Casa Santa Marta တွင် တနင်္လာနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta
Casa Santa Marta တွင် တနင်္လာနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
ဒီဇင်ဘာ ၁၀၊ ၂၀၁၈

ဒီဇင်ဘာ ၁၀ ရက် တနင်္လာ နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် ယုံကြည်ခြင်းခိုင်မြဲရန်၊ ကျေးဇူးတော်တောင်းခံခြင်းဖြင့် အာဝဒ်တူးကာလကိုပြင်ဆင်ကြဖို့ တိုက်တွန်းဟောကြားခဲ့ပါသည်။

ပြည့်ဝသောယုံကြည်ခြင်းဖြင့် ခရစ္စမတ် ကိုကျင်းပနိုင်ရန်ပြင်ဆင်ခြခင်း သည် အရေးကြီးကြောင်း၊ လေဖြတ်ထားသောရောဂါသည်ကို သခင်ခရစ်တော်ထံ သယ်ဆောင်လာကြသောသူများ၏ယုံကြည်ခြင်းကို အခြေခံပြီး ယုံကြည်ခြင်းကိုထိန်း​သိမ်းခြင်း၊ ကာကွယ်အလုပ်များသည် လွယ်ကူသော အလုပ်များမဟုတ်ပါ၊
သခင်ခရစ်တော်သည် ရောဂါဝေဒနာခံစားသူကိုကူညီပေးကြသော မိတ်ဆွေများထံတွင်ကြီးမားသောယုံကြည်ခြင်း(သခင်ခရစ်တော်ထံရောက်ရင် ရောဂါပျောက်ကင်းမယ်)ကို တွေ့မြင်ရ သည်​ ဖြစ်​၍ ထိုသူတို့၏ ယုံကြည်ခြင်းကို သခင်ခရစ်တော် အသိအမှတ်ပြုခဲ့သည်​။

မိမိမိတ်ဆွေသက်သာပျောက်ကင်းစေဖို့ကူညီပေးကြသော ယနေ့ကျမ်းစာတွင်ပါသောမိတ်ဆွေများ၊ လူတစ်​ရာတပ်မူး သူ၏ကျွန်ဖျားနာနေသည်ကို ကုသပေးရန် သခင်ခရစ်တောကို ကြီးမားသောယုံကြည်ခြင်းဖြင့် တောင်းခံခဲ့ပုံ၊ သခင်ခရစ်တော်၏ အဝတ်ကိုမျှတို့ထိရလျှင် မိမိရောဂါပျောက်ကင်းမည်ဟု ကြီးမားသောယုံကြည်ခြင်းရှိသူ သွေးသွန်နာစွဲ​သောအမျိုးသမီး၊ ဒီလူတို့၏ယုံကြည်ခြင်းကို အတုယူခြင်းအားဖြင့် သခင်ခရစ်တော်အပေါ်ကြီးမားသောယုံကြည်ခြင်းသည် အရာရာအားလုံးကို ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြနေပါသည်​။

 
ယင်းကဲ့သို့သောယုံကြည်ခြင်းမျိုးဖြင့် ခရစ္စမတ် ကိုကျင်းပနိုင်ရန် ကျေးဇူးတော်တောင်းခံကြရမည်။ ခရစ္စမတ် ကို လောကအပြင်အဆင်များဖြင့်သာကျင်းပနေကြတာများတယ်၊ တကယ့်ပြည့်ဝပြင်းထန်သောယုံကြည်ခြင်းနဲ့ကျင်းပမှုအားနည်းကြတယ်၊ အဲ့ဒါကြာင့် ယုံကြည်ခြင်းကိုထိန်းသိမ်းခြင်း၊ ကာကွယ်အလုပ်သည် လွယ်ကူသောအလုပ်မဟုတ်ကြောင်း သိရှိရန်လိုအပ်ပါသည်။ ထို့အတွက် ကြောင့် ဆုတောင်းကြပါ ကိုယ်တော်ကိုယုံကြည်ပါ၏ ကျွနု​ပ်​ယုံကြည်ခြင်းကိုခိုင်မြဲ​စေတော်မူပါ၊ ကျွနု​ပ်၏ယုံကြည်ခြင်းကိုကာကွယ်စောင့်ရှောက်ပေးတော်မူပါလို့ နေစဉ်ဆုတောင်းကြပါ။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-12/pope-francis-mass-casa-santa-marta-second-week-advent.html

#advent, #pope, #mass, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 11 =