ကက်သလစ် သတင်းသမားများအားမှိုင်းမသော ရဟန္တာသစ်နောက်တစ်ပါးထပ်တိုး

ကက်သလစ် သတင်းသမားများအားမှိုင်းမသော ရဟန္တာသစ်နောက်တစ်ပါးထပ်တိုး

ကက်သလစ် သတင်းသမားများအားမှိုင်းမသော ရဟန္တာသစ်နောက်တစ်ပါးထပ်တိုး

            လာမည့်မေလ (၁၅) ရက်နေ့၌ ကမ္ဘာတစ်၀ှမ်းမှ ကက်သလစ်သတင်းသမားများသည် နောက်ထပ်သတင်းသ မားတစ်ဦးကို ရဟန္တာစာရင်တွင်ထပ်မံသွင်းနိုင်တော့မည်ဖြစ်သည်။ ထိုနေ့၌ ဒတ်ချ်လူမျိုး ကာလ်မဲလိုက်၀င်တစ်ဦးဖြစ် သော Titus Brandsma အားရဟန္တာအဖြစ်တင်မြောက်တော့မည်ဖြစ်သည်။ သူ့အား (၁၉၄၂) ခုနှစ်က စစ်ကြော ရေးစခန်း၌သတ်ဖျက်ခဲ့သည်။ ယနေ့ခေတ်အင်တာနက်များ၊ လူမှုကွန်ရက်များတိုးတက် ပေါက်ကွဲနေသောသမယ၌ ကက်သလစ်အမြင်အရသတင်းသမားဖြစ်ရခြင်းသည်ရာစုအဆက်ဆက်က ရှိခဲ့သော အထင်အမြင်သေးခံရမှုဘေး၊ လူမျိုးရေးစိတ်၊ တော်လှန်ပုန်ကန်မှု၏သားကောင်းများဖြစ်သွားနိုင်သည်ဟုရှုမြင် ကြသည်။ ဖိအားများစွာကြားမှ သတ္တိ ရှိရှိဖြင့် မိမိ၏အလုပ်ကို လုပ်ဆောင်ခဲ့သော ယခုရဟန္တာတင်မြောက်မည့်သူ၏အသက်တာသည် ထောက်ရှုဆင်ခြင်ဖွယ် ရာဖြစ်ပါသည်။    

            သူ့အား (၁၈၈၁) နှစ် Friesland ၌ ကက်သလစ်မိဘနှစ်ပါးမှမွေးဖွားခဲ့သည်။ ၄င်းတို့၏ပတ်၀န်းကျင်၌မှု ပရို တက်စတန်များအလွန်အားကောင်းသည်။ အသက် (၁၇) နှစ်၌ သူသည် ကာလ်မဲလိုက်သူတော်စင်တစ်ပါးဖြစ်လာရန် ရည်သန်လျှက် Boxmeer ရှိသင်တန်းကျောင်းသို့၀င်ရောက်ခဲ့သည်။ သူတော်စင်ဖြစ်လာသောအခါ သူ၏အမည်ကို Titus ဟုပြောင်းလဲခံယူခဲ့သည်။ ဖခင်၏အမည်ကိုခံယူ၍ ဖခင်ဖြစ်သူအားဂုဏ်ပြုခဲ့သည်။ ဤအမည်သည် တမန်တော် ပေါလု၏ သားတပည့်တစ်ပါး၏အမည်ဖြစ်သည်။ တမန်တော်ပေါလု၏သားတပည့်ဖြစ်သူသည် သာသနာ၏အစောဆုံး သတင်းသမားတစ်ဦးအဖြစ်သူသည်တင်စားခဲ့သည်။

            ရန္တာတင်မြောက်ခံမည့်သူသည် ထာ၀ရရဟန်းသိက္ခာကို (ဇွန် ၇၊ ၁၉၀၅) ခုနှစ်တွင်ခံယူခဲ့သည်။ ထို့နောက်ရောမ သို့ ပညာသင်ကြားခဲ့ပြီး (၁၉၀၉) တွင် ဂရေဂေါ်ရီယံတက္ကသိုလ်မှ ပါရဂူဘွဲ့ကိုဆွတ်ခူးခဲ့သည်။ ထို့နောက် ‘နယ်သာလန်’ သို့ပြန်လာခဲ့သည်။ ထိုသာသနာနယ်မြေ၌ သူ၏အစွမ်းအစများကိုထူးကဲစွာပြသလုပ်ဆောင်နိုင်ခဲ့သည်။ ဆယ်စုနှစ်တစ်စုနှင့်တစ်၀က်ကျော်မျှ ကက်သလစ်စာရေးဆရာအဖြစ် ကက်သလစ်စာပေးများရေးသားခဲ့သည်။ သင် ကြားပြသခဲ့သည်။ ငြင်းခုန်စရာများကို ရှင်းပြခဲ့သည်။ ကာလ်မဲလိုက်အသင်း၀င် အာဗီးလာမြို့မှ စိန့်ထရေးဇာ၏အတွေး အခေါ်၊ အရေးအသားများကို သူ၏မိခင်ဘာသာစကားဖြင့်ပြန်ဆိုခဲ့သည်။ (၁၉၁၉) ၌ အထက်တန်းကျောင်းတစ်ကြောင်း ကို နှစ်နှစ်တာမျှဖွင့်လှစ်သင်ကြားနိုင်ခဲ့သည်။ သူသည် ပုံများအားဖြင့် ယေဇူးသခင်၏ဒုက္ခလမ်းစဉ်ကိုထောက်ရှုချက်များ ရေးသားခဲ့သည်။ (၁၉၂၃) ခုနှစ်သို့ရောက်သောအခါ Nijmegen ကက်သလစ်တက္ကသိုလ်ကိုတည်ထောင်သောသူများ အနက်တစ်ဦးဖြစ်လာ်သည်။ ထိုတက္ကသိုလ်၌ သူသည် ဒဿနိကဗေဒနှင့်နက်နဲသောသီဩလိုဂျီဌာနများ၌တာ၀န်ထမ်း ဆောင်ခဲ့သည်။ ထို့အတူပင် တက္ကသိုလ်၏ကျောင်းအုပ်အဖြစ်လည်း တစ်နှစ်တာထမ်းဆောင်ခဲ့သည်။ ထိုခေတ်အခါက ပရောဖက်ဆာများသည် ဟိတ်ဟန်ကြီးမားလွန်းလှသော်လည်း သူမှုကား ကျောင်းသားများနှင့်ရင်းနှီးကျွမ်း၀င်စွာနေထိုင် ခဲ့သည်။ ချဉ်းကပ်ရလွယ်ကူအောင်နေထိုင်ခဲ့သည်။        

            ဤပညာရေးလုပ်ငန်းများစွာကြားမှ ဖာသာရ် Titus Brandsma သည် ကက်သလစ်သတင်းလောကကို ပျိုးထောင်နိုင်ခဲ့သည်။ သူသည် (၁၉၃၅) ခုနှစ်၌ သူ့နိုင်ငံ၏ ကက်သလစ်သတင်းသမားများအဖွဲ့၏၀ိညာဉ်ရေးလမ်း ညွှန်းဘုန်းတော်ကြီး အဖြစ်အမှုတော်ပေးအပ်ခံခဲ့ရသည်။ သူသည် နာဇီ၀ါဒနှင့်ဆိုရှယ်လစ်စနစ်အားပေးသောစာများ ကိုထုတ်ဝေဖြန့်ချီခြင်းမပြကြရန်၊ ဂျူးမုန်းတီးရေး၀ါဒကိုပြင်းပြင်းထန်ထန်ဆန့်ကျင့်ရန်တိုက်တွန်းခဲ့သည်။ ကက်သ လစ်သာသနာတော်ကြီး၏ အမှန်တရားနှင့်ပတ်သက်သောသွန် သင်ချက်နှင့် သတင်းစာ၏ လွှတ်လပ်မှုကိုမဆုတ်မနှစ် တိုက်ပွဲ၀င်ခြင်းသည် သူအားဒုက္ခလမ်းစဉ်ကိုပို့ဆောင်ရာရောက်သွားခဲ့သည်။   

                        ဟော်လန်ကို ဂျာမဏီအောင်နိုင်ခဲ့သော (၁၉၄၀) ၌ ဖာသာရ် Titus Brandsma သည် သူ့နိုင်ငံ၏ ဆရာတော်ကြီးများအား နာဇီနှင့်၄င်းတို့ချိုးဖောက်သောလူ့အခွင့်အရေးများ၊ ဒတ်ချ်ဂျူးများအားညှဉ်းပမ်းနှိပ်စက်မှုများ ကိုနှုတ်ဆိတ်မနေရန်တိုက်တွန်းခဲ့သည်။ ဤလုပ်ရပ်ကြောင့် သူသည် နာဇီတို့၏ပစ်မှတ်ဖြစ်လာခဲ့သည်။ ဒတ်ချ်ဆရာ တော်ကြီးများ၏ကက်သလစ်အယ်ဒီတာများထံသို့ နာဇီတို့ရေးဆွဲပြဌာန်းလိုက်သော သတင်းစာဥပဒေများကို ဆန်ကျင့် ရန်ညွှန်ကြားရေးသားထားသောစာကို ကိုယ်တိုင်လျှို၀ှက်စွာဖြန့်ချီနေစဉ် (ဇန္န၀ါရီ ၁၉၊ ၁၉၄၂) တွင်ဖမ်းဆီးခံခဲ့ရ သည်။ သူအားချွေးတပ်စခန်းသို့မပို့ဆောင်မီ အကျဉ်းထောင် (၃) နေရာသို့ရွေ့ပြောင်းထောင်ချခဲ့သည်။     

            သူအား Dachau ၌ဖမ်းဆီးအကျဉ်းချထားသောအခြေအနေမှာလွန်စွာဆိုးရွားလှသည်။ သက်တော် (၆၁) နှစ် ရှိပြီဖြစ်သော သက်ကြီးကာလ်မဲလိုက်ဘုန်းတော်ကြီး၏ကျန်းမာရေးသည် တမဟုတ်ချင်းဆုတ်ယုတ်လာခဲ့သည်။ သို့ဖြင့် (ဇူလိုင် ၁၉၄၂) ၌ ချွေးတပ်စခန်း၏ဆေးရုံသို့တင်ပို့လိုက်သည်။ သူသည် နာဇီတို့ထုတ်လုပ်စမ်းသပ်နေသောဆေး၀ါး များ၏စမ်းသပ်ခံဖြစ်ခဲ့ပြီးနောက် (ဇူလိုင် ၂၆၊ ၁၉၄၂) ၌ အဆိပ်ရည်ထိုးသွင်း၍သတ်လိုက်ပါတော့သည်။ သူသည်အသတ် ခံရတော့မည်ကိုသိ၍ သူဆုတောင်းခဲ့သည်။ သူ၏ဆုတောင်းခြင်းသည် သူနာပြု၏စိတ်ကိုပြောင်းလဲစေခဲ့သည်။ ဖာသာရ် သည် သူ၏ကာလ်မဲလိုက်စိတ်ပုတီးကို သူနာပြုဆရာမအားပေးခဲ့သည်။ ဆရာမသည် အစပိုင်း၌လက်ခံရန်ငြင်းဆန်ခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် သူသည်ကက်သလစ်ဖြစ်သော်လည်း ဘာသာရေး၀တ္တရားများကိုဖြည့်ဆည်းခြင်းမပြုဘဲ နာဇီတို့၏မှု၀ါဒလမ်းစဉ်ကိုလိုက်နေသောကြောင့်ဖြစ်သည်။ အဆိုပါ အကျဉ်းသားများအား ဆေးထိုးသတ်ရသောသူနာ ပြုသည် နောက်ပိုင်း၌ ကာလ်မဲလိုက်ကျောင်းသို့သွား၍ နောင်တတရားဖြင့်ခွင့်လွှတ်ခြင်းကိုတောင်းခံခဲ့သည်။ (နို၀င်ဘာ လ ၁၉၈၅) ၌ ဖာသာရ် Titus ၏ရဟန္တာတင်မြောက်နိုင်ရေးအတွက် ချွေးတပ်စခန်း၏အခြေအနေများနှင့်ပတ်သက်၍ သူသိသလောက် သက်သေထွက်ဆိုပေးခဲ့သည်။

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3wxQIkh

 

 

Add new comment

9 + 0 =