ကက်သလစ်သာသနာ စင်ကာပူ ဘုရား၀တ်ပြုခြင်းများရပ်ဆိုင်းထား

ကက်သလစ်သာသနာ စင်ကာပူ ဘုရား၀တ်ပြုခြင်းများရပ်ဆိုင်းထား

စင်ကာပူ ကက်သလစ်ဆရာတော်ကြီး၏စင်ကာပူမှကက်သလစ်ဘာသာ၀င်များအတွက် ထုတ်ပြန်ချက်တွင်၊ ကက်သလစ်များအနေနဲ့ ကျွန်ုပ်တို့ဘက်ကလည်း ဗိုင်းရပ်စ် မပျံ့နှံ့အောင်တတ်နိုင်တာကို လုပ်ဆောင်ကြရပါမယ်။ လူစုလူဝေးကို ရှောင်ခြင်းဟာ ဗိုင်းရပ်စ် ပျံ့နံ့ခြင်းကို သက်သာစေဘို့ဖြစ်တယ်။ သင်တန်းတွေ၊ အဖွဲ့လိုက် ဥပုသ်စောင့်ခြင်းတွေလည်း ရပ်ဆိုင်းထားပါမယ်။ မင်္ဂလာဆောင်နဲ့ အသုဘ ကိစ္စတွေကတော့ သီးသန့်ဖြစ်ပြီး ဖိတ်ကြားထားတဲ့ ဧည့်သည် အချို့နှင့်သာ ပြုလုပ်ကြပါ။
အရေးပေါ် စက္ကရမင်တူးများခံခြင်းကိုတော့ မိမိတို့ ကျောင်းထိုင်ဘုန်းတော်က​ြီးများနဲ့ တိုင်ပင်ဆောင်ရွက်ပါ။ စက္ကရမင့်ပေးသူများကလည်း ကြိုတင်ကာကွယ်ခြင်းတွေပြုပြီးမှ ဆောက်ရွက်ကြပါ။ မစ္ဆားတရားတော်တွေ ဘုရားကျောင်းမှာမပြုလုပ်ဘူးဆိုတာနဲ့ ကက်သလစ်တယောက် ဖြည့်စွက်ရမယ့် ၀ိညာဉ်ရေးကျင့်စဉ်တွေ မလုပ်ရတော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ Youtube မှာဖြစ်ဖြစ် CatholicRadioSG ကဖြစ်ဖြစ် လွှင့်နေတဲ့ Live တွေအားဖြင့် ပါ၀င်ဆုတောင်းနိုင်ကြပါတယ်။ အတူတကွ ဆုမတောင်းနိုင်ကြရင်တော့ အနည်းဆုံး နာရီ၀က်ခန့်လေးတော့ အချိန်ပေးပြီး ဘုရားသခင်ရဲ့ နုတ်ကပတ်တော်ကို ထောက်ရှုကြပါဟုဆိုပါသည်။

ဗုဒ္ဓဟူးနေ့ ပြာခံပွဲနေ့ကြီးမှာလည်း ပိုးသတ်သန့်စင် ထားတဲ့ လက်များဖြင့် တာ၀န်ရှိသူများမှ နေရာဒေသအလိုက် ပြာတို့ပေးဘို့ လှည့်သွားကြမှာဖြစ်ပြီး နှဖူးပေါ်မှာ ခရစ္ဆတူးမှတ်သားခြင်းကိုတော့ မပြုလုပ်တော့ဟု လည်း စင်ကာပူ ကက်သလစ်သာသနာ Website News ဖော်ပြထားပါသည်။

#RVAMyanmarNews
#Coronavirus
#ArchdioceseofSingapore

By Sr Lucia Thandar Aung,SJA

News Source: Archdiocese of Singapore

https://www.catholic.sg/coronavirus/

Add new comment

18 + 1 =