ကောင်းသောအရာများဝေမျှသော အဖွဲ့အစည်း ဖြစ်ကြရန် ရဟန်းမင်းကြီး မှ တိုက်တွန်း

Azione Cattolica Ragazzi(ACR) ကလေးသူငယ်များအဖွဲ့
ကောင်းသောအရာများဝေမျှသော အဖွဲ့အစည်း ဖြစ်ကြရန် ရဟန်းမင်းကြီး မှ တိုက်တွန်း
ဒီဇင်္ဘာ ၂၀၊ ၂၀၁၈

အီတလီနိုင်ငံ Azione Cattolica Ragazzi(ACR) ကလေးသူငယ်များအဖွဲ့ဝင် ၆၅ သူတို့၏ သင်တန်းဆရာများနှင့်အတူ ခရစ္စမတ် အချိန်အခါသမယတွင် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် နှင့်တွေ့ဆုံခဲ့ပါသည်။ ယင်းကက်သလစ်ဘာသာ သာမန်လူဝတ်ကြောင်အဖွဲ့အစည်းနှင့်တွေ့ဆုံခြင်းတွင် စစ်မှန်သော ခရစ်ယာန်အဖွဲ့အစည်း၊ တစ်ဦးကိုယ်တစ်ဦး ကူညီထောက်ပံ့​သောအဖွဲ့အစည်း နှင့် ညီကိုယ်မောင်နှမကဲ့သို့ ချစ်ခင်ကြင်နာသော အဖွဲ့အစည်းတည်ဆောက်ခြင်းတွင် ကောင်းမြတ်သောအရာများဝေမျှနေသော အဖွဲ့အစည်းဖြစ်ရန် ကလေးသူငယ်များနှင့် သူတို့၏ သင်တန်းဆရာများကို တိုက်တွန်းခဲ့ပါသည်။

Azione Cattolica Ragazzi(ACR) သာမာန်လူဝတ်ကြောင် ကလေးသူငယ်များအဖွဲ့အစည်းကို ၁၉၂၂ နှစ်မှ စတင်ကာ ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် အသက် လေးနှစ်မှ တစ်ဆယ်လေးနှစ် ကလေးသူငယ်များအတွက် ပညာရေးကိုအခြေခံပြီး ဝိညာဉ်ရေး၊ ကိုယ်ကျင်တရားရေးဆိုင်ရာ အသင့်ပြုပြင်ခြင်း အဖွဲ့အစည်းကိုစတင်တည်ထောင်ခဲ့ပါသည်။

သခင်ခရစ်တော် ဘက်သနီရွာရှိ မာသားနှင့်မာရီယား ညီမနှစ်ဦးနှင့်တွေ့ဆုံခြင်း သည် ယင်းအဖွဲ့အစည်း၏ ယခုနှစ်အတွက် ကျင့်ကြံအသက်ရှင်ရမည့်ကျမ်းပိုဒ် အဖြစ်ရည်ရွယ်ရွေးချယ်ထားခဲ့ပါသည်။ ယင်းကျမ်းပိုဒ်ကိုအခြေခံပြီး ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ အီတလီနိုင်ငံ သာသနာနယ် အသီးသီးမှ လူငယ်များသည် သခင်ခရစ်တော်၏ သာသနာပြုများဖြစ်ရန် ဆုတောင်းခြင်း၌ သခင်ခရစ်တော်နှင့် ထိတွေ့လိုခြင်း၊ သူကိုပိုသိရှိနားလည်လိုသောကြောင့် ရှာဖွေနေကြကြောင်း ပြောကြားခဲ့ပါသည်။ ယင်းအချက်သည် လူငယ်အချင်းချင်းကြား မိမိတိုသက်တူရွယ်တူတွေကြား လှပသော ကယ်တင်ခြင်းသတင်းကောင်း (ဘုရားသခင်သည် လူတိုင်ကိုချစ်ကြောင်း) ဝေမျှသော ကောင်းမွန်သည့်အချက်ဖြစ်ကြောင်း၊ ထိုအရာသည် မှန်ကန်သောအချက်ဖြစ်ပြီး ဘုရားသခင်သည်သူ၏တစ်​ပါးတည်း​သောသားတော်ကို ကျွနု​ပ်တို့စီသို့ ပို့​ဆောင်ခြင်း ကောင်းမွန်သည့်သတင်းကောင်းဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ယင်းအဖွဲ့အစည်း၏ ကရုဏာရေးလုပ်ဆောင်မူဖြစ်သော လူတို့၏အခြေခံအခွင့်အရေးဖြစ်သော အစားအစာစားသောက်ခွင့်နှင့် ထွန်ယက်စိုက်ပျိုးသူများ၏ ဂုဏ်သိက္ခာ ကို ထောက်ပံကူညီခြင်းများအတွက် ချီးကျူးဂုဏ်ပြုခဲ့ပါသည်​။
ယင်းအဖွဲ့အစည်းမှ ခရစ္စမတ်လက်ဆောင်အဖြစ် ရဟန်းမင်းကြီး ရုံးတော် ကရုနာရေးအဖွဲ့အစည်းမှ ဆင်းရဲသားများကို ဝေမျှပေးနေသော တစ်​ကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ကူညီခဲ့ကြပါသည်။
မိဘများ၏ မှားယွင်းသော ဆုံးမသွန်သင်မူခံရသောကလေးသူငယ်များ၊ အထီးကျန်ဆန်စွာ အသက်ရှင်နေရသောကလေးသူငယ်များ၊ အခက်အခဲမျိုးစုံနှင့်ဖြတ်သန်​နေရသောကလေးသူငယ်များ၊ ဒုက္ခဝေဒနာခံစားနေရသောကလေးသူငယ်များအပေါ် ကူညီစောင့်ရှောက်ပေးမူများအတွက်ရဟန်းမင်းကြီးမှ ကြည်းနူးအားရကြောင်းဖော်ပြခဲ့ပါသည်။
စစ်မှန်သော ခရစ်ယာန်အဖွဲ့အစည်း၊ တစ်ဦးကိုယ်တစ်ဦး ကူညီထောက်ပံ့​သောအဖွဲ့အစည်း နှင့် ညီကိုယ်မောင်နှမကဲ့သို့ ချစ်ခင်ကြင်နာသော အဖွဲ့အစည်းတည်ဆောက်ခြင်းတွင် ကောင်းမြတ်သောအရာများဝေမျှနေသော အဖွဲ့အစည်းဖြစ်ရန် ကလေးသူငယ်များနှင့် သူတို့၏ သင်တန်းဆရာများကို ရဟန်းမင်းကြီးမှ တိုက်တွန်းခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-catholic-action-children.html

#advent, #pope, #children, #share, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 4 =