ပြင်သစ်ပြည် ကက်သလစ် ဆရာတော်ကြီး များ မျက်နှာစုံညီအစည်းအဝေးသို့ ရဟန်းမင်းကြီး စာပို့

ပြင်သစ်နိုင်ငံ လုစ်မြို့၌ ကျင်းပလျှက်ရှိသော ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် မျက်နှာစုံညီအစည်းအဝေး
ပြင်သစ်ပြည် ကက်သလစ် ဆရာတော်ကြီး များ မျက်နှာစုံညီအစည်းအဝေးသို့ ရဟန်းမင်းကြီး စာပို့
နိုဝင်ဘာလ ၆၊ ၂၀၁၈
ပြင်သစ်နိုင်ငံ လုစ်မြို့၌ ကျင်းပလျှက်ရှိသော ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် မျက်နှာစုံညီအစည်းအဝေးသို့ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က စာ တစ်ေ​စာင်ပေးပို့ခဲ့ပါသည်။
ယင်းစာတွင်​ ယုံကြည်သူဘာသာဝင်များအား ဘုရားရှင်၏ နှိမ့်ချသော ယုံကြည်ခြင်း ကျေးဇူးတော်ဖြင့်​ နေ့စဉ် အသက်ရှင်ခြင်း ​တွင် ရဟန်းဘုန်းတော်ကြီးများ၊ မိမိဘဝကို ဘုရားသခင်အတွက် ဆက်ကပ်ထားသူများမှ မမမေ့​လျှော့ဘဲ အသိအမှတ်ပြု အကူအညီပေးကြရန် နှင့် အသင်းတော်အတွင် လူတချို့၏ ကလေးသူငယ် လိင်မှုဆိုင်ရာပြသနာများကို ထိရောက်စွာကိုင်တွယ်မှုများတွင် ယင်းပြသနာမျိုးကို သည်းခံခွင့်လွှတ်ခြင်မရှိ့ ဆိုသည့် အချက်ကို ထိရောက်စွာအကောင်းအထည်​ဖော်ဆောင်ကြရန် ရဟန်းမင်းကြီးမှ အားပေးခဲ့ပါသည်။
ဆက်လက်ပြီး ယင်းစာစောင်တွင် အသင်းတော်သာသနာပြုပညာရေးလုပ်ငန်း၊ လူငယ်အချင်းချင်းသာသနာပြုခြင်း၊ တစ်​ဦးကို တစ်​ဦးအပြန်အလှန်ဖေးမကူညီခြင်း စသည့်အချက်များနှင့် ပတ်သက်၍
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ပြင်သစ်နိုင်ငံ သာသနာနယ် အသီးသီးမှ လူငယ်များကို ကျေးဇူးတင်ကြောင်းဖော်ပြခဲ့ပါသည်။
သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ အကူအညီဖြင့် လူငယ်များအရေး ဆရာတော်ကြီး များညီလာခံမှ ထွက်ပေါ်လာသော အချက်အလက်များကို ပြက်သစ်နိုင်ငံနှင့် ကမ္ဘာတဝှမ်းလုံး အကောင်းအထည်ဖော်ကြပြီး၊ လူငယ်များမျှော်လင့်​သည့် ​နက်ရှိုင်းသော ဝိညာဉ်ရေးအသက်တာ၊ အသင်း​တော်ကသူတို့ကိုပိုင်သလို သူတို့ကလည်း အသင်းေ​တ်ာကိုပိုင်ဆိုင်​တယ်​ဆိုတဲ့ ခိုင်မာစေတဲ့စိတ်ဓါတ်များအတွက် လမ်းသစ်များဖွင့်လှစ်အကောင်အထည်ဖော်ပေးကြဖို့၊
လူမှုအဖွဲ့အစည်းနှင့် ပြင်သစ် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်တို့ပိုမိုရင်းနှီးမှုတည်ဆောက်ကြရန်အားပေးရင်း မယ်တော်သခင်မ၏ ကြားဝင်ကူညီပေးခြင်ြး​ဖင့် ဆုကျေးဇူးတော်များရရှိရန် ဆုတောင်းပေး ပိုခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-sends-message-to-french-bishops-attending-plenary-assembly.html

#pope, #french, #bishops, #message, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

10 + 6 =