ကောင်းသောနိုင်ငံရေးလုပ်ဆောင်မှု့များသည် ငြိမ်းချမ်းရေးကို အစေခံနေခြင်းဖြစ်သည်

၅၂ ကြိမ်မြောက် ကမ္ဘာငြိမ်းချမ်းရေးနေ
ကောင်းသောနိုင်ငံရေးလုပ်ဆောင်မှု့များသည် ငြိမ်းချမ်းရေးကို အစေခံနေခြင်းဖြစ်သည်
ဒီဇင်္ဘာ ၁၈၊ ၂၀၁၈

ရဟန်းမင်းကြီးရုံတော် သတင်းပြန်ကြားရေးဌာနမှ ၅၂ ကြိမ်မြောက် ကမ္ဘာငြိမ်းချမ်းရေးနေ့ သို့ ရဟန်းမင်းကြီးသဝဏ်လွှာတစ်စောင် ထုတ်းပြန်ခဲ့ပါသည်။ သမ္မာကျမ်စာမှ သခင်ခရစ်တော်၏ နုပ်တော်ထွက်စကားဖြစ်သော ဤအိမ်၌ငြိမ်သက်ခြင်းရှိပါစေ ဟူသောစကားကို ၅၂ ကြိမ်မြောက် ကမ္ဘာငြိမ်းချမ်းရေးနေ့ သဝဏ်လွှာနိဒါန်းတွင် အစပျိုးထားပါသည်။
ရဟန်းမင်းကြီးဆိုလိုသော အိမ်သည် တိုက်ကြီး၊ နိုင်ငံ၊ အဖွဲ့အစည်း နှင့်မိသားစုကိုဆိုလိုကြောင်းဖော်ပြထားပါသည်။

 
နိုင်ငံရေးတာဝန်ကိုယူထားသောပုဂ္ဂိုလ်များသည် လူကိုယ်ကျင်းတရားနှင့် ကရုနာတရားကိုအခြေခံပြီး တပါးသူကိုအစေခံရမည်ဖြစ်သည်။ တချိန်တည်းမှာပဲ နိုင်ငံရေးတွင်ကူးစက်တပ်သော မကောင်းမူ့ဒုဇရိုက်များဖြစ်သည့်အကျင့်ပျက်ခြစားခြင်း၊ လူမျိုးစွဲးပြင်းထန်းခြင်း၊ တပါးသူ၏ ဓလေ့ဇရိုက်များ ဝင်ရောက်လာမှာကြောက်ရွံခြင်း၊ သဘာဝပတ်ဝန်းကျင်ကိုဂရုမစိုက်ခြင်းနှင့် ရွေ့ပြောင်းဒုက္ခသည်များကို အထင်သေးခြင်းတို့ကို သတိထားရှောင်ကျင်ကြရန်လည်း သတိပေးထားပါသည်။
 

 

နိုင်ငံရေးတွင် လူတစုကောင်းစားရေးကိုသာ ဦးစားပေးလုပ်ဆောင်နေခြင်းသည် အနာဂတ်မရေရာမူ့များကို ဖန်တီးနေခြင်းမျိုးဖြစ်ပြီး မျိုးဆက်သစ်များ၏ယုံကြည်မူကိုလည်း ကင်းမဲ့စေပါသည်။ နိုင်ငံရေးလောကတွင် လူငယ်များ၏ အရည်အခြင်းများ၊ စိတ်ကူးအိမ်မက်များကိုလည်း အသုံးပြုကြရမည်ဖြစ်သည်။ နိုင်ငံရေးသည် လူတိုင်ငြိမ်းချမ်းရေးကို အုပ်တချပ်သဲးတပွင့် အဖြစ်လူတိုင်းပါဝင်လုပ်ဆောင်ရမည့်အရာဖြစ်ပါသည်။

 

 
တဟုန်ထိုးမြင့်တက်နေသော ထိမ်းချုပ်မူ့မရှိသည် လက်နှက်ထုတ်လုပ်မှု့များ၊ နိုင်ငံရေးခြိမ်းခြောက်မူ့များ၊ အကြောက်တရားလွှမ်းမိုးမှု့များကို ရဟန်းမင်းကြီးမှ ငြင်းပယ်ရုတ်ချခဲ့ပါသည်။ ငြိမ်းချမ်းရေ တည်ဆောက်ခြင်းသည် အစဉ်အလာအရ လက်ဆင့်ကမ်းခဲ့သော သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းမှု့၊ အများကောင်းကျိုးရှေ့ရှု့ခြင်း၊ တရားဥပဒေလေးစားခြင်း နှင့် လူသားတိုင်ကိုလေးစားခြင်းပေါ်တွင် အခြေခံထားရမည်။ ငြိမ်းချမ်းရေသည် လူသားအချင်းခြင်းအပြန်အလှန်မှီခိုအားကိုးခြင်း၊ အပြန်အလှန်တာဝန်ယူမှု့များမှ ပေါ်ထွက်လာသော နိုင်ငံရေး၏ အသီးအပွင်ဖြစ်ပါသည်။ ထိုအချက်သည် လူသားတိုင်၏ နှလုံးသားပြောင်းလည်းမှု့အတွက် စိန်ခေါ်နေသောအချက်ဖြစ်ကြောင်း ပြေားကြားခဲ့ပါသည်။

 

ရဟန်းမင်းကြီး၏ ၅၂ ကြိမ်မြောက် ကမ္ဘာငြိမ်းချမ်းရေးနေ့ သဝဏ်လွှာ အပြည့်အစုံ သိရှိလိုပါက အောက်ပါ link ကို နှိပ်ပါ။
https://bit.ly/2CmIobS

https://www.vaticannews.va/en/pope/news/2018-12/pope-francis-message-world-day-peace-politics-service-of-peace.html

#peace, #pope, #politics, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

12 + 1 =