Bambinelli တနင်္ဂနွေနေ့ မှာ ပျော်ရွင်ကြရန် ဖိတ်ခေါ်

သူငယ်တော်ပုံတူ ဆင်းတုလေးများကို ကလေးသူငယ်များမှ ယူဆောင်လာကြ
Bambinelli တနင်္ဂနွေနေ့ မှာ ပျော်ရွင်ကြရန် ဖိတ်ခေါ်
ဒီဇင်​ဘာ ၁၆၊ ၂၀၁၈

အာဒ်ဝင်တူးကာလ တတိယ တနင်္ဂနွေနေ့ သည် ပျော်ရွင်ဖွယ်ရာ တနင်္ဂနွေနေ့ ဖြစ်ပြီး အစဉ်အလာအရ စိန့်ပီတာရင်ပြင်တွင် ပုပ်ရဟန်းမင်းကြီးနှင်အတူ အန်ဂျေလူး​မေတ္တာရွတ်ဆိုခြင်းတွင် သူငယ်တော်ပုံတူ ဆင်းတုလေးများကို ကလေးသူငယ်များမှ ယူဆောင်လာကြကာ ရဟန်းမင်းကြီးထံမှ ကောင်းခြင်းပေးခြင်းခံယူသော အလေ့အထရှိပြီး သူငယ်တော်လေးမွေးဖွားခြင်း အဓိပ္ပါယ် ကိုပိုမိုသတိရှိစေရန်ဖော်ဆောင်ကြခြင်းဖြစ်ပါသည်။

စိန့်ပီတာရင်ပြင်တွင် စုရုံးနေကြသော ကလေးသူငယ်များကို ရဟန်းမင်းကြီးမှ သင်တို့ သူငယ်တော်လေးရဲ့ရှေ့မှာ မိသားစုနှင့်အတူဆုတောင်းတဲ့အခါ သူငယ်တော်လေးကိုကြည့်နေရင် ထူးဆန်းအံ့သြဖွယ်ရာ ဘုရား၏ လူ့အဖြစ်ယူခြင်းအကြောင်းကို ခံစားလာရမယ်၊ သင်တို့ရဲ့နှလုံးသားထဲကို သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက ကောင်းမြတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း နှင့် နှိမ့်ချခြင်းကျေးဇူးတော်တွေ သွန်းလောင်းချပေးသနားတော်မူမယ်၊ အဲ့တာဟာ သင့်အတွက်နှင့်သင့်မိသားစုအတွက် ခရစ္စမတ် ဖြစ်တယ်။ ပရောဖက်ဇေဖနိယမှ (သူ၏ချစ်ခြင်းမေတ္တာဖြင့်သင့်ကိုပျော်ရွင်စေမည်) ဟူသော ကျမ်းချက်သည် ခရစ်တ်ာကြလာရန်ပြင်ဆင်နေသော ကျွနု​ပ်တို့အတွက်ကိုက်ညီသောကျမ်းချက်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော သခင်ခရစ်တော်သည် ကျွနု​ပ်တို့နှင့်အတူရှိတော်မူသောဘုရား၊ သူသည်ကျွနု​ပ်တို့ပျော်ရွင်မူ့၏ အရင်းအမြစ် ဖြစ်သောကြောင့် အာဒ်ဝင်တူကားလသည်ကျွနု​ပ်တို့ကိုပျော်ရွင်စေရန် ဖိတ်ခေါ်နေပါသည်။ ဘုရား၏ကယ်တင်တော်မူခြင်းကို လိုလာ​တောင့်တနေသူများအတွက် စိတ်ပျက်အားငယ်ခြင်းများမလိုအပ်တော့ဘဲ ပျော်ရွင်သောစိတ်နှင့်ဘုရားကိုကျေးဇူးတင်ရန်သာလိုအပ်ကြောင်း ဟောကြားခဲ့ပါသည်။

သံပေါလူးမှလည်း ဘုရားသခင်ထံကျွနု​ပ်တို့လိုအပ်ချက်များ တောင်းခံကြသည့်အခါတိုင်း မည်သည့်အရာအတွက်မျှ စိုးရိမ်ပူပန်ခြင်းမရှိကြနှင့် အဘယ့်ကြောင့်ဆိုသော်ကျွနု​ပ်တို့၏ အခက်အခဲ့များကို ဘုရားသခင် သည် ဖြေရှင်းပေးတော်မူလိမ့်မည်။ ထို့အတွက်ဝမ်းမြောက်​ရွှင်လမ်းကြပါ။
ဆက်လက်ပြီး အာဒ်ဝင်တူးကာလသည် အကျင့်တရားပြောင်းလည်းရမည့်ကာလ ဘုရားသခင်၏ ပျော်ရွှင်မူကိုလက်ခံရယူရန် မိမိကိုယ်ကို မိမိ (ငါဘာလုပ်သင့်သလဲး)ဟုမေးရပေလိမ့်မည့်ကာလဖြစ်ပါသည်ဟု
အန်ဂျေးလူး မေတ္တာ မရွတ်ဆိုမှီတွင် ဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-angelus-invitation-to-joy-on-bambinelli-sunday.html

#pope, #angelus, #advent, #peterkm,
Photo credits to Vatican News.
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 7 =