ကြင်နာသနားတတ်သော အစဉ်အလာကို ပိုမိုတိုးတက်အောင်လုပ်ဆောင်ကြဖို့ ဆစ်ခ်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များကို ရဟန်းမင်းကြီးရုံးတော်မှ တိုက်တွန်း

ဆစ်ခ်ဘာသာတရားတည်ထောင်သူ Guru Nanak ၏ မွေးနေ့ပွဲ
ကြင်နာသနားတတ်သော အစဉ်အလာကို ပိုမိုတိုးတက်အောင်လုပ်ဆောင်ကြဖို့ ဆစ်ခ်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များကို ရဟန်းမင်းကြီးရုံးတော်မှ တိုက်တွန်း
နိုဝင်ဘာလ ၁၈၊ ၂၀၁၈
 

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကျရောက်သော ဆစ်ခ်ဘာသာတရားတည်ထောင်သူ Guru Nanak ၏ မွေးနေ့ပွဲအတွက် ရဟန်းမင်းကြီးရုံတော် ဘာသာတရားနှီးနှောဖလှယ်ခြင်းဆိုင်ရာ ကောင်စီမှ လူသားတိုင်းကောင်းကျိုးအတွက်နှင့် ကမ္ဘာပေါ်ရှိဖန်ဆင်းခံသတ္တဝါအားလုံးကောင်းကျိုးအတွက် ကြင်နာသနားတတ်သော အစဉ်အလာကို ပိုမိုတိုးတက်အောင်လုပ်ဆောင်ကြဖို့ ဆစ်ခ်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များကို ရဟန်းမင်းကြီးရုံးတော်မှ တိုက်တွန်းစာတစ်စောင် ထုတ်ပြန်လိုက်ပါသည်။

 
ရဟန်းမင်းကြီးရုံတော် မှ အတွင်းရေးမှူး ဆရာတော် Miguel Angel Ayuso Guixot လက်မှတ်ဖြင့် ပေးပို့သော စာတွင် ကျရောက်လာမည့် ဆစ်ခ်ဘာသာတရားတည်ထောင်သူ Guru Nanak ၏ မွေးနေ့ပွဲကို အကြောင်းပြုပြီး ယနေ့ခေတ်ကမ္ဘာကြီးတွင် တပါးသူကို လစ်လျှုရှုခြင်း နှင့် တကိုယ်ကောင်းဆန်သော မိမိကိုယ်ကိုယ်သာ ဦးစားပေး နေထိုင်သောစနစ်သည် လူသားထုကြားတွင် နေရာတိုင်း၌ အမြစ်တွယ်နေသော အခြေအနေကို တွေ့နေရပါသည်၊ ထို့အတွက့်ကြောင့် ကြင်နာသနားတတ်သော အစဉ်အလာကို ပြုစုပျိုးထောင်ပြီး ပိုမိုတိုးတက်အောင်လုပ်ဆောင်ကြဖို့တိုက်တွန်းလိုပါသည်။
 
လူသားတိုင်းကောင်းကျိုးအတွက်နှင့် ကမ္ဘာပေါ်ရှိဖန်ဆင်းခံသတ္တဝါအားလုံးကောင်းကျိုးအတွက် ကြင်နာသနားတတ်သော အစဉ်အလာကို ဆစ်ခ်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များ ပူပေါင်း၍ ပိုမိုတိုးတက်အောင်လုပ်ဆောင်ကြဖို့ အထူးသဖြင့် အားကိုးရာမဲ့ဘဝများ၊ ဆင်းရဲသားများ၊ အားနည်းသူ၊ ဖျားနာသူ၊ သက်ကြီးရွယ်အိုများ၊ မသန်မစွမ်း ဖြစ်နေသူများ နှင့် ရွေ့ပြောင်းနေထိုင်ရန် ကြိုးစားနေကြသော ဒုက္ခသည်များကို ဘာသာတရားခွဲ ခြားမှုမရှိဘဲ သနားကြင်နာကြဖို့ တိုက်တွန်း လိုက်ပါသည်။
 
ကလေးသူငယ်များ၊ ကျောင်းသူကျောင်းသားများ၊ မိသားစုဝင်များ၊ ဘာသာရေးအသိုင်းအဝိုင်များ၊ ပညာရေးဌာနများ၊ လူထုဆက်သွယ် ဆက်ဆံရေးဌာနာများတွင်လည်း ကြင်နာသနားတတ်သော အစဉ်အလာကို အမြစ်တွယ် တိုးတက်လာစေရန် လုပ်ဆောင်ကြဖို့ အားပေးတိုက်တွန်းလိုက်ပါသည်။

 

 
https://www.vaticannews.va/en/vatican-city/news/2018-11/vatican-pcid-int...

#interreligious, #tenderness, #sikhs, #christian, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

11 + 6 =