ကက်သလစ် လူငယ်မောင်မယ်များ ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း အခမဲ့တက်ရောက်နိုင်မည့်သတင်း

ကက်သလစ် လူငယ်မောင်မယ်များ ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း အခမဲ့တက်ရောက်နိုင်မည့်သတင်း
13.2.2020

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကော်မရှင်နှင့် ကရုဏာမြန်မာစည်းလုံးညီညွှတ်ရေးအသင်းမှ တာဝန်ရှိသူတို့ ပူးပေါင်း၍ “ ဧည့်ဝန်ဆောင်မှုဆိုင်ရာ လေ့ကျင့်သင်ကြားခြင်း” ( Hospitality Training Program ) အား ကက်သလစ်လူငယ်များအား သင်ကြားပေး နိုင်ရေးအတွက်စည်းဝေးဆွေးနွေးမှုတစ်ခုကို ( ၁၃.၂.၂၀၂၀) ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ လူူငယ်ကော်မရှင်ရုံးခန်း၌လုပ်ဆောင်ခဲ့ သည် ဟုသိရှိရပါသည် ။ စည်းဝေးပွဲသို့ သာသနာ(၁၄)ခုမှ လူငယ်ဒါရိုက်တာ ဘုန်းတော်ကြီးများ ၊ KMSS ( National ) မှ တာဝန်ရှိသူများ ၊ NCYC မှ တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြပါတယ်။
ထိုကဲ့သို့ သင်တန်းဖွင့်လှစ် ပို့ချပေးရခြင်း အဓိက ရည်ရွယ်ချက်သည် ကက်သလစ်လူငယ်မောင်မယ်များ သင်တန်းတက်ရောက်ခြင်းဖြင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှု အရည်အချင်းများ ပြည့်ဝလာပြီး ဘဝရပ်တည်နေထိုင်မှု့အတွက် လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချကာ ပိုမိုကောင်းမွန်သော ဝင်ငွေများ တိုးပွားလာနိုင်စေရေးအတွက် ရည်ရွယ်၍ ယခုကဲ့သို့ လုပ်ဆောင်ပေးခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
အဆိုပါ သင်တန်းအတွက် ရန်ပုံငွေအား Missio အသင်းအဖွဲ့မှ ပံ့ပိုးကူညီပေးခြင်းဖြစ်ပြီး Mobile Hospitality Consultancy မှ တာဝန်ယူ သင်ကြားပေးသွားမှာဖြစ်တယ်ပါတယ်။

ရန်ကုန် ဂိုဏ်းချုပ်သာသနာ၊ မန္တလေးဂိုဏ်းချုပ်သာနာ နှင့် တောင်ကြီး ဂိုဏ်းချုပ်သာသနာ ဟူ၍ သံးခုရှိသည့်အနက် ယခုသင်တန်းအား မန္တလေးဂိုဏ်းချုပ်သာသနာတွင် ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်းဖြစ်ပြီး မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိ မန္တလေး၊ မြစ်ကြီးနား ၊ ဗန်းမော်၊ လားရှိုး၊ ကလေး ၊ ဟားခါး၊ စတဲ့သာသနာများမှ သာသနာတစ်ခုလျှင် လူငယ် ( ၄) ဦးစီသာ တက်ရောက်ခွင့်ရှိမည်ဖြစ်တယ်လို ့ သိရှိရပါတယ် ။ သင်တန်းတက် ရောက်မည့်သူများသည် စားရိပ်ငြိမ်း အခမဲ့တက်ရောက်နိုင်ခွင့်ရှိပြီး အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ပေးသည့်သာသနာမှ သင်တန်းနေရာအား စီစဉ်လုပ်ဆောင်ပေးရမည်ဖြစ်တယ်လို့လည်းသိရှိရပါတယ်။

သင်တန်းအား တစ်နှစ် လျှင် (၂) ကြိမ် ပို့ချပေးသွားမှာဖြစ်ပါတယ်။
သင်တန်းကာလအနေဖြင့် တစ်လကြာမြင့်မည်ဖြစ်ပြီး ၊ စာတွေ့ ၊လက်တွေ့ နှစ်မျိုးဖြင့် ပို့ချပေးသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
ပထမအကြိမ်ပြုလုပ်ပို့ချမည့် ခရီးဦးကြိုဆိုသူ (Receptionist ) သင်တန်းအား ၂၀၂၀ ခုနှစ် မေလ (၄) ရက်နေ့မှ ဇွန်လ (၅) ရက်နေ့ထိ လားရှိုးဂိုဏ်းအုပ်သာသနာ၌ လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။
ပထမအကြိမ် သင်တန်းအတွက် တက်ရောက်လိုသူသည် ပညာအရည်အချင်းအနေဖြင့် အနည်းဆုံး အခြေခံပညာအထက်တန်းအဆင့်အောင်မြင်သူ၊ ကွန်ပျူတာ အခြေခံရှိ်သူ၊ အင်္ဂလိပ်စကားအခြေခံရှိ်သူဖြစ်ရပါမယ်လို့ သိရှိရပါတယ်။

ဒုတိအကြိမ်ပြုလုပ်မည့် ( အစားအသောက် တည်ခင်းဧည့်ခံသူ) (Waiting staff) သင်တန်းအား ၂၀၂၀ ခုနှစ် စက်တင်ဘာလ၌ မန္တလေးဂိုဏ်းချုပ်သာသနာတွင် လုပ်ဆောင်သွားမည်ဟု သိရှိရပါသည်။
ဒုတိယအသုတ်အတွက် တက်ရောက်လိုသူသည် အခြေခံပညာ အထက်တန်းအဆင့် နဝမတန်းအထိ တက်ရောက်အောင်မြင်သူဖြစ်ရမယ်လို့သိရှိရပါတယ်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် အသက်(၁၈)နှစ်မှ (၃၅) နှစ်အတွင်းရှိသူဖြစ်ရပါမည်။သက်ဆိုင်ရာ လူငယ်တာဝန်ခံ ဘုန်းတော်ကြီး၏ ထောက်ခံချက်ရရှိသူ ၊ ဟိုတယ်နှင့် ဧည့်ဝန်ဆောင်မှု အလုပ်အကိုင်ရရှိရန် စိတ်အားထက်သန်သူ၊ လိုက်လျောညီထွေရှိပြီး လူမှု့ဆက်ဆံရေးကောင်းမွန်သူ၊ ရိုးသားကြိုးစားပြီး တက်ကြွစာ ပါဝင်ဆောင်ရွက်တက်သူဖြစ်ရပါမယ်။ စိတ်ပါဝင်စားသူ လူငယ်မောင်မယ်များအနေဖြင့် မိမိတို့သာသနာအတွင်းရှိ သက်ဆို်င်ရာ လူငယ်တာဝန်ခံ များဆီသို့ ဆက်သွယ်၍ သင်တန်းဝင်ခွင့် လျှောက်လွှာများကို ထုတ်ယူနိုင်၍ လျှောက်ထားနိုင်ကြောင်းသိရှိပါတယ်။
နောက်နှစ်များတွင် ကျန်ရှိသော ဂိုဏ်းချုပ်သာသနာများတွင် ဆက်လက် ပို့ချပေးသွားမှာဖြစ်တယ်လို့ လည်းသိရှိရပါတယ်။
News by – Pinky Thiri Kyaw

Add new comment

5 + 12 =