Casa Santa Marta တွင် အင်္ဂါနေ့ ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta
Casa Santa Marta တွင် အင်္ဂါနေ့ ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
ဒီဇင်္ဘာ ၄၊ ၂၀၁၈

ဒီဇင်္ဘာ ၄ ရက် အင်္ဂါ နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် အာဒ်ဝင်တူးကာလသည် မိမိစိတ်နှလုံး၊ မိမိ မိသားစု၊ မိမိပတ်ဝန်းကျင် နှင့်ငြိမ်းချမ်းရေးတည်ဆောက်ရမည့် အချိန်ကာလဖြစ်ကြောင်းဟေားကြားခဲ့ပါသည်။
ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုတာ၊ နှိမ်ချသောဘုရားကိုအတုယူခြင်း၊ သူတပါးထိခိုက်နာကျင်စေမည့် အရာများမပြုလုပ်မပြောဆိုခြင်းတို့ပါဝင်တယ်။
ငြိမ်းချမ်းရေး၏ အရှင်သခင် ခရစ်တော်ဘုရား၌ လောကသက်ရှိအရားအားလုံး ပြောင်းလဲးသွားကြလိမ့်မယ်။ သူဟာငြိမ်းချမ်းရေး၏ အရှင်သခင်ဖြစ်လိုပါပဲ။
စိတ်ပျက်အားငယ်မှု့တွေ၊ မချိတင်ကဲ ခံစားနေရသူတွေ၊ မျှော်လင်ချက်မဲ့နေသူတွေ အတွက် အတွင်းစိတ်ငြိမ်းချမ်းခြင်းက မိမိကိုယ်တိုင်ကစရမယ်၊ သခင်ခရစ်တော်ဟာ ငြိမ်းချမ်းခြင်းအရှင်သခင်ဖြစ်တယ်၊ သူစီမှာ သင့်အတွက်ငြိမ်းချမ်းမှု့ရှိတယ်၊ သူနဲ့ဘဝကိုအစပြုပါ၊ ဘုရားသခင်နဲ့အစပြုတဲ့အသက်တာဟာ ငြိမ်းချမ်းမှုရှိတဲ့အသက်တာဖြစ်တယ်။

သင့်ကိုတိုင်ငြိမ်းချမ်းမှု့ရပြီဆိုရင် အဲ့ငြိမ်းချမ်းမှု့ကို သင့်မိသားစုထည်းကိုသယ်ဆောင်သွားပါ။ မိသားစု အများစုဟာ စည်းလုံးမှု့အားနည်းခြင်း၊ နားလည်မှု့မရှိကြခြင်း စတဲ့ မိသားစုအတွင်း စစ်ပွဲးငယ်လေးတွေဖြစ်နေကြတယ်။ ယင်းမိသားစုတွေထည်းမှာ သင်က ဆက်သွယ်ပေးမဲ့ တံတားဆောက်ပေးသူဖြစ်မလား ခွဲးခြားပြစ်မဲ့ တံနိုင်ကာပေးသူလား၊ မိသားစုစစ်ပွဲးတွေကိုအဆုံးသပ်ပေးသူ ငြိမ်းချမ်းမှု့ကိုသယ်ဆောင်ပေးသူဖြစ်ရမယ်။

ယနေ့ခေတ်ကမ္ဘာကြီးမှာလည်း စည်းလုံးမှု့မရှိခြင်း၊ အမုန်းတရားတွေးပွားများနေခြင်း၊ အမြတ်ထုတ်မှု့တွေများနေခြင်းတွေက ငြိမ်းချမ်းမှု့ကိုဖျက်စီးနေခြင်းဖြစ်တယ် ဒီအခြေအနေမျိုးတွေမှာ ခရစ်ယာန်တွေက ငြိမ်းချမ်းမှု့ဖော်ဆောင်သူ စည်းလုံးကြဖို့ တံတားခင်းပေးသူတွေဖြစ်ရမယ်၊

ဘုရားသခင်က ခရစ်ယာန်တွေကို ငြိမ်းချမ်းမှု့ဖော်ဆောင်သူတွေဖြစ်စေခြင်တယ်။ ငြိမ်းချမ်းခြင်းဆိုတဲ့စိတ်နေစိတ်ထားကိုသခင်ခရစ်တော်က သမ္မကျမ်းစာ စာမှာဖော်ဆောင်ပေးထားတယ်၊ အဲ့ဒီအချက်ကို ဖြူစဉ်ရိုးသားသူ၊ နှိမ့်ချသူတွေသာနားလည်နိုင်တယ်၊ အသေးအဖွဲးလေးတွေကအစ၊ သင်ကိုယ်တိုင်စတင်ပြီး ငြိမ်းချမ်းမှု့ရှိသူ ငြိမ်းချမ်းမှု့ဖော်ဆောင်နေသူ၊
ငြိမ်းချမ်းမှု့ဝေမျှနေသူဖြစ်နေရမယ်။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-12/pope-francis-santa-marta-advent-peacemaker-christmas.html

#advent, #pope, #mass, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 4 =