ဗေလန်ဂ​န္နီ မယ်တော်ဂူ ရှိရာ အိန္ဒိယနိုင်ငံ Tamil Nadu ဒေသ တွင် Gaja မုန်တိုင်း တိုက်ခိုက် မှု​ကြောင့် ထိခိုက်ပျက်စီး

Tamil Nadu ဒေသ
ဗေလန်ဂ​န္နီ မယ်တော်ဂူ ရှိရာ အိန္ဒိယနိုင်ငံ Tamil Nadu ဒေသ တွင် Gaja မုန်တိုင်း တိုက်ခိုက် မှု​ကြောင့် ထိခိုက်ပျက်စီး
နိုဝင်ဘာလ ၁၉၊ ၂၀၁၈

အိန္ဒိယနိုင်ငံ Tamil Nadu ဒေသ တွင် နိုဝင်ဘာလ ၁၆ ရက်နေ့က တိုက်ခတ်ခဲ့သော Gaja မုန်တိုင်းကြောင့် Thanjavur ဂိုဏ်းအုပ် သာသနာနယ် နှင့် Pondicherry-Cuddalore ဂိုဏ်းချုပ်သာသနာ နယ်တွင် လူပေါင်း ၄၆ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ​လူပေါင်း ၁၂၂၀၀၀ ကျော် ကို ကယ်ဆယ်ရေးစခန်း ၃၅၁ ခုတွင် ရွေ့ေ​​ပြာင်းပေးထားရကာ၊ အိမ်ပေါင်း ၁၀၁၂၀ လုံး လုံးဝပျက်စီးသွားပြီး ၅၇၇၀ အိမ် ထိခိုက်ပျက်ဆီးမူများ ရှိခဲ့သည်​။
ငါးဖမ်း လှေသင်္ဘော ၁၃၀၀ ပျက်ဆီးသွား၍ ကောင်ပဲသီးနှံများ စိုက်ခင်းများလည်း ​ဆိုးဝါးစွာပျက်စီးသွားခဲ့သည်​။
အထူးသဖြင့် Tanjavur သာသနာနယ် သည် အဆိုးဝါးဆုံးထိခိုက်ပျက်ဆီးခဲ့သည်​။
ဗေလန်ဂန္နီ ​မယ်တော် ရင်ပြင်နှင့်​ ကျန်းမာခြင်း၏ သခင်မ ဗေလန်ဂန္နီ ​ဘုရားကျောင်းတော်ကြီးအပါ အဝင် ဘုရားကျောင်း ၃၀ ကျော် ပျက်စီးသွားခဲ့သည်​။
ကျန်းမာခြင်း မယ်တော် ရင်ပြင်သည် နှစ်စဉ်နှစ်တိုင်း လူပေါင်းသန်း ၂၀ ခန့်လာရောက် ဆုတောင်းကြလျက်​ ရှိရာ
မုန်တိုင်းဒဏ်သင့် ဒုက္ခသည် များကို အိန္ဒိယ နိုင်ငံတော် အစိုးရ နှင့်၊ အသင်းတော် ကရုဏာအဖွဲ့အစည်းတို့က ကူညီပေးနေကြပြီး သာသနာဇုံနယ် ၁၅ ခုကလည်း လက်ခံကူညီပေးနေကြသည်​။ မုန်​တိုင်​ဒဏ်​သင့်​သူများအား
အိန္ဒိယ ဆရာတော်ကြီးများမှ ဝမ်းနည်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ကိုလည်း
(UCANEWS) မှ ဖော်ပြထားသည်ကို ​​ဗာတီကန်သတင်းဌာနမှ ကောက်နုတ်ေ​​ဖ်ာပြ​ပေးထား သည်။

https://www.vaticannews.va/en/church/news/2018-11/india-cyclone-gaja-tamil-nadu-catholic-church-caritas.html

#church, #india, #gaja, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 1 =