၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ နောက်ဆုံး အပိုင်း

၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ
၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ နောက်ဆုံး အပိုင်း
အောက်တိုဘာလ ၂၃၊ ၂၀၁၈

၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ ၂၀၁၈ အောက်တိုဘာလ ၃ မှ ၂၈ ရက်ထိကျင်းပလျှက်ရှိသည်။ "လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်" အစည်းအဝေးခေါင်းစဉ်ဖြင့် အောက်တိုဘာ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့သည်။ ယခုညီလာခံ၏ နောက်ဆုံးအပိုင်းကိုရောက်ရှိလို့လာပါပြီ၊ အောက်တိုဘာလ ၂၂ ရက် တနင်္လာနေ့မှာ ညီလာခံအတွင်းမှာ ဆွေးနွေးခဲ့ကြသော အချက်အလက်များကို နောက်ဆုံး အကြမ်းဖျင်း အတည်ပြုခဲ့ကြပါသည်။ ယင်းညီလာခံမှတ်တမ်း အချက်အလက်အပေါ် အောက်တိုဘာလ ၂၃ ၊ ၂၄ အင်္ဂါ၊ ဗုဒ္ဓဟူး နစ်ရက်တာ အခြေအတင် သုံးသပ်ကြပြီး၊ ကြာသာပတေး နေ့ တစ်ရက် ညီလာခံနားပြီး သောကြာနေ့တွင် ညီလာခံ အစီရင်ခံစာ အတည်ပြုရန် ရွေးချယ်ထားသော ကောင်စီအဖွဲ့ဝင်များမှ အစည်းအဝေးပြုလုပ်ပြီး စနေနေ့တွင် ယင်း ညီလာခံမှ ထွက်ရှိလာသော အစီရင်ခံစာကို ဆရာတော်ကြီး များအဖွဲ့သို့ ပေးပို့တင်ပြကြမှာဖြစ်ပါတယ်။ ဆရာတော်ကြီးများအဖွဲ့မှ ယင်းညီလာခံအစီရင်ခံစာအပေါ် တစ်ရွက်ခြင်း လေ့လာပြီး တစ်ရွက်ခြင်းစီအပေါ် မဲခွဲဆုံးဖြတ်အတည်ပြုကြမှာဖြစ်သည်။ မဲအရေအတွက် သုံးပုံ နှစ်ပုံရသော စာမျက်နှာများသာ အတည်ပြုမှာဖြစ်ကြောင်းလည်း ညီလာခံ တာဝန်ရှိသူမှ ပြောကြားခဲ့ပါသည်။

"ဒီလို လူငယ်များအရေးညီလာခံ၊ လူငယ်များပြောရေးဆိုခွင့်ရှိတဲ့ အခြေအနေများ၊ ဆရာတော်ကြီးများနှင့် ဆွေးနွေးဆုံးဖြတ်ချက်ချရသော အခွင့်အလမ်းများ လူငယ်များအတွက်အလွန်ကောင်းမွန်တယ်၊ အသင်းတော်အနေနဲ့ နောင်တရသင့်တယ် ၊ လူငယ်တွေအတွက် ဒီလိုအခွင့်အရေးမျိုး မဖန်တီးပေးခဲ့မိတဲ့အတွက်ပေါ့"ဟု
ယင်းညီလာခံတွင်တက်ရောက်လျှက်ရှိသော ဂျေစွစ် အသင်းဂိုဏ်း ဝင် ဆရာတော် Paolo Bizzet, S.J. မှ ပြောကြားခဲ့ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်ဖော်ပြပါသည်။

https://www.vaticannews.va/en/church/news/2018-10/synod-youth-2018-press-briefing9.html

#bishops, #synod, #youth, #pope, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 11 =