ပြည့်ဝသောယုံကြည်ခြင်းနှင့် စည်းလုံးမူ ပိုမိုရှိစေရန် အာရှ ကက်သလစ်အသင်းတော်များအား ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တိုက်တွန်း

အာရှ ကက်သလစ်အသင်းတော်
ပြည့်ဝသောယုံကြည်ခြင်းနှင့် စည်းလုံးမူ ပိုမိုရှိစေရန် အာရှ ကက်သလစ်အသင်းတော်များအား ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တိုက်တွန်း
ဇန်နဝါရီ ၁၅၊ ၂၀၁၉
 

ထိုင်းနိုင်ငံ ဘန်ကောက်တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှ ၁၈ ရက်နေ့ထိ ကျင်းပပြုလုပ်နေသော အသင်းတော်ယုံကြည်ခြင်းဆိုင်ရာ အာရှ ဥက္ကဋ္ဌ ဆရာတော်ကြီးများညီလာခံသို့ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ ယင်း သဝဏ်လွှာတွင် အတူတကွ ပူပေါင်းလုပ်ဆောင်ခြင်း၊ အတူတကွပူပေါင်းတာဝန်ယူ ခွဲ​ဝေလုပ်ဆောင်ခြင်း၊ ပြည့်ဝသောယုံကြည်ခြင်းနှင့် စည်းလုံးမူပိုမိုရှိစေရန် အာရှတိုက်တခွင် ကက်သလစ်အသင်းတော်များအား ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တိုက်တွန်းထားပါသည်။

 

ဆရာတော်ကြီးများညီလာခံတွင် တက်ရောက်နေသူများကို နုတ်​ခွန်း​ဆက်သကာ သူတို့ရင်ဆိုင်နေရသော စိန်ခေါ်မူများ နှင့် အာရှတိုက်တွင် မတူကွဲပြားသော ယဉ်ကျေးမှုများ၊ ဘာသာစကားများ နှင့် ဘာသာတရားများကို အသိအမှတ်ပြုလျှက်​ ယင်းမတူညီးကွဲပြားမူများကြားတွင် ကက်သလစ်အသင်းတော်သည် အတူတကွပူပေါင်းတာဝန်ယူလုပ်ဆောင်ရမည့် အရာများ ဖြစ်သော ပြည့်ဝသောယုံကြည်ခြင်းနှင့် စည်းလုံးမူ ကို ပြန်လည် ပိုမိုခိုင်မြဲ​စေရန် အတူတကွလုပ်ဆောင်ကြရန် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ တိုက်တွန်းခဲ့သည်​။ လက်ရှိကမ္ဘာကြီးပေါ်တွင်ဖြစ်ပေါ်နေသော စိန်ခေါ်မူများအတွက် ရင်ဆိုင်ဖြေရှင်း သက်သေခံနိုင်သော နည်းလမ်းကောင်းများ၊ နည်းလမ်းသစ်များ ရှာဖွေဖော်ထုတ်ကြဖို့ လည်းတိုက်တွန်းခဲ့ကာ အသင်းတော်သည် ကောင်းသောတိုးတက်ခြင်းနှင့် ရှေ့သို့ချီတက်နေရန် ရဟန်းမင်းကြီး စာချွန်တော် Evangelii Gaudium ကို ထောက်​ရူကာ နိုး​ဆော်​ထားသည်​။

 
အာရှ ကက်သလစ်အသင်းတော်များအား သာသနာအမူထမ်းများအတွက် အထူးတလည် ပါဝင်ကူညီထောက်ပံပေးနေသော အသင်းတော်ယုံကြည်ခြင်းဆိုင်ရာ အာရှ ဥက္ကဋ္ဌ ဆရာတော်ကြီးများ အထူးသဖြင့် ကက်သလစ်အသင်းတော်ယုံကြည်ခြင်းဆိုင်ရာ ကော်မရှင်ကို အထူးကျေနပ်မိကြောင်း၊
ယခုကဲ့သို့ သဝဏ်လွှာပေးပို့ရခြင်းအတွက် ကျေးဇူးတင်ကြောင်းနှင့်​ အာရှ အသင်းတော်များအတွက် ဆုတောင်းပေးနေကြောင်း ဖော်ပြခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-01/pope-francis-message-asia-bishops-conferences-doctrinal.html

#pope#asia #message, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

7 + 13 =