၃၁ ကြိမ်မြောက် သိုးထိန်းခရီးစဉ်အကြောင်း ပြန်လည်ဝေမျှခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်

၃၁ ကြိမ်မြောက် သိုးထိန်းခရီးစဉ်အကြောင်း ပြန်လည်ဝေမျှခြင်း
စက်တင်ဘာလ ၁၁၊ ၂၀၁၉

အပတ်စဉ်တွေဆုံနေကြ ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း နှင့် ဘာသတရားသင်ကြားခြင်းတွင် စက်တင်ဘာလ ၄ - ၁၀ ရက်ထိ ၃၁ ကြိမ်မြောက် မျှော်လင့်ခြင်း၊ ငြိမ်းချမ်းခြင်း နှင့် ဘုရားဖူး သိုးထိန်း ခရီးစဉ် ဖြစ်သည့် မိုဇမ်ဘစ်၊ မာဒါဂါစကာ နှင့် မောရေးရှ နိုင်ငံခရီးစဉ် အကြောင်းကိုပြန်လည် ဝေမျှခဲ့ပါသည်။

ချစ်လှစွာသော ညီကိုမောင်နှအပေါင်းတို့ မနေညက မှ မိုဇမ်ဘစ်၊ မာဒါဂါစကာ နှင့် မောရေးရှ နိုင်ငံခရီးစဉ်က ကျွနု် ရောမမြို့ကို ပြန်ရောက်တယ်၊ ဒီကမ္ဘာမြေပေါ်မှာ တရားမျှတမူ့၊ ငြိမ်းချမ်းခြင်း နှင့် ညီကိုယ်မောင်နှမ စိတ်ဓာတ်တို့၏ စစ်မှန်သောအခြေခံဖြစ်သည့် သခင်ခရစ်တော်ရဲ့သတင်းစကားကို ဝေမျှဖို့ မျှာ်လင့်ခြင်းနှင့် ငြိမ်းချမ်းခြင်းဘုရားဖူး ခရီးစဉ်သွားခဲ့တာဖြစ်တယ်။

မိုဇမ်ဘစ်နိုင်ငံခေါင်းဆောင်တွေနဲ့တွေ့တဲ့အချိန်မှာ အများကောင်းကျိုး အတွက် အတူတကွလုပ်ဆောင်ကြဖို့၊ လူငယ်တွေနဲ့တွေတဲ့အချိန်မှာ နိုင်ငံတည်ဆောက်ခြင်းမှာ သူတို့ရဲ့ကဏ္ဍကနေပါဝင်လုပ်ဆောင်ကြဖို့၊ ဆရာတော်တွေ ဘုန်းတော်ကြီးတွေ သူတော်စဉ်ဂိုဏ်းဝင်တွေနဲ့ တွေ့တဲ့အချိန်မှာ အမိမယ်တော်ကဲ့သို့ Yes ဆိုတဲ့စကားကို ရက်ရောစွာ ပြောဆိုနိုင်ဖို့ ကျွနု်ပ်အားပေးခဲ့တယ်။

မာဒါဂါစကာ နိုင်ငံမှာတော့ သူတို့ရဲ့ထုံတမ်းအစဉ်အလာအရ တည်ရှိခဲ့တဲ့ စည်းလုံးခြင်းကို အခြေခံပြီး သဘာဝပတ်ဝန်းကျင်နဲ့၊ လူသားတို့တရာမျှတရေး ပူးတွဲးလုပ်ဆောင်ကြဖို့၊ အနာဂတ် နိုင်ငံတော်တိုးတက်ရေး အတွက် အတူတကွပူးပေါင်းပါဝင် လုပ်ဆောင်ကြဖို့ ကျွနု်ရဲ့မျှော်လင့်ချက်ကို ဝေမျှခဲ့ပြီး၊ သူတော်စဉ်ဂိုဏ်းဝင်များ၊ ဆရာတော်များ၊ ဘုန်းတောကြီးများ၊ လူငယ်များ နှင့်ဘာသာဝင်များကို ဘုရားရဲ့ခေါ်တော်မူခြင်းကို ရက်ရောစွာ တုန့်ပြန်ကြဖို့ကိုလည်း အားပေးခဲ့တယ်။

ယဉ်ကျေးမူ့အလှတရားတွေ များပြားလှတဲ့ မောရေးရှနိုင်ငံ ခရီးစဉ်မှာတော့ မတူညီတဲ့ အဖွဲ့အစည်းတွေကို သဟဇာတ ဖြစ်အောင်ကြိုးပန်းနိုင်မူ့အပေါ် လေးစားဂုဏ်ယူကြောင်း ချီးကျူးခဲ့တယ်။

ကျွနု်ပ် ခရီးစဉ်နောက်ဆုံး ကျေးဇူးတင်မေစ္ဆာတရားမှာ သခင်ခရစ်တော်ရဲ့ မင်္ဂလာတရားတော် ဟာ မျှော်လင်ခြင်း နဲ့ ငြိမ်းချမ်းခြင်း ကျေးဇူးတော်တို့ရဲ့ အရင်အမြစ်ဖြစ်ပြီး ခရစ်ယာန်ဟု ခေါ်သော ခရစ်တော်နောက်လိုက်တို့ရဲ့ အမှတ်သင်္ကေတ လက္ခဏာ တစ်ခုဖြစ်ကြောင်း ဟေားကြားခဲ့တယ်။

ကျွနု်ပ်၏ ခရီးစဉ်တလျှောက် ကျဲးချခဲ့သော နုပ်ကပတ်တော်မျိုးစေများ ဟာ ထာဝရဘုရားသခင်၏ အကူအညီဖြင့် ပေါက်ဖွားရှင်သန် ကြီးထွားပြီး မိုဇမ်ဘစ်၊ မာဒါဂါစကာ နှင့် မောရေးရှ နိုင်ငံတို့အပေါ် အသီးအပွင့်များ ဝေဆာစွာခံစားရစေဖို့ ဝိုင်းဝန်းဆုတောင်ပေးကြပါ ဟု ရဟန်းမင်းကြီးမှ ပြောကြားခဲ့ပါသည်။
By Kyi Maung
Credit to Vatican News

https://bit.ly/2maERb7

 

Add new comment

7 + 6 =