ကက်သလစ် အသင်းတော် ‌သွန်သင်ချက် ပေါင်းချုပ်  ၏ ဖခင် ပုပ်ဘက်နဒစ် ၁၆ 

ကက်သလစ် အသင်းတော် ‌သွန်သင်ချက် ပေါင်းချုပ်  ၏ ဖခင် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ 

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သည်ကက်သလစ် အသင်းတော် ‌သွန်သင်ချက် ပေါင်းချုပ် (ကက်သယ်ကစ်ဇင်) ၏ ဖခင် (‘Father of Catechism of the Catholic Church’) ဖြစ်သည်။

၁၉၉၂ ခုနှစ်တွင် ထုတ်ပြန်နိုင်ခဲ့သည့် ကက်သလစ် အသင်းတော်၏ သွန်သင်ချက် အလုံးစုံ ပေါင်းချုပ်စာအုပ် (1992 Catechism of the Catholic Church, a compendium of Catholic doctrine for our own times) အား ပြုစုရာတွင် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ အခန်းကဏ္ဍအား ဗီယန်းနာ ဂိုဏ်းချုပ်ဆရာတော် ဖြစ်သူ သြစတြီးယား ကာဒီနယ် Christoph Schönborn သည် ပြန်ပြောင်း ပြောပြခဲ့သည်။

ကက်သလစ် အသင်းတော်၏ သွန်သင်ချက် - ကက်သယ်ကစ်ဇင် (Catechism of the Catholic Church) သည် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ ကြီးမြတ်သော အမွေအနှစ်များမှ တစ်ခု ဖြစ်သည်။

Council of Trent ထရန့် ကောင်စီ - အသင်းတော် ညီလာခံ ကဲ့သို့ မဟုတ်ဘဲ Vatican Council II ဒုတိယမြောက် ဗာတီကန် ‌ကောင်စီ အပြီးတွင် ဗာတီကန် ၂ ၏ သွန်သင်ချက် Catechism of the Council အား ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ တနည်းအားဖြင့် ဆိုရလျှင် အသင်းတော် ကောင်စီ ညီလာခံများ၏ စာချွန်တော် ထုတ်ပြန်ချက်များအား အသင်းတော်၏ သွန်သင်ချက် (Catechism) အဖြစ် မှတ်ယူနိုင်ပေသည်။

သို့သော် ဗာတီကန် ကောင်စီ ၂ အပြီး နှစ်ပေါင်း ၂၀ အကြာတွင် ကက်သလစ် ဘာသာဝင်များသည် မတူကွဲပြားသည့် ပုံစံဖြင့် ယုံကြည်ဆောင်ရွက်နေကြသည်ကို သတိပြုမိပေသည်။ ၁၉၈၅ ခုနှစ်၊ ဆရာတော် ဘိရှော့များ အစည်းအဝေး 1985 Synod of Bishops အပြီးတွင် ရဟန်းမင်းကြီးအား တင်ပြချက်များ ရှိခဲ့ပြီး ၎င်းတောင်းဆိုတင်ပြချက်များမှ တစ်ခုမှာ ဗာတီကန် ကောင်စီ ၂ ၏ သွန်သင်ချက်များအား စုစည်းထုတ်ပြန်ရန် ဖြစ်ပါသည်။ ဆရာတော်ကြီးများ တောင်းဆိုခဲ့သည်မှာ Compendium အသင်းတော် သွန်သင်ချက် ပေါင်းချုပ် စာအုပ်တစ်အုပ် ထွက်လာရန် ဖြစ်သည်။ ကနဦးတွင် Catechism ဟူသည့် စကားလုံးအား ရှောင်ရှားခဲ့သည်။ ၎င်းအား ပုံစံတကျ စီစဉ်ခြင်း မရှိသေးပေ။ ဗာတီကန် ကောင်စီ ၂ အပြီးတွင် လုပ်ကိုင်ရသည်မှာ စနစ်ကျမှု မရှိခဲ့ပေ။ ကာဒီနယ် ရက်ဇင်ဂါ (ပုပ်ဘက်နဒစ်) မှာ ၁၉၈၃ ခုနှစ်၌ လီယွန်မြို့နှင့် ပါရီမြို့တို့တွင် “အသင်းတော် သွန်သင်ချက် ပေါင်းချုပ် မရှိခြင်း၏ အကျပ်အတည်း” (“The Crisis of Catechesis”) အမည်ဖြင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကာ ထိုသို့သော ဖရိုဖရဲ အခြေအနေအား ထောက်ပြသည်။ ထိုသို့ ကာဒီနယ် ရက်ဇင်ဂါ၏ ဆွေးနွေးမှုအား ကမ္ဘာအဝှမ်း ကြားသိလာခဲ့သည်။

ကက်သလစ် ယုံကြည်ခြင်းအား သွန်သင်ရာတွင် ကက်သယ်ကစ်ဇင် (သွန်သင်ချက် ပေါင်းချုပ်) မရှိခြင်းကြောင့် အကျပ် အတည်းများ ရှိလာသည်ကို ဖော်ကျူးခဲ့ရုံမျှမက အသင်းတော်၏ သွန်သင်ချက် ပေါင်းချုပ်အား မည်သို့ ပြန်လည်ဆန်းသစ်စွာ ရေးဆွဲနိုင်ကြောင်းကို ပရိုဂရမ်ဖြင့် အသေးစိတ် အကြံပြုခဲ့သည်။ အဆုံးသတ်တွင် ‌၁၅၆၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ရောမ ကက်သယ်ကစ်ဇင် atechismus Romanus (အသင်းတော် သွန်သင်ချက် ပေါင်းချုပ်) အား ကိုးကားခဲ့ကာ အသင်းတော် သွန်သင်ချက်အား အငြင်းပွား အခြေအတင် ဖြစ်ခြင်း မရှိဘဲ အမိအသင်းတော်၏ ယုံကြည်ခြင်းကို လှပစွာ ဖော်ကျူးရေးသားနိုင်သည့် ပုံစံအား တင်ပြခဲ့သည်။ အမှန်တကယ်တွင် သီသြလော်ဂျီနှင့် ဆက်စပ်၍ အခြေအတင် အငြင်းပွားမှု controversy အလွန်များပြားသည့် ယနေ့ ခေတ်အခါတွင် အသင်းတော်၏ ယုံကြည်ရာအချက်အား အခြေအတင် အငြင်းပွားမှု controversy မပါဝင်ဘဲ၊ အပြုသဘောဆောင်သည့် ရှုထောင့်ဖြင့် ရေးသားထုတ်ဝေနိုင်ရေးအား အသင်းတော် အနေဖြင့် အဆိုပြုနေခဲ့ခြင်း ဖြစ်သည်။

လိုင်ယွန်မြို့နှင့် ပါရီမြို့တွင် ကျင်းပခဲ့သည့် ကာဒီနယ် ရက်ဇင်ဂါ (ပုပ်ဘက်နဒစ်)၏ ကွန်းဖရန့် ဆွေးနွေးမှုကြောင့် ဆရာတော် Synod မှ အကြီးအကဲများက ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ အား ယနေ့ခေတ်အခါ အတွက် အသင်းတော် သွန်သင်ချက် ပေါင်းချုပ်အား စနစ်တကျ ရေးဆွဲရန် တိုက်တွန်းခဲ့ကြသည်။

၁၉၈၆ ခုနှစ်တွင် ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလ်လုသည် ဆရာတော်ကြီးများ အစည်းအဝေး Synod ၏ တောင်းဆို ချက်အား စနစ်တကျ အရေးယူ ဆောင်ရွက်မှုများ ရှိလာသည်။

အသင်းတော် သွန်သင်ချက် ပေါင်းချုပ်အား ရေးဆွဲမည့် စီမံကိန်းကြီး အတွက် အသင့်တော်ဆုံး ပုဂ္ဂိုလ်ဖြစ်သူ ကာဒီနယ် ရက်ဇင်ဂါအား ပုပ်ဂျွန်ပေါလ် ၂ က တာဝန်ပေးခဲ့သည်မှာတော့ အံ့အားသင့်စရာ မရှိပေ။

အသင်းတော် သွန်သင်ချက် ပေါင်းချုပ် (ကက်သယ်ကစ်ဇင်) အား ရေးဆွဲရန် ကာဒီနယ်/ ဘိရှော့ စုစုပေါင်း ၁၂ ဦးပါ ကော်မရှင် တစ်ရပ်အား ဖွဲ့စည်းခဲ့ကာ ကာဒီနယ် ရက်ဇင်ဂါက ဦးဆောင်သည်။

ကာဒီနယ် ရက်ဇင်ဂါသည် ၎င်းကော်မရှင်နှင့်အတူ အသင်းတော် သွန်သင်ချက် ပေါင်းချုပ်အား ၆ နှစ်တာ အချိန်ယူပြီး ရေးဆွဲနိုင်ခဲ့သည်။

Diocesan သာသနာနယ် ၇ ခုမှ ဘိရှော့ဆရာတော်များ ပါဝင်သည့် တည်းဖြတ်ရေး ဘုတ်အဖွဲ့အား ဖွဲ့စည်းခဲ့ကာ ကျွန်ုပ်သည် ထိုအချိန်က အတွင်းရေးမှူး တာဝန်ထမ်းဆောင်ရသည်။

ထိုလုပ်ငန်းစဉ်ကြီး အလုပ်ဖြစ်ရန် အလို့ငှာ ကာဒီနယ် ရက်ဇင်ဂါ၏ စွမ်း‌ဆောင်ချက်များကို သိရှိရန် အရေးကြီးပါသည်။

ကာဒီနယ် ရက်ဇင်ဂါ၏ လမ်းညွှန်ချက်၊ ဝိညာဉ်ရေး ခံယူချက်နှင့် စိတ်ဓာတ်ခွန်အားတို့မှာ ပြတ်သားလှပါသည်။ အရေးအကြီးဆုံးမှာ ကာဒီနယ် ရက်ဇင်ဂါ ကိုယ်တိုင် အသင်းတော် သွန်သင်ချက် ပေါင်းချုပ်အား အမှန်တကယ် ယုံကြည်လက်ခံပါသည်။ သွန်သင်ချက်ပေါင်းချုပ် ရေးဆွဲရေး အတွက် ဖွဲ့စည်းထားသော ကော်မရှင် အစည်းအဝေး စတင်သည့် ပထမနေ့တွင်ပင် ဤပေါင်းချုပ်အား ကမ္ဘာအဝှမ်းတွင် အသုံးချရန် သင့်တော်သည့် စာအုပ်အဖြစ် ရွေးဆွဲ၍ ရနိုင်မရနိုင်ကို အခြေအတင် ပြင်းပြင်းထန်ထန် ဆွေးနွေးကြသည်။

ကမ္ဘာအရပ်ရပ်ရှိ မတူကွဲပြားသည့် ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှု ‌နောက်ခံ အခင်းအကျင်းများကြောင့် ကမ္ဘာအဝှမ်း ခြုံငုံသည့် ကက်သလစ် သွန်သင်ချက် ပေါင်းချုပ် တစ်အုပ်တည်းဖြင့် ရေးသား၍ ရနိုင်မရနိုင်ကို အခြေအတင် ဆွေးနွေးကြသည်။

ကာဒီနယ် ရက်ဇင်ဂါကတော့ ထိုသို့ တစ်အုပ်တည်း ရေးသားနိုင်ရန် ဖြစ်နိုင်သည်ဟု ယုံကြည်သလို လုပ်နိုင်စွမ်း ရှိကြောင်းကိုလည်း ပြသခဲ့သည်။

ကက်သလစ် ယုံကြည်ခြင်းမှာ စည်းလုံးညီညွတ်စွာတပေါင်းတစည်းတည်း တည်ရှိသည်ဖြစ်ရာ ထိုသို့ မကွဲပြားသော စည်းလုံးညီညွတ်သည့် ကက်သလစ် ယုံကြည်ခြင်းအား ပုံဖော်ရာ၌ တစုတစည်းတည်း ပုံဖော်လျှင် ဖြစ်နိုင်သည်ဟု ကာဒီနယ် ရက်ဇင်ဂါက ယုံကြည်သည်။

ထိုသို့ နားလည်လက်ခံလိုက်သည်နှင့် တပြိုင်နက် ကာဒီနယ် ရက်ဇင်ဂါသည် ၎င်းစီမံကိန်းကြီးအား စတင် ဆောင်ရွက်ခဲ့သည်။

ကာဒီနယ် ရက်ဇင်ဂါ၏ ဒုတိယ ပံ့ပိုးမှုမှာ ၎င်း(ကက်သယ်ကစ်ဇင်)အား ပင်မ မဏ္ဍိုင် လေးရပ်ဖြင့် ဖွဲ့စည်းရန် ဖြစ်ပြီး ၎င်းမှာလည်း လက်ရှိအချိန်တွင် ကက်သလစ်များက ပင်မကျောရိုး အဖြစ် လက်ခံနေကြသော အဓိက အစိတ်အပိုင်းများ ဖြစ်လေသည်။ ၎င်းမဏ္ဍိုင် လေးရပ်ကိုလည်း ကာဒီနယ် ရက်ဇင်ဂါကသာ အစီအစဉ်တကျ ဖန်တီးခဲ့သည်။

အသင်းတော် သွန်သင်ချက် ပေါင်းချုပ် (ကက်သယ်ကစ်ဇင်) ၏ မဏ္ဍိုင်လေးရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ပထမ မဏ္ဍိုင်မှာ ယုံကြည်ခြင်း အနှစ်ချုပ် (Creed) ဖြစ်ပြီး ၎င်းသည် အသင်းတော် စတင်ကတည်းက အသင်းတော်၏ အခြေခံ အုတ်မြစ် ယုံကြည်ရာအချက်များ ဖြစ်ကြသည်။

ဒုတိယ မဏ္ဍိုင်မှာ စက္ကရမင်တူး အကြောင်း ဖြစ်ပြီး စက္ကရမင်တူးများသည် ဘုရားသခင်၏ ကျေးဇူးတော်များ ကျွန်ုပ်တို့ ဘဝအတွင်းသို့ သက်ဆင်းဝင်ရောက်စေမည့် တံခါးချပ်များ ဖြစ်ပါသည်။

တတိယ မဏ္ဍိုင်မှာ ပညတ်တော် ဆယ်ပါးဖြစ်ပြီး ၎င်းမှာ အောင်မြင်သော အသက်တာ တစ်ခုအား ပိုင်ဆိုင်နိုင်ရေး အတွက် လမ်းပြသင်္ကေတများ ဖြစ်ပါသည်။

စတုတ္ထ မဏ္ဍိုင်မှာ ဆုတောင်းမေတ္တာ အားလုံး၏ အချုပ် ဖြစ်သော ကောင်းကင်ဘုံ၌ မေတ္တာ အကြောင်း ဖြစ်ပါသည်။

ဤမဏ္ဍိုင်လေးရပ်ဖြင့် ကက်သလစ် အသင်းတော်၏ ယုံကြည်ရာ ပေါင်းချုပ်ကို ဖွဲ့စည်းဖော်ပြထားပါသည်။

ကာဒီနယ် ရက်ဇင်ဂါ၏ တတိယ အထင်ကရ ဆောင်ရွက်ချက်အား ဖော်ပြရလျှင် ဤကက်သယ်ကစ်ဇင် ပေါင်းချုပ်အား ရေးသားထားသည့် ပုံစံဖြစ်ပါသည်။ ၎င်းစာအုပ်တွင် အကြောင်းအရာများ ထပ်တလဲလဲ ကြိမ်ဖန်များစွာ ပြန်လည် ဖော်ပြခြင်း မရှိသလို သီသြလော်ဂျီ ဆိုင်ရာ အပြန်အလှန် ဆွေးနွေးမှုကိုလည်း ဆက်လက် ဖော်ပြနိုင်ပါသည်။ ၎င်းစာအုပ်တွင် ခရစ်ယာန် ယုံကြည်ခြင်း၏ သွန်သင်ချက်အား အရှင်းလင်းဆုံး၊ နားလည်ရန် အလွယ်ဆုံး ပုံစံဖြင့် ရေးသားထားပါသည်။

ဤကက်သယ်ကစ်ဇင် ပေါင်းချုပ်အား သီသြလော်ဂျီ ကျောင်းများတွင် ထားကာ ဆွေးနွေးသွန်သင်ရမည့် အရာ မဟုတ်သော်လည်း လက်ခံထားသော သီသြလော်ဂျီ အချက်အလက်များ အားလုံး၊ သီသြလော်ဂျီ အခြေခံ အချက်များ အားလုံးကို ဤကက်သယ်ကစ်ဇင်တွင် ပေါင်းစပ်စုစည်းထားပါသည်။ ၎င်းအား depositum fidei ဟု ခေါ်သည်။

ကာဒီနယ် ရက်ဇင်ဂါ အတွက် ယုံကြည်ခြင်း ဆိုင်ရာ သွန်သင်ချက်များအား တစုတစည်းတည်း ဖော်ပြရန် အရေးကြီးလှပါသည်။ ယုံကြည်ခြင်း ပေါင်းချုပ်သည် သီသြလော်ဂျီ ဆိုင်ရာ ရှုပ်ထွေးမှုများအား ချပြထားသည့် အရာမဟုတ်၊ ခရစ်ယာန် ယုံကြည်ခြင်း၏ အလှတရားကို လူသားအပေါင်းက လွယ်ကူစွာ လက်ခံနိုင်ရန် ပြုစုရေးသားထားခြင်း ဖြစ်ပါသည်။

ကာဒီနယ် ရက်ဇင်ဂါ၏ လမ်းညွှန်မှု၊ စဉ်ဆက်မပြတ် အားပေးမှုနှင့် ဝိညာဉ်ရေး ခေါင်းကိုင် ဖခင်ကဲ့သို့ ဦးဆောင်နိုင်မှုတို့ကြောင့် ၎င်းကက်သယ်ကစ်ဇင် ရေးဆွဲရေး လုပ်ငန်းစဉ်သည် အဆုံးသတ်၌ အကောင်အထည် ဖော်နိုင်‌ခဲ့ကာ ၎င်းသည် ကျွန်ုပ်တို့ ယနေ့ ခေတ်အခါအတွက် စံနှုန်းပေတံအလား၊ ယုံကြည်ခြင်းအား သွန်သင်ဖို့ အတွက် သင်ရိုးညွှန်းတန်း ဖတ်စာအုပ် အလား တည်ရှိနေပါသည်။

ကက်သလစ် အမိအသင်းတော်၏ သွန်သင်ချက် ပေါင်းချုပ်သည် သီသြလောဂျီ ပညာ ရှင်ကြီး ဂျိုးဇက် ရက်ဇင်ဂါ/ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ အဆုံးအဖြတ်ပေးသော ရလဒ် ဖြစ်ပါသည်။

 

 

အာဗီအေဘာသာပြန်- Lawrence Jangma Mung Song

https://bit.ly/3ZbTicU

Add new comment

1 + 0 =