ပါပါး ဖရန်စစ်မှ ၎င်း၏ဒူးနာဝေဒနာအပေါ် မှတ်ချက်ပေး

 ပါပါး ဖရန်စစ်မှ ၎င်း၏ဒူးနာဝေဒနာအပေါ် မှတ်ချက်ပေး

 ပါပါး ဖရန်စစ်မှ ၎င်း၏ဒူးနာဝေဒနာအပေါ် မှတ်ချက်ပေး

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ လာရောက်တွေ့ဆုံဂါရဝ ပြုကြတဲ့ ထရန်နီတားရီးရန်း အသင်းဝင်တို့ကို အကြာကြီးရပ် နှုတ်မဆက်နိုင်ရခြင်းက  ၎င်းရဲ့ ဒူးနာဝေဒနာကြောင့် လို့ ပြောခဲ့ ပါတယ်။

ဤဒူးနာတာကို "သီလရှင်တွေရဲ့နာကျင်မှု့ ရောဂါ" လို့ အရင်က ခေါ်ခဲ့ဖူးတယ် ။ ဘာလို့လည်းဆိုတော့ သူတို့တွေက အကြာကြီး ဆုတောင်း ရတဲ့အခါ ဒူးထောက်ရတဲ့အတွက် ကြာတော့ ဒူးဝေဒနာ ဖြစ်ပါ တော့တယ် ။ဒါလည်း နောက်တော့ ပျောက်သွားမှာပါ ၊ ခုတော့ လုပ်စရာတွေ အများကြီး လုပ်ဘို့ ရှိ ပါတယ် လို့ ပါပါးက ဆိုပါတယ်။

ပါပါးနဲ့ တွေ့ဆုံတဲ့ ထရီနီတားရီးရန်း အသင်းဟာ၁၂ ရာစုတုန်းက St.John of Matha က ခရစ်ယာန် အကျဉ်းသားတွေ အတွက် တည်ထောင်ခဲ့တဲ့ အသင်းဂိုဏ်း ဖြစ်ပါတယ်။

သက်တော် ၈၅ နှစ်ရှိပြီ ဖြစ်တဲ့ပါပါးဟာ ယခုခံစားနေရတာ ကြာပြီဖြစ်တဲ့ ဒူးနာ ဝေဒနာ ကြောင့် အချို့ဝတ်ပြုကိုးကွယ်ခြင်း အစီစဉ်တွေမှာ အဓိကဦးဆောင်မပါဝင်နိုင်ပဲ ထိုင်နေရတာပိုများလာပါတယ်။

ဒီနှစ်အစကတည်းက ပါပါးရဲ့ ဆောင်ရွက်လှုပ်ရှားမှု့တွေ သိသာစွာ လျော့ကျလာ ပါတယ်။ အကြောင်း ကတော့ ဒီ ဒူးနာဝေဒနာ ကြောင့်ပါပဲ။

"ဒူးနာဝေဒနာ ဆိုတာ အသက်ကြီးတဲ့သူတွေ ဖြစ်ရမှာ ဘာကြောင့် သူခံစားရ ပါလိမ့် သူမသိဖူး " လို့ ပြုံးပြီးအရွှန်းဖောက်ခဲ့ဖူးပါသေးတယ်။

သောကြာနေ့ကြီးတုန်းကလည်း လက်ဝါးကပ်တိုင်ရှေ့မှာ ပါပါး ဝမ်းလျားမှောက် ဂါရဝ မပြုနိုင် ခဲ့ဖူး။ ပါစကား ပွဲတော် မှာလည်း ဩဝါဒ မြွက်ကြားခဲ့ပြီး ဆေးကြောခြင်းမင်္ဂလာများစွာ ပေးခဲ့ပေမယ် လမ်း လျှောက်ဖို့အတွက် ၊ အတက် အဆင်းလုပ်ဖို့အတွက် ဘေးက အထောက်အကူပေးတာကို များစွာ လိုအပ်နေခဲ့တာဖြစ်ပါတယ်။

 

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3OCrZDu

Add new comment

9 + 6 =