Casa Santa Marta တွင် ကြာသာပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta
Casa Santa Marta တွင် ကြာသာပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
ဒီဇင်ဘာ ၆၊ ၂၀၁၈
 
https://bit.ly/2zPEPJG

ဒီဇင်ဘာ​လ ၆ ရက် ကြာသပတေး နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် အပြောနှင့်အလုပ်၊ သဲနှင်ကျောက်၊ အမြင့်နှင့်အနိမ့် အကြောင်းသုံးမျိုးကို နေစဉ်သမ္မာကျမ်းစာကို အခြေခံပြီး ဟောကြားခဲ့ပါသည်။

၁။ ။အပြောနှင့်အလုပ်
ပြောဆိုခြင်းနှင့်လုပ်ဆောင်ခြင်းသည် ခရစ်ယာန်အသက်တာတွင်ခွဲခြားသိမြင်ရမည့် ခြားနားသော နည်းလမ်းနှစ်ခုဖြစ်ကြောင်း သိရှိရမယ်။
ငါခရစ်ယာန်တစ်ေ​ယာက်ဖြစ်တယ် လို့ပြောနေပြီး ခရစ်ယာန်အသက်ရှင်မှုလက်တွေ့ဘဝတွင်မရှိခြင်းသည့် ပြောဆိုခြင်းသည် အပေါ်ယံသက်သက်ဖြစ်တယ်။ အပြောသက်သက်လုပ်ဆောင်မှုမပါသော ခရစ်ယာန်အသက်တာသည် အပေါ်ယံလွှမ်းခြုံထားသော အဝတ်အစားကဲ့သို့ သာဖြစ်တယ်။ သခင်ခရစ်တော်လိုချင်ေ​သာဘဝအသက်တာ ရှင်သန်စေချင်သော ဘဝအသက်တာသည် လက်တွေလုပ်ဆောင်မှုပါသော ခိုင်မာသည့် အသက်ရှင်မှုမျိုးပါ။ သခင်ခရစ်တော်ဆီကို လာရောက်အကြံညဏ်တောင်သူတိုင်း ခိုင်မာသည့်အသက်တာကိုရရှိသွားကြတယ်၊ အဲ့က လက်တွေ့ပါသော သနားကြင်နာမှုအလုပ်များဖြစ်တယ်။

၂။ ။သဲနှင့်​ကျောက်
သဲဟာ အခြေအမြစ်မပါတဲ့ လက်တွေ့လုပ်ဆောင်မှုမပါသော အပြောသက်သက်အသက်ရှင်သူကဲ့သို့ မာကြောခိုင်မာမှုမရှိဘူး၊
ကျောက်ဟာ ဘုရားသခင်ဖြစ်တယ၊် လေးနက်ခိုင်မှာမူရှိတယ်၊ တည်ငြိမ်တယ်၊ ခွန်အားဖြစ်တယ်၊ ဘုရားသခင်နှင့်အသက်ရှင်သူတွေဟာ လူတွေအမြင်မှာ ထင်ပေါ်ကျော်​ကြားသူ၊ အောင်မြင်သူဖြစ်ချင်​မှဖြစ်မယ်၊ ဒါပေမဲ့သူတို့ဘဝက တည်ငြိမ်တယ် ခိုင်မာတယ်၊ ဘုရားသခင်ဆီမှာ တည်ဆောက်ထားလို့ဖြစ်တယ်။ သူရဲ့မျှော်လင့်ချက်ကို တန်ဖိုးမရှိတဲ့ ပြောဆိုမှု၊ မာနတရား၊ ခဏတာပိုင်ဆိုင်တဲ့အဏာပေါ်မှာ တည်ဆောက်တာမဟုတ်ဘူး၊ ဘုရားသခင်အပေါ်မှာ၊ သခင်ခရစ်တော်အပေါ် ဘုရားဘုန်းတန်​ခိုးပေါ်မှာတည်ဆောက်ထားတာ၊ ခဏတာမြင်ရတဲ့အပေါ်ယံအရာတွေပေါ်မှာမဟုတ် ထာဝရတည်မယ့်​ အမှန်တရားပေါ်မှာတည်ဆောက်ထားခြင်းဖြစ်တယ်။

၃။ ။အမြင့်နှင့်အနိမ့်
ပရောဖက် အီဇာအိယ ကျမ်းစာကိုအခြေခံပြီး
အမြင့် ဆိုတာက တန်ဖိုးမရှိတဲ့မာနတရားကို ထားရှိသူတွေကို ဖော်ညွန်းပြခြင်းဖြစ်​တယ် ၊ အနိမ့်ဆိုတာကိုယ်တော့ နှိမ်ချခြင်းတရားလက်ကိုင်ထားသူတွေကိုပြေားဆိုခြင်းဖြစ်တယ်။
တောင်ကြီးတွေကိုဖြို ချိုင့်ဝှမ်းတွေကို ဖို့၊ မိမိကိုယ်ကိုချီမြောက်သောသူကိုချိုးနှိမ်ပြီး၊ နှိမ်ချသောသူကို ချီးမြောက်တော်မူမယ်။

ဒီအာဒ်ဝင်တူးကာလမှာ ကိုယ့်ကိုကိုမေးရမယ်၊
၁။ ။ ငါဟာအပြောနှင့်အသက်ရှင်သော ခရစ်ယာန်လား၊ လက်တွေ့အသက်ရှင်သော ခရစ်ယာန်လား
၂။ ။ ငါ့အသက်တာက ကျောက် (ဘုရား) အပေါ်မှာတည်ဆောက်ထားတာလား သဲ(လောက၊ မတည်မြဲမှု့) မှာတည်ဆောက်ထားတာလား
၃။ ။ ငါဟာ မာနတရား နှင့် အသက်ရှင်နေသူလား၊ နှိမ့်ချခြင်းတရားနှင့်ညအသက်ရှင်နေသူလား
မေးကြည့်ရမယ်။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-12/pope-at-mass-the-lord-is-the-rock-on-which-to-build-our-lives.html

#pope, #mass, #rock, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 4 =