Casa Santa Marta တွင် ကြာသာပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta တွင် ကြာသာပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
Casa Santa Marta တွင် ကြာသာပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
နိုဝင်ဘာလ ၈၊ ၂၀၁၈

နိုဝင်ဘာလ ၈ ရက် ကြာသာပတေး နေ့ Casa Santa Marta ၌ ရှင်လုကားခရစ်ဝင်ကျမ်း ကို အခြေခံပြီး ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် သူတပါးမကောင်းကြောင်း တီးတိုးငြီးတွားပြောဆိုခြင်း၏ ဆိုးကျိုးနှင့် သမ္မကျမ်းစာ ၏ဆိုလိုရင်းနှင့် လောကလူသားတို့နားလည်မှုတို့သည် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ဟောကြားခဲ့ပါသည်။
သခင်ခရစ်တော်ဟာ အပြစ်သာများ၊ အခွန်ခံ များနှင့် အတူသွားလာစားသောက်သည်ကို အပြစ်တင်ဝေဖန်နေကြသော ကျမ်းတတ်ဆရာတို့အား မည်သို့မည်ပုံ သက်သေခံရမည်ကို
သခင်ခရစ်တော်၏ သက်သေခံပုံ၊ အခွန်ခံများ၊ အပြစ်သားများ သခင်ခရစ်တော်ထံချဉ်းကပ်ပုံနှင့် သခင်ခရစ်တော်ထံမှ နာယူပုံ အချက်သုံးချက်ဖြင့် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ရှင်းပြဟောကြားခဲ့ပါသည်။
အပြစ်သားနဲ့အတူရှိခြင်း၊ သွားလာခြင်း၊ နူနာရောဂါသည်ကို တို့ထိခြင်း စသည့် အချက်တို့သည် ကျမ်းတတ်ဆရာတို့အတွက် အပြစ်ကူးစက်စေကြောင်း၊ မိမိသန့်ရှင်းမှုကို ထိခိုက်စေကြောင်း ယုံကြည်ထားကြပါသည်။

သက်သေခံတဲ့နေရာမှာ ပိုမိုကောင်းမွန်တဲ့အရာတွေဖြစ်လာဖို့အတွက် ရှေးရိုး အစွဲတွေကို ဆန့်ကျင်ရတဲ့အခြေအနေတွေ၊ နေထိုင်မှုပုံစံတွေကို ဆန်ကျင်ရတဲ့အခြေအနေတွေ ရှိတယ်၊ သက်သေခံခြင်းက ပါးစပ်က ပြောနေခြင်းထက် လက်တွေ့ပြခြင်းက ပိုမိုထိရောက်ကြောင်း၊ လက်တွေ့ပြခြင်းကသာ တပါးသူတွေပြောင်းလဲလာဖို့ ပိုမိုတွန်းအားပေးကြောင်း၊ သမ္မကျမ်းစာမှာ တွေ့ရတဲ့ ကျမ်းတတ်ဆရာတွေဟာ ကျမ်းစာကို တတ်သိကြပေမဲ့ နားလည်သဘောပေါက်မှုမရှိကြကြောင်း၊ အဲ့ဒါကြောင့် သခင်ခရစ်တော်က သင်တို့ပူဇော်လှူ ဒါန်းသော အရာများသည် အဓိကမဟုတ် သင်တို့၏ သူတပါးအပေါ် သနားကြင်နာမှုသည်သာအဓိကဖြစ်ကြောင်း၊ သနားကြင်နာတတ်သော စိတ်ကိုသာ ပိုမို အလိုရှိကြောင်းဖော်ပြခဲ့တာပါ။ သခင်ခရစ်တော်ရဲ့ သက်သေခံခြင်းနည်းလမ်းသည် သနားကျင်နာမှုကို အဓိကဖော်ပြနေကြောင်း၊ သနားကြင်နာခြင်းသည်သာ အစစ်အမှန် သက်သေခံခြင်းဖြစ်ကြောင်း၊ သနားကျင်နာမှု၏ နောက်တွင် ပေးဆပ်ခြင်းကူညီခြင်းများ လိုက်ပါလာကြောင်း၊ အဲ့ဒါကြောင့် လက်တွေ့ကြသော ဘဝဖြင့် သက်သေခံကြစေလိုကြောင်း၊
ကျမ်းတတ်ဆရာတွေက သခင်ခရစ်တော် အပြစ်သာများ၊ အခွန်ခံ များနှင့် အတူသွားလာစားသောက်သည်ကို ဤသူသည် အပြစ်သားများနှင့်အတူစားသောက်ပါလား ဟုသာမြင်ခဲ့ကြသည်။
ဤသူသည် အပြစ်သားများကို ပြုပင်ပြောင်းလဲလာစေရန် ကူညီပေးနေပါလား ဟုမမြင်ခဲ့ကြပါ။ ကိုယ်ကတပါးသူကို မကောင်းမြင်ဖို့ အပြစ်ရှာဖို့သာတွေးတောနေလျှင် ကိုယ့်ဆီမှ မကောင်းသောအရာများသာ ထွက်ရှိလာမည့်အကြောင်း၊ ယင်းမကောင်းသောအရာများသည် မိမိ အတွင်းစိတ်ကိုယ်ဖော်ပြသလို
ကိုယ့်ရဲ့ အတွင်းစိတ်ပုပ်ကိုသာ ထုတ်ဖော်နေကြောင်း၊ ကျွန်ုပ်တို့နေစဉ် ဘဝ အသက်တာတွင်လည်း သူတပါးကိုပြုပြင်ပြောင်းလဲလာစေရန် ကောင်းမွန်သောစိတ်နှင့် လမ်းမှန်ပြ၍ ပြုပြင်ပေးရမည့်အစား မိမိမကြိုက်နှစ်သက်သူကို တီးတိုးပြစ်တင်ပြောဆိုတတ်ကြပါသည်၊ ယင်းတီးတိုးပြောဆိုပြစ်တင်မှုသည် မိမိ၏ ကြောက်တတ်သော အတွင်းစိတ်ကိုဖော်ပြနေကြောင်း၊ တည့်တည့်မပြောဝံ့ကြောင်း ထို့ကြောင့် ကွယ်ရာမှာသာ တီးတိုးပြောရဲကြောင်း၊ နိမ့်ကျသော စိတ်ဓာတ်ပိုင်ဆိုင်သူများသာဖြစ်ကြောင်း ဖော်ပြနေပါသည်။ လူတွေဟာ သူအခြေအနေအလိုက် တီးတိုးပြောဆိုပြစ်တင်နေတတ်ကြပါတယ်၊ ဘာသာရေးသမားတွေ၊ ဘာသာရေးအသိုင်းအဝိုင်းမှာ တီးတိုးမကောင်းပြောကြသလို၊ နိုင်ငံရေးသမားတွေ သူတို့အသိုင်းအဝိုင်းမှာ တီးတိုးပြစ်တင်ပြောဆိုနေကြပါသည်၊ သူများအကြောင်း တီးတိုးပြစ်တင်ပြောဆိုတဲ့အကျင့်ဟာ တချို့သောသူတွေအတွက် နေ့စဉ်စားစရာတခုလိုတောင်ဖြစ်နေတယ် မပြောရရင်မနေတတ်ကြတော့ဘူး။ သတိထားပါ နိမ့်ကျတဲ့သင့်စိတ်ကို အရင်ပြု ပြင်ပါ။
သူတပါးကို အပြစ်ရှာရန်၊ အပြစ်တင်ရန် သွားပုပ်လေလွင့်ပြောတတ်ခြင်းသည် ကောင်းကျိုးဖြစ်တည်မှု အဓိက ဆိုလိုရင်းနဲ့ပိုမိုဝေကွာစေကြောင်း၊ သခင်ခရစ်တော်သည် အပြစ်သားများကို ကယ်တင်ရန်၊ အပြစ်သားများသည် ကိုယ်တော်ကို ပိုမိုလိုအပ်ကြောင်းကို ပျောက်သောသိုးတကောင်ကိုရှာဖို့ သိုးကိုးဆယ့်ကိုးကောင်ကို ထားခဲ့ပြီး သွားရှာတဲ့ဥပမာပေး၍ ဟောကြားခဲ့ပါသည်၊ သို့သော် သခင်ခရစ်တော်၏ လုပ်ရပ်၊ ဆိုလိုရင်းကို နားမလည်သော ကျမ်းတတ်ဆရာတို့ သခင်ခရစ်တော်သည် အပြစ်သားများနှင့် အတူစားသောက်ကြောင်းသွားလာကြောင်းပြစ်တင် ဖို့ရန်သာ ရှာဖွေနေကြကြောင်းကို ရှင်းလင်းဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-11/pope-francis-homily-daily-mass-witness-complaining-questions.html

#pope, #mass, #murmur, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 5 =