ရောမမြို့ ပတ်ဝန်းကျင်ရှိ ဆင်းရဲးသားများကို နေလည်စာ အတူစားရန် ရဟန်းမင်းကြီး ဖိတ်ကြား

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်
ရောမမြို့ ပတ်ဝန်းကျင်ရှိ ဆင်းရဲးသားများကို နေလည်စာ အတူစားရန် ရဟန်းမင်းကြီး ဖိတ်ကြား
ဒီဇင်္ဘာ ၁၅၊ ၂၀၁၈

အီတလီနိုင်ငံ ဘဏ္ဍရေး ဆိုင်ရာ ရဲးဌာန၏ ကူညီထောက်ပံ့မှု့ဖြင့်၊ အဝါရောင်မီးတောက် အားကစား အသင်းမှ ဦးဆောင်၍ ပင်လယ်ကမ်းခြေနှင့်နီးသော Castelporziano အားကစားရုံ၌ ဒီဇင်္ဘာလ ၁၈ ရက်နေ့တွင် ရောမမြို့ ပတ်ဝန်းကျင်ရှိ ဆင်းရဲးသားများအား ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင်အတူ နေလည်စာစားရန် ဖိတ်ကြားခဲ့ပါသည်။
ဖိတ်ကြားထားခံရသူများကို ရောမမြိုသာသနာပိုင် ကရုနာအသင်းမှ Castelporziano အားကစားရုံ နှင့်နီးသော Ostia ကမ်းခြေမြို့တွင် ကူညီစောင့်ရှောက်ပေးထားပါသည်။

ဘဏ္ဍရေး ဆိုင်ရာ ရဲးဌာန မှ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ခြင်း၊ ဖိတ်ကြားထားသူများကို လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ အားကစားပွဲးများပြုလုပ်ခြင်းစသည့်အစည်အစဉ်များ ပြုလုပ်၍ ခရစ္စမတ် မိသားစု စည်းလုံးခြင်း ခံစားမှု့များ ရရှိအောင်းပြုလုပ်ကြရန် စီစဉ်ထားကြောင်း၊ ယင်း အစည်အစဉ်သည် ပုပ်ရဟန်းမင်းကြီး၏ အလိုဆန္ဒဖြစ်သော ဆင်းရဲးသားများကို ဂရုစိုက်ခြင်း၊ အားလုံးအတူတွရှိခြင်း ကိုဖော်ဆောင်သော ခရစ္စမတ် ဖြစ်စေရန် စည်စဉ်ထားကြောင်း ရဟန်းမင်းကြီးကရုနာရုံးတော်မှ ရှင်းပြခဲ့ပါသည်။

လူတိုင်းကိုရိုသေလေးစားမှု့ကိုဖော်ပြရန်၊ အားကစားဖြင့် ညီကိုမောင်နှမစိတ်ဓတ်ဖော်ပြရန် နှင့် ရဟန်းမင်းကြီး၏ ဆင်ရားသားများနှင့် အတူရှိကြောင်းဖော်ပြရန် ရည်ရွယ်၍ ခရစ္စမတ် ကာလ နှင် အီစတာပွဲးကာလတို့၌ နှစ်စဉ် ရောမမြိုသာသနာ ကရုနာအဖွဲ့အစည်းမှ ကျင်ပလေ့ရှိကြောင်း ဖော်ပြခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-poor-christmas-lunch-fiamme-gialle-finance-police.html

#pope, #christmas, #lunchwithpoor, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Comments

တစ်​ကမ္ဘာလုံးငြိမ်းချမ်းပါ​စေ

Add new comment

4 + 0 =