မြန်မာနိုင်ငံသို့ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် သမိုင်းဝင်ခရီးစဉ် တစ်နှစ်ပြည့် အမှတ်တရ

ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ် နိုင်ငံများသို့ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် လည်​ပတ်ခဲ့ခြင်း တစ်နှစ်ပြည့် အမှတ်တရ
နိုဝင်ဘာ ၂၆၊ ၂၀၁၈

ပြီးခဲ့သော နှစ် နိုဝင်ဘာလ ၂၆၊ ၂၀၁၇ တွင် ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ် နိုင်ငံများသို့ ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ် လည်​ပတ်ခဲ့ရန် ရောမမြို့မှ ထွက်ခွာခဲ့သော နေ့ဖြစ်ပါသည်။
ကက်သလစ်ခရစ်ယာန်ဦးရေ ၁.၂ ရာခိုင်နုန်းသာရှိသော မြန်မာနိုင်ငံ နှင့် ကက်သလစ်ခရစ်ယာန်ဦးရေ ၁ ရာခိုင်နုန်းသာရှိသော ဘင်္ဂလားဒေရှ် နိုင်ငံနှစ်နိုင်ငံသို့
ငြိမ်းချမ်းရေးနှင့် ချစ်ခြင်း​မေတ္တာ ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံသို့ ၂၀၁၇ နိုဝင်ဘာလ ၂၇ မှ ၃၀ ရက်အထိ နှင့်
ငြိမ်းချမ်းရေး နှင့် သဟဇာတဖြစ်ရေး ခေါင်းစဉ်ဖြင့် ၂၀၁၇ နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်​ဘာလ ၂ ရက်နေ့အထိ
ယုံကြည်ခြင်းကို ပိုမိုခိုင်မြဲစေရန်၊ ခရစ်ယာန်များ စည်းလုံးမှုရရှိစေရန်၊ လူသားအများကောင်းကျိုးအတွက် သခင်ခရစ်တော်၏ သတင်းစကားဖြစ်သော ငြိမ်းချမ်းခြင်း၊ သဟဇာတဖြစ်ခြင်း၊ ခွင့်လွတ်ခြင်း နှင့် ပြန်လည် သင့်မြတ်ခြင်းတို့ကို ဖော်ဆောင်ရန်ရည်ရွယ်ချက်ဖြင့် သိုးထိန်း​ခရီးစဉ်အဖြစ် လာရောက်လည်​ပတ်​​ခဲ့ပါသည်။ စည်းလုံးမှုငြိမ်းချမ်းမူ၊နိုင်ငံ၏ ဒဏ်ရာဒဏ်ချက်များကို မေတ္တာ ဖြင့်ကုသကြရန် ယုံကြည်မှုမတူသူများအကြား ဘာသာတရားနှီးနှောဖလှယ်ခြင်း၊ များကိုလည်း အားပေးခဲ့ပါသည်။
တစ်​နှစ်ပြည့် သမိုင်းဝင် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံသို့ကြွရောက်လာခဲ့သော ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ကို ကျေးဇူးတုန့်ပြန်သောအားဖြင့် ဝိုင်ဝန်း ဆုတောင်းပေးကြရန် ဖိတ်ခေါ်လိုက်ပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-visit-myanmar-bangladesh.html

#pope, #memory, #myanmar, #bangladesh, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

5 + 1 =