Casa Santa Marta တွင် အင်္ဂါနေ့ ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta
Casa Santa Marta တွင် အင်္ဂါနေ့ ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
ဒီဇင်္ဘာ ၁၈၊ ၂၀၁၈

ဒီဇင်္ဘာ ၁၈ ရက် အင်္ဂါ နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် စိန့်ဂျိုးဇက် အနာဂတ်အတွက် အိမ်မက်တွင် ဗျာဒိတ်ပေးခံရသောအကြောင်းနှင့် သခင်ခရစ်တော်ကို တိတ်ဆိတ်စွာပြုစုပျိုးထောင် ကာကွယ်စောင့်ရှောက်ပေးခဲ့သည့်အကြောင်းကို ဟောကြားခဲ့ပါသည်။

စိန့်ဂျိုးဇက်သည် တပါးသူကိုတိတ်ဆိတ်စွာကူညီတတ်​သူတစ်​ဦးဖြစ်သလို၊ ရိုးသားဖြောင့်မတ်သူ၊ အလုပ်ကြိုးစားသူ၊ နှိမ်ချသောသူနှင့် မယ်တော်သခင်မကိုချစ်မြတ်နိုးသူတစ်ေ​ယာက်ဖြစ်တယ်။သူနားမလည်တဲ့အရာတစ်​ခုကို လက်ခံနိုင်စွမ်းမရှိလို့နောက်ဆုတ်ဖို့ဆုံးဖြတ်ခဲ့သော်လည် ဘုရားသခင်က သူ၏စီမံကိန်းတော်ကို စိန့်ဂျိုးဇက်အား အိမ်မက်မှာဖော်ပြပေးခဲ့တယ်။ သူ့ကိုဘုရားသခင်တာဝန်ပေးခံရကြောင်းသိပြီးသည့်နောက် သူဘဝတစ်​ခုလုံးကို သူငယ်တော်နှင့် မယ်တော်မာရီယားအတွက် တိတ်ဆိတ်စွာ၊ ညီညူးခြင်း အပြစ်တင်ခြင်းကင်းစွာ နှင့် အပြည့်အဝစောင့်ရှောက်ခဲ့တယ်။ သူငယ်တော်မွေးဖွားဖို့ နေရာရှာပေးခဲ့တယ်၊ သူငယ်တော်ကြီးပြင်း​လာဖို့ကူညီစောင့်ရှောက်ပေးတယ်၊ သူငယ်တော်ကို အလုပ်လုပ်တတ်​ဖို့ ထိန်းသိမ်းစောက်ရှောက်ပေးသူတယောက်အနေနှင့် တိတ်ဆိတ်စွာသင်ကြားပေးခဲ့တယ်။
 
 
လူအများစုဟာ တပါးသူအရေးနှင့်ပတ်သက်လာရင် ကိုယ်နဲ့မဆိုင်သလို နေတတ်ြ​ကတယ်၊ ပိုဆိုးတာက သူတပါးအပြစ်ကိုပါပြောဆိုတတ်​ကြသေးတယ်၊ ဒါပေမဲ့ စိန့်ဂျိုးဇက်ကတော့ တိတ်ဆိတ်စွာနဲ့ ကာကွယ်ကူညီစောင့်ရှောက်ပေးပြီး တိုးတက်အောင်လုပ်ေ​ဆာင်ပေးခဲ့တယ်။ မိဘအများစုက သားသမီးများကို ဖိနှိပ်ခွဲခြားမူမရှိဘဲ မည်သို့ထိန်း​သိမ်းစောင့်ရှောက်ရမည်ကို ​ကောင်းစွာသိရှိကြတယ်။ က​လေးအမှားလုပ်ရင် အချိန်အခြေအနေတခုကိုကြည့်ပြီး ထိန်း​သိမ်းပြုပြင်ပေးတတ်​ကြတယ်။ ကလေးသူငယ်ဖွံဖြိုးရေးအတွက် အခြေအနေအချိန်အခါကိုကြည့်ပြီးပြောဆိုဆုံးမတတ်ြ​ခင်းဟာ အရေးကြီးသောအချက်ဖြစ်တယ်။ အဲ့ဒီလိုပဲ ဘုရားသခင်ဟာ သူချစ်တဲ့သားသမီးတွေအတွက် အချိန်ကို တိတ်ဆိတ်စွာစောင့်စားပေးခဲ့တယ်၊ ကြီးထွားတိုးတက်လာဖို့ စိတ်ရှည်စွာစောင့်နေခဲ့တယ်။
 
စိန့်ဂျိုးဇက်ဟာ တိတ်ဆိတ်စွာနေထိုင်တတ်​သူဖြစ်ပေမဲ့ နှလုံးသားအမြဲဖွင့်ထားသူ၊ ရည်ရွယ်ချက်​အတိုင်း လုပ်ဆောင်တတ်​သူ၊ ရည်မှန်းချက်ကို စိတ်ကူးပုံ​ဖော်တတ်​သူတစ်ေ​ယာက်ဖြစ်တယ်၊ လူသားများဟာ အမှန်တရားကို ဆန့်ကျင်ပြီးကိုယ့်ကိုယ်​ကို ကာကွယ်လို့မရတဲ့အတွက်ကြောင့်၊ လူသားတို့ရဲ့စိတ်ကူးအိမ်မက်တွေဟာ အမှန်တရားရှာဖွေးရေးအတွက် အားသာသော အခွင့်အလမ်းတွေဖြစ်တယ်။ တခါတရံမှာ ကိုယ့်ရဲ့မသိစိတ်က ကိုယ့်အလိုဆန္ဒကိုဖော်ထုတ်နေတတ်ေ​သ်ာလည်း၊ ကောင်းမွန်သော စိတ်ကူးရည်မှန်းချက်အများစုမှာ ဘုရားသခင်ပေးသော အကြံဉာဏ်ကျေးဇူးတော်မှ ပေါ်ထွက်လာကြခြင်းဖြစ်တယ်။ သို့သော် စိတ်ကူး အကောင်းအထည်​တွေကိုဖော်ထုတ် အောင်မြင်သွားကြသူအများစုမှာ အောက်ခြေလွတ်သွားတတ်ြ​ကတယ်၊ စိန့်ဂျိုးဇက်ကတော့ ဘယ်သောအခါမှ အောက်ခြေမလွတ် သတိရှိစွာ နှိမ့်ချစွာ၊ တိတ်ဆိတ်စွာနေထိုင်အသက်ရှင်ခဲ့တယ်။ လူတိုင်ဟာ စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်ရမည့် တာဝန်ရှိတယ်။ တွေကြုံလာရတဲ့အခက်အခဲ​တွေကြောင့် မိမိရဲ့စိတ်ကူးအိမ်မက်တွေကို ဘယ်သောအခါမှ မဆုံးရှုံးပါစေနဲ့။

ငါတို့အယောက်တိုင်းစီက ကိုယ့် အနာဂတ်အတွက်၊ မိသားအတွက်၊ သားသမီးတွေအတွက် စိတ်ကူးယဉ် အိမ်မက်တွေအမြဲတည်ဆောက်နေကြရမယ်။ ဘုန်းတော်ကြီးတွေအနေနဲ့လည်း ဘာသာသူတွေဘဝ တိုးတက်ဖို့အမြဲ​တွေးတောဖော်ဆောင်ပေးနေရမယ်။ လူငယ်တွေ စိတ်ကူးအိမ်မက်တွေ အကောင်အထည်ဖော်ဖို့မရှက်ကြောက်ကြပါနဲ့၊ စိတ်ကူအိမ်မက်တွေဟာ အနာဂတ်အကျိုးရလဒ်များအတွက် တံခါးဖွင့်ပေးသော အရာဖြစ်တယ်။ ကောင်းမွန်သော အနာဂတ်တွေပိုင်ဆိုင်ကြပါ။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-12/pope-francis-mass-saint-joseph-teaches-silence.html

#advent, #pope, #mass, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 13 =