ဦးဆောင်ဦးရွက် ပြုနေရသူ ခေါင်းဆောင်များအတွက် ဆုတောင်းပေးကြပါ

ရဟန္တာ ကော်နီးလီယုစ် နှင့် စီးပရီးရန်း တို့၏ ပွဲးနေ့ ဟောကြားသော မေစ္ဆားတရား

ဦးဆောင်ဦးရွက် ပြုနေရသူ ခေါင်းဆောင်များအတွက် ဆုတောင်းပေးကြပါ
စက်တင်ဘာလ ၁၆၊ ၂၀၁၉

စက်တင်ဘာ လ ၁၆ ရက် ရဟန္တာ ကော်နီးလီယုစ် နှင့် စီးပရီးရန်း တို့၏ ပွဲးနေ့ ဟောကြားသော မေစ္ဆားတရားတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ ဦးဆောင်ဦးရွက် ပြုနေရသူ ခေါင်းဆောင်များ၊ အစိုးရ အကြီးအကဲများ နှင့် နိုင်ငံရေး ခေါင်ဆောင်များ အတွက် ဆုတောင်းပေးကြဖို့ တိုက်တွန်းခဲ့ပါသည်။

ဒီနေ့ခေတ်ကြီးမှာ လူတွေက သူတို့ရဲ့ခေါင်းဆောင်တွေကို ဆုတောင်းပေးဖို့ဆိုတာထက် ပစ်တင်ပြောဆိုဖို့နဲ့ စော်ကာခြင်းတွေကိုသာ စိတ်အားထက်သန်စွာလုပ်နေကြတယ်၊ သာသနာတော် အတွင်းမှာရော၊ အပြင်မှာပါ ဖြစ်ပျက်နေတယ်။

နိုင်ငံရေးသမားတွေ၊ အစိုးရအကြီးအကဲတွေကို ပြစ်တင်ပြောဆိုနေခြင်းထက် ဆုတောင်းပေးလိုက်တာက ပိုမိုထိရောက်တယ်။ တကယ့် စစ်မှန်တဲ့ ခရစ်ယာန်တွေဟာ ဘုရားကျေးဇူးတော်သာလျှင်တပါသူဆီမှာ ကျန်နေရစ်စေခဲ့တယ်၊ ဘယ်သူကိုမှ မကောင်းမူတွေပေးပြီး ပြစ်မထားခဲ့ပါဘူး။

နိုင်ငံရေးခေါင်းဆောင်တွေကို ဆုတောင်ပေးခြင်းအားဖြင့် နိုင်ငံကို တည့်မတ်စွာ ဦးဆောင်နို်င်ဖို့၊ နိုင်ငံကောင်းကြိုး အများကောင်းကြိုးကို ဖော်ဆောင်နိူင်ဖို့ တို့ဆုတောင်းပေးကြရမယ်။

တချို လူတွေအနေနဲ့ သူတို့ရဲ့ ညံဖျင်းသော၊ အလွဲးသုံးစားပြု့ကိုယ်ကျိုးရှာသော ခေါင်းဆောင်တွေကို မကြိုက်ကြပါဘူး၊ အဲ့လိုအခြေအနေမျိုးမှာ စိန့်ပေါ ရဲ့ တီမောသေ ထံပေးစာမှာ ပြောထားသလို ၊ မနှစ်သက်သောသူတိုနှင့် ဆွေးနွေးခြင်း၊ ငြင်းခုံခြင်းမပြုပဲ သူတို့အတွက် တိတ်ဆိတ်စွာ ဆုတောင်းပေးနေခဲ့တယ် ဆိုတာကို အတုယူကြရမယ်။ ဒါကြောင့် ဆုတောင်းပေးကြပါ ဟု ရဟန်းမင်းကြီးမှ ဟောကြားခဲ့ပါသည်။
By Kyi Maung
Credit to Vatican News and CBCP News
https://bit.ly/2kFZMTi

 

Add new comment

1 + 1 =