သောက်သုံးရေ မသန့်ရှင်းမှုသည် ၂၁ ရာစု၏ ကြီးမားသော ရှက်ဖွယ်ရာဖြစ်

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ပေးပို့သော သဝဏ်လွှာ
သောက်သုံးရေ မသန့်ရှင်းမှုသည် ၂၁ ရာစု၏ ကြီးမားသော ရှက်ဖွယ်ရာဖြစ်
နိုဝင်ဘာလ ၈၊ ၂၀၁၈

အများကောင်းကျိုးစီမံခန့်ခွဲရေးနှင့်၊ လူသားအားလုံးသောက်သုံးရေ ရရှိရေးခေါင်းစဉ်ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့ ရောမမြို့တွင်ကျင်းပလျှက်ရှိသော နိုင်ငံတကာ ညီလာခံသို့ သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
ဗာတီကန်နိုင်ငံ ရောမမြို့တွင် တရားဝင် အသိအမှတ်ပြုခန့်အပ်ထားသော အမေရိကန်၊ မိုနာကို၊ အီတလီ၊ ပြင်သစ် နိုင်ငံတို့မှ သရုံးအဖွဲ့ဝင်များ နှင့် ပူးပေါင်းပြီး ဗာတီကန်နိုင်ငံ ရဟန်းမင်းကြီး ရုံးတော် လူသားအရင်းအမြစ် အပြည့်အဝဖွံ့ဖြိုးရေးဝန်ကြီး ၏ ဦးဆောင်မှုဖြင့် Urbaniana တက္ကသိုလ် တွင် အများကောင်းကျိုးစီမံခန့်ခွဲရေးနှင့်၊ လူသားအားလုံးသောက်သုံးရေ ရရှိရေးခေါင်းစဉ်ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့ တစ်ရက်တာ အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။
ယင်းအစည်းအဝေးသို့ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ပေးပို့သော သဝဏ်လွှာ တွင် ကမ္ဘာနေရာ တော်တော်များတွင် နေထိုင်ကြသော သည် သန့်ရှင်းသောသောက်သုံးရေကို မရရှိကြကြောင်း၊ မသန့်ရှင်းသောရေကို သောက်သုံးနေကြရပြီး သေဆုံးသူများလည်း မကြာခဏဖြစ်ပေါ်နေကြောင်း၊ ယနေ့ခေတ် ၂၁ ရာစုတွင် သန့်ရှင်းသောရေကို လူတိုင်းမရရှိမှုသည် အလွန် အင်မတန်ရှက်ဖွယ်ရာဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ပိုမိုရှက်ဖွယ်ကောင်းသည်မှာ နိုင်ငံတဝှမ်း သောက်သုံးရေ မလောက်ငှမှု သန့်ရှင်းသော ရေမရရှိမှုများဖြစ်ပေါ်နေသော် လည်း၊ အချင်းချင်းတိုက်ခိုက်သတ်ဖြတ်ရန် လက်နှက် ခဲယမ်းမီးကျော်များမှာ ရော့နည်းသွားမှုမရှိဘဲ စစ်ပွဲများကြောင့် လူသားထုကို ပိုမိုဆိုးဝါးသော အခြေအနေသို့ပိုဆောင်နေကြကြောင်း၊ နိုင်ငံအတွင်း အကျင့်ပျက်ချစားမှုများ၊ စီးပွားရေးအမြတ်ထုတ် မှုများကြောင့် ဒုက္ခရောက်သူများသာ ပိုမိုများတိုးပွားလာနေကြောင်း၊ သန့်ရှင်းသော သောက်သုံးရေ အလုံလောက်မှု လုပ်မပေးနိုင်မှုများသာ တိုးပွားလာနေကြောင်း။
ယင်းညီလာခံတွင် ပါဝင်ဆွေးနွေးနေကြသော သူများမှ အရေးတကြီးလိုအပ်ချက်များကို အဓိကထားရန်၊ လိုအပ်ချက်များကို ဆုံးဖြတ်ချက်မှန်ကန်စွာချ၍ လုပ်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း၊
ရဟန်းမင်းကြီးရုံတော် နှင့် သာသနာတော်မှ လူတိုင်းသန့်ရှင်းသောရေ ရရှိနိုရေးကို ဦးစားပေးလုပ်ဆောင်နေကြောင်း၊ ယင်းသန့်ရှင်းသော ရေရရှိရေးကို လိုအပ်သော အခြေခံ ပစ္စည်းများ၊ သင်တန်းပေးခြင်းများ၊ ထောက်ခံအားပေးခြင်းစသည် လုပ်ငန်းများကို အသင်းတော်မှ လုပ်ကိုင်ပေးနေကြောင်း၊
နိဂုံးချုပ်အနေနှင့် ရှင်မာတေဦး ကျမ်းပိုဒ်တစ်ခု (ငါရေငတ်စဉ်သင်သည်ငါ့ကို သောက်စရာရေမပေး)ကို အခြေခံ ပြီး ယခု ဒီညီလာခံပြုလုပ်နေသူတွေထဲမှာ ယုံကြည်မှု၊ ယဉ်ကျေးမှု မတူညီသူများလည်းရှိမယ်၊ သို့သော် ရေငတ်နေသူသည် ဘုရား၏ အသွင်သဏ္ဍန်ဖြင့်ဖန်ဆင်းခံထားရသော သင်နှင့်ကျွနုပ်ကဲ့သိုလူသားတစ်ဦးဖြစ်နေသည်ကို သတိပြုရမယ်။ ရေငတ်နေသူကို ငြင်းပယ်လိုက်ခြင်း၊ ရေမပေးခြင်းဟာ ဘုရားကိုငြင်းပယ် လိုက်ခြင်းဖြစ်ပါတယ်၊ ရေဟာ လူအတွက် အသက်ဖြစ်တယ်၊ ရေပေးခြင်းဟာ အသက်ပေးခြင်း ရှင်သန်ခွင့်ပေးခြင်ပါပဲဟု ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ပေးပို့သော သဝဏ်လွှာ တွင် ဖော်ပြထားပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-unhealthy-drinking-water-an-immense-shame-in-21st-century.html

#pope, #message, #thirsty, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung.

Add new comment

8 + 12 =