟန္တာ Pius V ​၏ ကွယ်လွန်ခြင်း ၄၅၀ နှစ်ပြည့် အထိမ်းအမှတ် ဖြစ်ပြီး ထိုရဟန္တာသည် အသင်းတော်ကြီးကို ပြန်လည်ပြုပြင်ရာတွင် သတ္တိပြောင်မြောက်သည့် ရွေးချယ်မှု့များကို လုပ်ဆောင် ခဲ့ကြောင်း ရဟန်းမင်းကြီးက ထောက်ပြပြောဆိုခဲ့သည်။ ထိုအချိန်မှစ၍ အသင်းတော်​၏ အုပ်ချုပ်မှု ပုံစံလည်း ပြောင်းလဲလာခဲ့ကြောင်း ၊သူ့ဘဝ​၏ကြောရိုးသည် ယုံကြည်ခြင်းပင်ဖြစ်၍ သူ​၏သွန်သင်ချက်များသည် ယနေ့ခေတ်ကာလအတွက် အရေးကြီးကြောင်း ပါပါးကအခိုင်အမာ ပြောဆိုခဲ့သည်။

အမှန်တရားကိုရှာဖွေသူများဖြစ်နိုင်ရန် ကျွန်ုပ်တို့ဖိတ်ခေါ်ခံရပြီး ယေဇူးသခင်သည်စင်္ကြာဝဋာ တခုလုံးအတွက်သာမက တဦးချင်းစီအတွက်လည်း အမှန်တရားပင်ဖြစ် ကြောင်း၊ ထိုကဲ့သို့ ထိတွေ့ခံစားနိုင်ရန်အတွက်လည်း အသင်းတော်ကြီး နှင့် ခရစ်ယာန်အသိုင်းအဝိုင်းများ​၏ နေ့စဉ် ဘဝသက်တာ ကိုရှာဖွေ ရင်း အတွေ့ အကြုံရရှိရန်သည့် စိန်ခေါ်မှုပင် ဖြစ်ကြောင်း ၊ ဤရှာဖွေမှု သည်လည်း ဘုရားရှင်​၏ နှုတ်တော်ထွက် စကားများမှ စတင်လာပြီး တဦးခြင်းအလိုက် စမ်းစစ်ခြင်းမှ သာလျှင် ဖြစ်ပေါ်လာပါကြောင်း ပါပါးက ပြောကြားခဲ့သည်။

နှုတ်ကပါတ်တော်စကားကိုကြားနာခြင်းသည် ယေဇူးသခင်ကို သိရှိနားလည်နိုင်စေရန် ကူညီပေးပြီး လူမှုအသိုင်းအဝိုင်းကို ဝေမျှခြင်း နှင့်ချစ်ခြင်းမေတ္တာတို့ဖြင့် ချည်နှောင်လျက် တည်ဆောက်စေ နိုင်ကြောင်း ၊ နှုတ်တော်ထွက်စကားသည် အထူး သဖြင့် ကိုယ်တော်မြတ် စက္ကရင်မင်တူးကို ကျင်းပရာ၌ သက်ဝင်လာကြောင်း ပုပ်ရဟန်းမင်းကြီးက ဆက်လက် ပြောကြားခဲ့သည်။

ဆုတောင်းခြင်းသည် အသင်းတော်ကြီး​၏ သာသနာပြု လုပ်ငန်းကို ကူညီလျက်ရှိသည်

ရဟန်းမင်းကြီးက ရှင်းပြသည်မှာ " ဝတ်ပြုဆုတောင်းခြင်းသည် ကျွန်ုပ်တို့ကို ပြောင်းလဲပေး
နိုင်ပြီး ခရစ်တော်​၏ဘဝအခြေအနေသို့ ပို့ဆောင်ပေးသည်။ ဆက်လက်ပြီး ရဟန္တာ Pius V ​၏ ဆုတောင်းခြင်းကို မြှင့်တင်ရန် အားစိုက်ထုတ်ခဲ့မှု ၊ အထူးသဖြင့် စိတ်ပုတီးစိတ်ခြင်း နှင့် တမန်တော်ကြီးများ​၏ ယုံကြည်ခြင်း အချုပ် မေတ္တာသည် အသင်းတော်​၏ခရီးစဉ်အပေါ်ပုံရိပ်ကို ကျွန်ုပ်တို့အား မည်ကဲ့သို့ ပြန်လည်ပေးအပ်ကြောင်း အလေးထားပြောကြားခဲ့ပြီး ထိုမေတ္တာထဲတွင် သာသနာပြုခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ​၏ အခြေခံအချက်များကို စုစည်းထားကြောင်း တွေ့ရှိရ၍ ခွန်အားနှင့်ပြည့်ဝသည့် အသင်းတော်ပင်ဖြစ်ကြောင်း ၊ ကျွန်ုပ်တို့အနေနှင့် ရှေးဦးခရစ်ယာန်များသည် တမန်တော်ကြီးများ​၏ သင်ကြားချက်များကို မည်ကဲ့သို့ထိန်းသိမ်းခဲ့ကြောင်း မိသဟာရဖွဲ့ခြင်းနှင့် ပေါင်မုန့်ကိုမည်ကဲ့သို့ ဖဲ့၍ ဆုတောင်းခဲ့ပုံများကို လေ့လာဖတ်ကြားနိုင်ကြောင်း ပြောကြားခဲ့သည်။

ဆရာတော်ကြီးများ ၊ရဟန်းတော်များ နှင့် သာသနာအတွင်းမှ လူဝတ်ကြောင်ယုံကြည်သူများအားလုံးတို့သည်လည်း ညီရင်အကိုကဲ့သို့သော ဆက်ဆံရေးများကြီးထွားလာစေရန် အသင်းတော်ကြီး​၏ (Synodal) ခရီးစဉ် အတိုင်းရှင်သန်ခြင်းသည် အရာရာတိုင်း၌ အောင်မြင်ရန် ဘုရားရှင်​၏ ကောင်းချီးမင်္ဂလာကို ယူဆောင်ပေးပါကြောင်း Alessandria သာသနာမှာ ဘာသာဝင်ယုံကြည်သူများအား ပါပါးက ပြောကြားခဲ့သည်။

ဆေးကြောခြင်းမင်္ဂလာ နှင့် ခရစ္စမားအားပေးခြင်း စက္ကရင်မင်တူး

Spoleto-Norcia မှ လူငယ်ဘုရားဖူးလေးများကို မိန့်ခွန်းပြောကြားရာတွင်မူ " ခရစ္စမားအားပေးခြင်းစက္ကရင်မင်တူး မင်္ဂလာဆိုသည်မှာ ခရီး လမ်းစဉ် တခုပင်ဖြစ်ကြောင်း၊ အကြောင်းမှာ ဤစက္ကရင်မင်တူးသည် ခရစ်တော်​၏ ပထမဦးဆုံးသော တပည့်တော်ကြီးများ​၏ အတွေ့အကြုံများကို ပြန်လည်ရှင်သန်နေထိုင်ခြင်းပင် ဖြစ်သောကြောင့်တည်း။ ခရစ္စမားအားပေးခြင်းမှ ရရှိလာသောအမည်ကို မိမိ​၏ ဆေးကြောခြင်းအမည်ရှေ့တွင် ပေါင်းထည့်ခေါ်ဆိုနိုင်ကြောင်း" ရှင်းပြခဲ့ပြီး မိမိတို့​၏ ဆေးကြောခြင်းမင်္ဂလာခံယူ ခဲ့ကြရသည့်နေကို မှတ်မိပါသေးသလားဟု လည်း
မေးခွန်းထုတ်ခဲ့သည်။

သက်ရှိ ကျောက်တုံးများ

"သင်တို့ လူငယ်လေးများသည် ငလျင်ဒါဏ် ကြောင့် ဖျက်ဆီးခြင်းခံရသည့် အရပ်ဒေသမှ လာရောက်ကြသူများဖြစ်သည့်အားလျော်စွာ ခိုင်မာသော မြေကြီးပေါ်တွင်တည်ဆောက်ထားသည့် မပြိုလဲနိုင်သည့် အိမ်တခုရှိရင် အရေးကြီးကြောင်းကို ကောင်းစွာနားလည်နိုင်ကြောင်း " ပါပါးက အောက်မေ့သတိရပြောကြားပြီး ၊ရှေးဟောင်းဘုန်းတော်ကြီးကျောင်း St.Eutizio မှ ယူဆောင်လာကြသည့် ကျောက်တုံးကို ကောင်း ချီးပေးရန် တောင်းဆိုရာတွင် ဤကျောက်တုံးသည် ပြန်လည်တည်ဆောက်ခြင်း သင်္ကေတ တခု ဖြစ်လာပါမည့်အကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

အဆုံးသတ်အနေနှင့် " သင်တို့သည်လည်း ခရစ်ယာန်အသိုင်းအဝိုင်းကို တည်ဆောက်ရာတွင် သက်ရှိကျောက်တုံးများ ဖြစ်လာစေရန် သင်တို့တဦးတယောက်တိုင်းကို ကျွန်ုပ်ကောင်းချီးပေးပါ​၏ ၊ မိသားစုအခုတွင်းမှ သက်ရှိကျောက်တုံးများ၊ သာသနာအုပ်စုတခုအတွင်းရှိသက်ရှိကျောက်တုံးများ၊ သူငယ်ချင်းမိတ်ဆွေအသိုင်းဝိုင်း တခုအတွင်းမှ သက်ရှိကျောက်တုံးများ၊ အားကစားဆိုင်ရာ သက်ရှိကျောက်တုံးများ အစရှိသဖြင့် ဖြစ်လာကြနိုင်စေရန် ကောင်းချီးပေးပါသည်" ဟု ပါပါးက အဆုံးသတ် ပြောကြားခဲ့သည်။ သက်ရှိကျောက်တုံးများဖြစ်လာ ရန်အတွက်မူ သန့်ရှင်းသောဝိညာဉ္တော် ​၏ခွန်အားတန်ခိုးတော်အားဖြင်သာလျှင် ဖြစ်နိုင်မည် ဖြစ်ပြီး ထိုဝိဉာဏ်တော်​၏ ကျေးဇူးတော်ကြောင့် ဆေးကြောခြင်းအားဖြင့် ဘုရားရှင်​၏ သားသမီးဖြစ်ခွင့်နှင့် ခရစ္စမားအားပေးခြင်း မင်္ဂလာ အားဖြင့် အသင်းတော်​၏ အသင်းသားဖြစ်ခွင့်ကို အသေချာ ခိုင်မာစေတော်မူသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3qQKdGO

Add new comment

1 + 0 =