Casa Santa Marta တွင် အင်္ဂါနေ့ ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta
Casa Santa Marta တွင် အင်္ဂါနေ့ ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
ဒီဇင်ဘာ ​၁၁ ရက် အင်္ဂါ နေ့

Casa Santa Marta ၌ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် ဘုရားသခင်သည် မိခင်တဦးကဲ့သို့ ကျွနု​ပ်တို့အား နှစ်သိမ့်မှု့ပေးရန် တောင်ဆိုကြဖို့ဟောကြားခဲ့ပါသည်။

နေ့စဉ် ပထမကျမ်းစာ ပရောဖက် အီဇာအိယ ဟောကြားသော ဘုရားသခင်၏ နှစ်သိမ့်​ပေးမူခံရရန် သူ၏လူမျိုးများကို ဆုတောင်းခိုင်းသည့်အကြောင်းကို အခြေခံပြီး၊ ဘုရားသခင်၏ နှစ်သိမ့်ပေးမူသည် လူသားတို့အတွက် ကယ်တင်ခံရခြင်းအရာဖြစ်သည်​။ သခင်ခရစ်တော် သေခြင်းကရှင်ပြန်ထမြောက်ပြီး တပည့်တော်ကြီးများကို နှစ်သိမ့်ပေးခဲ့သည်​။ ဘုရားသခင်သည် ကျွနု​ပ်တို့ကို နှစ်သိမ့်မူပေးရန် ကြိုးစားနေသည်​ သို့​သော်လူသားများသည် ဘုရားသခင်၏ နှစ်သိမ့်ပေးမူကို ရှာဖွေရမည့်အစား ငြင်းဆန်နေကြသည်​။

ဘုရားသခင်သည် လူတို့အား သနားကြင်နာမူဖြင့် နှစ်သိမ့်မှု​ပေးနေခြင်းကို သိရှိရမည်။ ယင်းသနားကြင်နာမှုကို ရရှိဖို့၊ မိမိ၏အာဏာပြတတ်ေ​​သာစိတ်နေစိတ်ထား၊ တိုးတက်မူမရှိသော ခရစ်ယာန်အသက်တာ၊ မပူမအေးစိတ်နေစိတ်ထားများကိုပြင်ဆင်ရမယ်၊ သိုးထိန်းသည် မိမိသိုးများကို ကျွေးမွေးရန်ပြင်ဆင်ခြင်း၊ မိမိသိုးများကိုမိမိလက်ဖြင့်ပွေ့ဖက်ခြင်း၊ လုံခြုံစိတ်ချရသောနေရာသို့ သယ်ဆောင်းပေသူကဲ့သို့ ဘုရားသခင်၏ကျေးဇူးတော်သည် သူရှေ့တွင်ကျွနု​ပ်တို့အတွက်ရှိနေပြီး ယင်းကျေးဇူးတော်သည် သနားကြင်နာမူဖြစ်ကြောင်း ကျွနု​ပ်တို့သိရှိရပါမည်။

ခရစ္စမတ် အတွက်ပြင်ဆင်တဲ့နေရာမှာ ဘုရားသခင်ရဲ့နှစ်သိမ့်ပေးမှု​ကျေးဇူးတော်များဝင်လာစေဖို့ ကျွနု​ပ်တို့နှစ်လုံးသားများကိုဖွင့်ထားရမယ်။ ယင်းနှစ်သိမ့်မှုရဖို့ ရိုးသား​ပျော်ရွှင်မူ​ကျေးဇူးများကိုလည်း တောင်းခံရမယ်။ ဘုရားသခင်အတွက် အသက်ပေးသွားကြသောသူများ အကြမ်းဖက်သမားများ၏ လက်တွင်လယ်လှီးသတ်ခံရသော ခရစ်ယာန်များ၏ နုတ်​ဖျားတွင် ယေဇူးယေဇူးဟုခေါ်တသံများကို ကြာခဲ့ရသည်၊ သူတို့၏ နှလုံးသားတွင် ဘုရားသခင်၏ နှစ်သိမ်ပေးမှုများပြည့်နှက်ေ​နကြောင်း ခံစားရသည်။ ဘုရားသခင်၏ နှစ်သိမ့်ပေးမူသည် ကောင်းကင်နိုင်ငံဝင်စားခွင့် ဖြစ်သည်​။ ဤလောကတွင်ဘုရားပေးသော နှစ်သိမ့်ပေးမူသည် ကောင်းမြတ်မှု့ကို အခြေခံသော နှစ်သိမ့်ပေးမှုများဖြစ်ကြောင်း၊ မိမိတို့အချင်းချင်း နှစ်သိမ့်မူ​ပေးကြရာတွင်လည်း အကောင်းကိုအခြေခံ၍ပေးရမည်ဖြစ်ကြောင်း ကိုလည်းဟောကြားခဲ့ပါသည်။

ဘုရားသခင်သည် ကျေးဇူးတော်များသယ်ဆောင်လျှက် သင်၏နှလုံးသားတခါးကို ​ခေါက်နေကြောင်း၊ မိမိသည် အပြစ်သားတယောက်ဖြစ်နေသော်လည်း ပျောက်သောသိုးကို သိုးထိန်း​သည်အလေးထားရှာဖွေသကဲ့သို့ ဘုရားသခင်သည် အပြစ်သားကိုပြည်လည်ရှာဖွေနေတော်မူကြောင်းသိရရှိရမယ်။ ဘုရားသခင်သည် မည်သူတဦးတယောက်မျှ မဆုံးရှုံး​စေလိုသောဆန္ဒကိုဖော်ပြနေတယ်။ ကျွနု​ပ်တို့လူသားများဟာငြိမ်းချမ်း၊ နှစ်သိမ့်ပေးမူများကိုငြင်းဆန်တတ်​ကြတယ်၊ ဒါပေမဲ့ သတိထားကြည့်ပါ အဲ့ကျေးဇူးတော်တွေသယ်ဆောင်လာပြီး သင်းနှလုံးသားတခါးကို အဆက်မပြတ်ခေါက်နေသူဟာဘုရားသခင်ဖြစ်တယ်ဆိုတာသတိထားကြပါ။ သူကိုခွင့်ပြုပေးကြပါ သင်တို့နှလုံးသားထဲမှာ သူကျေးဇူးတော်တွေနဲ့ပြည့်စေကြပါ ဟုဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-12/pope-francis-homily-daily-mass-comfort-consoled-by-god.html

#advent, #pope, #mass, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 1 =