၂၀၂၃ ခုနှစ် မတ်လ၊ ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်းရည်ရွယ်ချက်က “မတော်မတရားထိခိုက်ခံရသူတွေ” ဖြစ်ပါတယ်။

အသင်းတော်ရဲ့ အဖွဲ့ဝင်တွေကနေ မတော်မတရားထိခိုက်ကျူးလွန်မှုအတွက် တောင်းပန်ရုံနဲ့ မလုံလောက်ပါဘူး။ တောင်းပန်ဖို့က တကယ်လိုအပ်ပေမဲ့လည်း အဲဒီလောက်နဲ့ မလုံလောက် ပါဘူး။

၂၀၂၃ ခုနှစ် မတ်လ၊ ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်းရည်ရွယ်ချက်က “မတော်မတရားထိခိုက်ခံရသူတွေ” ဖြစ်ပါတယ်။

မတော်မတရား ထိခိုက် ခံစားနေရသူတွေဆီက ခွင့်လွှတ်ပေးဖို့ တောင်းဆိုတာက ကောင်းပါတယ်။ သူတို့ တွေကို အရာအားလုံးရဲ့ အလယ်ဗဟို (အဓိကနေရာ)မှာ ထားရမှာ ဖြစ်ပါတယ်။ ကြောက်မက်ဖွယ် ဖြစ်ခဲ့တာတွေကို သေချာ ကုသပေးပြီး နောက်တစ်ခါ မဖြစ်အောင် ကာကွယ်ပေးဖို့ဖြစ်တယ်။ အမိအသင်းတော်က ဘယ်လို မတော်မတရားမှုကိုမျှ ဖုံးကွယ်ထားလို့ မရပါဘူး။

ဘယ်လို မိသားစု အသိုင်းအဝိုင်းနဲ့ အဖွဲ့အစည်းမျိုး ဖြစ်နေပါစေ မတော်မတရားမှု တွေကို ဖုံးကွယ်လို့ မရပါဘူး။ အသင်းတော်က မိသားစုနဲ့ အဖွဲ့အစည်းတွေအဖို့အလင်းပြပြီး ပြဿနာတွေကို စံပြကူညီဖြေရှင်းယူဖို့ ဖြစ်ပါတယ်။ မတော်မတရား ခံရသူတွေကို အသင်းတော်က လုံခြုံစိတ်ချရတဲ့နေရာပေးပြီး နားထောင်ကူညီကာကွယ်ပေးရပါမယ်။

အသင်းတော်ရဲ့ အဖွဲ့ဝင်တွေကြောင့် မတော်မတရားခံရသူတွေရဲ့ နာကျင်မှုနဲ့ ဒုက္ခတွေကို တုံ့ပြန်နိုင်ဖို့ဆုတောင်းကြပါစို့။

✍️ထန်းဟာ SJ

Source: Vatican Media

Credit to Vatican Media

#rvamyanmar #rvapastoralcare #PopeFrancis

Add new comment

5 + 4 =