Casa Santa Marta တွင် တနင်္လာနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta
Casa Santa Marta တွင် တနင်္လာနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
ဒီဇင်္ဘာ ၃၊ ၂၀၁၈

ဒီဇင်္ဘာ ၃ ရက် တနင်္လာ နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် လူတစ်ရာတပ်မှုးမှ သူ၏ဖျားနာနေသော ကျွန်အား ကုသပေးရန် ယုံကြည်ခြင်းအပြည့်ဖြင့် သခင်ခရစ်တော်ထံတောင်ခံခဲ့ကြောင်း ရှင်မာတေဦး ကျမ်းစာကိုအခြေခံပြီး အာဒ်ဝင်တူးကာလသည် မိမိယုံကြည်ခြင်းကို ဖြူစဉ်သန့်ရှင်းအောင်ပြုလုပ်ရမည့်ကာလ ဖြစ်ကြောင်းဟေားကြားခဲ့ပါသည်။

နေစဉ် ဘုရားကျောင်းသွားဆုတောင်း၊ ပုံမှန်ယုံကြည်ခြင်းနဲ့ အသက်ရှင်နေသူတွေအတွက်ယုံကြည်ခြင်းဟာ အကျင်တခုလိုဖြစ်လာပြီး အသက်မပါတော့သလိုဖြစ်လာတယ်။ ယုံကြည်ခြင်းရဲ့ခွန်အားကိုကိုယ်တိုင်လည်းမသိတော့သလိုဖြစ်လာတယ်၊ ယုံကြည်ခြင်းဆိုတာ အမြဲးဆန်းသစ်နေရမဲ့အရာဖြစ်တယ်၊ ကက်သလစ်ခရစ်ယာန်အများစုက နေစဉ်အသစ်သော အသက်ဝင်နေတဲ့ယုံကြည်ကြည်ခြင်းမဟုတ်ပဲ ပုံမှန်လုပ်ရိုလုပ်စဉ်နဲ့အသက်ရှင်နေကြတဲ့ယုံကြည်ခြင်းသာဖြစ်နေကြတယ်။

အာဒ်ဝင်တူးကာလကို အတိတ်၊ မျက်မှောက်ခေတ်ကာလ နှင့် အနာဂတ်ဟူ၍ အပိုင်သုံးပိုင်ဖြင့် ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် မှ ရှင်းပြခဲ့ပါသည်။

အာဒ်ဝင်တူးကားလသည် အတိတ်မှ အမှတ်တရကိုပြန်လည် ဖြူစဉ်ဆန်းသစ်စေခြင်းဖြစ်ကြောင်း၊ သခင်ခရစ်တော်လောကကိုကြွလာပြီးတို့ကိုကယ်တင်ခဲ့တယ် ဟုတ်တယ် ဘုရားကြွလာတဲ့ပွဲးက ကြီးမြတ်တဲ့ပွဲး ကျင်းပရမဲ့ပွဲးဖြစ်တယ် ဒါပေမဲ့ သခင်ခရစ်တော်ကို အဓိကထားပြီးကျင်ပတာမဟုတ်ပဲ၊ ဈေးလျှော့ရောင်းပွဲး၊ ဈေးဝယ်ပွဲး၊ စားသောက်ပွဲး၊ လက်ဆောင်ပေးပွဲးလောက်ပဲ ဦးစားပေးပြီး သခင်ခရစ်တော်ကိုမေ့နေခဲ့ရင်၊ ခရစ္စမတ်ဆိုတာ အဓိပ္ပါယ် မဲ့သွားမယ်။ အပြင်အဆင်အပျော်အပါး၊ အသောက်အစား ပွဲး မွေးဖွားခြင်းမဟုတ်၊ သခင်ခရစ်တော်မွေးဖွားသောပွဲးဖြစ်တာကို သတိရှိရမယ်။ ဒါကြောင့် ဘုရားသခင်ကို အဓိကထားသော ခရစ္စမတ် အတိတ်ကဘုရားကြွလာခြင်းအပေါ် မိမိတို့ယုံကြည်ခြင်းကို အသစ်ပြုပြင်ခြင်းအထိမ်းအမှတ်ဖြစ်နေရမယ်။

အာဒ်ဝင်တူးကာလဟာ ဘုရားသခင်နဲ့ တကယ်တွေ့ရမဲ့ အချိန်အတွက်ပြင်ဆင်ခြင်းဖြစ်တယ်၊ ဘာဖြစ်လို့လည်းဆိုတော် သခင်ခရစ်တော်ပြေားထားတယ်၊ သူပြန်လာမယ် (အနာဂတ်ကာလအတွက်ပြင်ဆင်ခြင်း) သူပြန်လာတဲ့အချိန်ကြရင် မင်လောကမှာ ဘယ်လို အသက်ရှင်နေထိုင်ခဲ့သလည်းဆိုတာမေးမယ်၊ အဲ့တာသင်ကိုတိုင်ဖြေဆိုရမည့်မေးခွန်းဖြစ်တယ်၊။
ခရစ္စမတ် ပွဲးကျင်းပခြင်းဟာ လွန်ခဲ့တဲ့ နှစ် နှစ်ထောင်ကဘုရားသခင်ကြွလာခဲ့တာကိုပြန်ပြောင်းအောက်မေ့ဖွယ်ရာ ကျင်းပသလို နေစဉ်အသက်တာမှာ ကိုယ်တော်မြတ်စက္ကရ်မင်းတူး မှာ နေစဉ်ကြွာခြင်း သင်နှင့်ဘုရားသခင် နေစဉ်တွေဆုံခြင်းဖြစ်နေတာကိုမမေ့ပါနဲ့။ ဒါကြောင့် ဘုရားသခင် သင်အတွက်ကြွလာချိန်မှာ သင်ရဲ့ဘုရားသခင်အပေါ်မှာထားတဲ့ယုံကြည်ခြင်းက ဖြူစဉ်သန့်ရှင်းနေရမယ်။

ဒါကြောင့် နေ့စဉ်အသက်တာယုံကြည်ခြင်းကို ဖြူစဉ်အောင်လုပ်နေခြင်း၊ နိုးနိုးကြားကြားစောင့်နေခြင်းဟာ မျက်မှောက်ကာလ အသက်ရှင်ရမဲ့တာဝန်ဖြစ်တယ်၊ ဘုရားသခင်ကြွလာမည့်အချိန်ကို မည်သူမျှ မသိသလို ၊ အဆင်သင့်စောင်နေရမည့်တာဝန်သည် ကျွနုပ်တို့တာဝန်ဖြစ်ကြောင်း ဟေားကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-12/pope-francis-homily-daily-mass-advent-purifying-faith.html

#advent, #pope, #mass, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 1 =