ငြိမ်းချမ်းရေးတည်ဆောက်သူများ၊ အားနည်းသူများဘက်မှ ရပ်တည်ပေးသော TV သတင်းဌာနဖြစ်ရန် ရဟန်းမင်းကြီး တိုက်တွန်း

TV သတင်းဌာနတစ်ခုဖြစ်သော Telepace တရားဝင်လုပ်ကိုင်နေသူ အယောက် ၁၄၀ နှင့် တွေ့ဆုံခြင်း
ငြိမ်းချမ်းရေးတည်ဆောက်သူများ၊ အားနည်းသူများဘက်မှ ရပ်တည်ပေးသော TV သတင်းဌာနဖြစ်ရန် ရဟန်းမင်းကြီး တိုက်တွန်း
ဒီဇင်ဘာ ၁၃၊ ၂၀၁၈

အီတလီနိုင်ငံ Verona သာသနာနယ်တွင်ရှိ ရဟန်းမင်းကြီး ၏ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း၊ တနင်္ဂနွေနေ့တိုင်း အန်ဂျေးလူမေတ္တာရွတ်ဆိုခြင်းသတင်းများကို ထုတ်လွှင့်ပေးနေသော ကက်သလစ် TV သတင်းဌာနတစ်ခုဖြစ်သော Telepace ၏ နှစ် ၄၀ ပြည့်အခမ်း​အနားတွင် တရားဝင်လုပ်ကိုင်နေသူ အယောက် ၁၄၀ နှင့် တွေ့ဆုံခြင်းတွင် ငြိမ်းချမ်းရေးတည်ဆောက်သူများ၊ အားနည်သူများဘက်မှ ရပ်တည်ပေး​နေသော TV သတင်းဌာနဖြစ်ရန် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ တိုက်တွန်းခဲ့ပါသည်။

ယနေ့ခေတ်ဖြုန်း​တီးခြင်း အလေ့အထကြောင့် လမ်းဘေးရောက်ကြရသူများ၊ စွန့်ပစ်ခံလူသားများ၊ မိမိအခက်အခဲဒုက္ခ မတရားခံရမူများကို ဖော်ထုတ်ခြင်းသောလည်း ဖော်ထုတ်ပေးမည့်သူမရှိသောသူများ ဘက်မှ ရပ်တည်ပေးကြဖို့၊ ဘုရား၏လက်ဆောင်လည်းဖြစ်၊ ကြီးမားစွာတာဝန်ယူရသည့် လူထုဆက်သွယ်ရေးပစ္စည်းများ၏ စွမ်းအားကို အသုံးပြုပြီး ဂရုစိုက်ခြင်း၊ နှစ်သိမ့်မှု​ပေးခြင်း၊ သက်သာမှုရရှိစေခြင်း၊ အထီးကျန်မှုကိုကာကွယ်ပေးခြင်း နှင့် စိတ်ပျော်ရွှင်မှုများကို အတတ်​နိုင်ဆုံးဖန်တီးပေးကြစေလိုသည်​။

 
ဝိညာဉ်ရေး ဆိုင်ရာကျေးဇူးတော်များဝေငှရာဌာန၊ လူငယ်များကိုပညာပေးရာဌာနနှင့် သူတပါးမကောင်းပြောခြင်းကို ရှောင်ရှားဖို့ သတိပေးခဲ့ပါသည်။

၁။ ။ ဝိညာဉ်ရေး ဆိုင်ရာကျေးဇူးတော်များဝေငှရာဌာန
သင်တို့၏ TV သတင်းဌာနကို ဘဝနေဝင်ချိန်လူနာများ၊ ထောင်သားများ၊ ဆင်းရဲသားအိမ်နီးနားခြင်းမိတ်ဆွေများ အပေါ်ကူညီစောင်ရှောက်တတ်ေ​သာစေတနာစိတ်များဖြစ်ပေါ်စေရန်၊ ဘုရားသခင်၏ သနားကြင်နာမှုကို လူသားများအကြားမြင်တွေ့စေရန်၊ ဘုရား၏လုပ်ေ​ဆာင်မှုကို လူတို့သိရှိခံစားနိုင်စေရန် လှုံဆော်ပေးသောဌာနတခုဖြစ်စေရန်၊

၂။ ။ လူငယ်များကို ပညာပေးရာဌာန လူငယ်များ၏ အမှားများကို​ထောက်ပြနေခြင်းထက် လူငယ်များ၏ စိတ်ကူးအိမ်မက်များဖော်ထုတ်ပေးရာနေရာ အဖြစ်လူငယ်များကို အထူးဂရုပြုပေးကြရန်၊ လူငယ်များ ချစ်ခြင်းမေတ္တာကို လက်ဆင့်ကမ်းသက်သေခံသူများဖြစ်လာစေရန် သမ္မကျမ်းစာကို နားလည်သဘောပေါက်စေရန် သင်ပြပေးသောဌာနဖြစ်စေလိုသည်​။

၃။ ။ သူတပါးမကောင်းပြေားခြင်ကို ရှောင်ရှားရန်
အမုန်းတရားများ၊ မှားယွင်းသော အတွေးအခေါ်များကိုတိုးပွားစေသော၊
သူတပါးအားနည်းချက်၊ မှားယွင်းမှု့များကိုသာထောက်ပြတတ်ေ​သာ အသုံးချခံမီဒီယာဌာနမဖြစ်စေရန် သတိထားကြဖို့၊
မိမိတို့သတင်းမီဒီယာဌာနသည် တာဝန်ခံနိုင်သော၊ တာဝန်ယူမှုရှိသော သတင်းဌာနဖြစ်ရန်၊ Telepace ၏ အဓိပ္ပါယ်သည် Television of Peace ငြိမ်းချမ်းရေး တယ်လီဗွီးရှင်းသတင်ဌာန ဟူသော အမည်နာမနှင့်ကိုက်ညီအောင် ငြိမ်းချမ်းရေး ဖော်ဆောင်သူများဖြစ်ကြဖို့ တိုက်တွန်းခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-telepace-tv-media-peace-journalism-poor.html

#telepace, #pope, #encourage, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 5 =