အ‌စေခံ‌သောစိတ်ထားဖြင့်သာ ခရစ်ယာန်ယုံကြည်ခြင်းအသက်တာကိုပြသကြပါ

အပတ်စဉ်တွေ့ဆုံနေကြ တနင်္ဂနွေနေ့ နေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်း

အ‌စေခံ‌သောစိတ်ထားဖြင့်သာ ခရစ်ယာန်ယုံကြည်ခြင်းအသက်တာကိုပြသကြပါ
အောက်တိုဘာ ၆၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ တနင်္ဂနွေနေ့ နေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်း တွင် တနင်္ဂနွေနေ ကျမ်းစာကိုခြေခံပြီး မုန်ညှင်းစေ့အရွယ်ယုံကြည်ခြင်းနှင့် အမြဲတမ်းအသင့်ရှိနေသောအစေခံတို့အကြောင်းကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှဝေ မျှခဲ့ပါသည်။

သင်တို့၌ မုန်ညင်းစေ့မျှလောက်ယုံကြည်ခြင်းရှိပါ ဤပိုးစာပင်အား အမြစ်ပါနှုတ်၍ပင်လယ်ထဲ၌ပေါက်နေလော့ဟု ဆိုလျှင်၄င်းသည် သင်တို့၏စကားကိုနာခံလိမ့်မည်။ ဒီကျမ်းပိုဒ်ရဲ့ ဆိုလိုရင်းက ဘုရားသခင်အပေါ်ယုံကြည်ခြင်းရှိသူအတွက် မဖြစ်နိုင်သောအရာမရှိ၊ အဘယ့်ကြောင့်ဆိုသော်မိမိတတ်စွမ်းမှု၌မဟုတ် အရာအားလုံးကိုတက်နိုင်သော ဘုရားသခင်အပေါ်၌သာ ပြည့်ဝသောယုံကြည်ခြင်းကြောင့်ဖြစ်သည်။

သေးငယ်သောမုန်ညင်းစေ့ဆိုသည်မှာ ယုံကြည်ခြင်းဆိုသည့်အရာသည် မိမိကိုယ်ကိုယုံကြည်ခြင်း ဂုဏ်ယူခြင်းမျိုးမဟုတ်၊ သေးငယ်သောနှိမ့်ချခြင်းကိုဆိုလိုခြင်းဖြစ်ကြောင်း၊ ယင်းအရာသည်ဘုရားနှင့်ပေါင်းစပ်ရန်ကြီးမားသောအရာဖြစ်ကြောင်း၊ မိမိ၏တတ်စွမ်းမုှမှန်သမျှကိုငြင်းပယ်ပြီး၊ ဘုရားရှင်အပေါ်၌သာ အပြည့်အဝအားကိုးယုံကြည်ခြင်းကိုဆိုလိုခြင်းဖြစ်သည်။

တို့မှာယုံကြည်ခြင်းရှိတယ်ဆိုတာဘယ်လိုသိနိုင်မလဲ၊ သခင်ခရစ်တော်ကကျွန်ုပ်တို့ကို အစေခံခြင်းအမှု၌သာတိုင်းတာကြဖို့၊ မထိုက်တန်သောအစေခံ၏ဥပမာအားဖြင့်သင်ကြားပေးနေတယ် ဆိုတာကိုသတိရပါ။

ခရီးကပြန်ရောက်လာသောသခင်မှ‌စေခံအား သူ့အတွက်စားသောက်ရန်ပြင်ဆင်စေခိုင်းခြင်းအမှုသည် သခင်၏ကြမ်းတမ်းသောအပြုအမူကိုဖော်ပြခြင်းမဟုတ်၊ အစေခံ၏အမြဲတမ်းအသင့်ရှိနေမှုစိတ်ဓာတ်ကိုသာဖော်ပြပေးခြင်းဖြစ်သည်။ လူတစ်ယောက်၏ယုံကြည်ခြင်းသည်သူ့အပေါ်မှာချိန်တိုင်း အသင့်ရှိနေရန်၊ ဘုရားသခင်၏အလိုတော်ကိုလုပ်ဆောင်‌ပေးရန်အသင့်ရှိနေခြင်းအမှုတို့သည် မိမိတို့၏ယုံကြည်ခြင်းကိုအစေခံခြင်း၌ဖော်ပြနေခြင်းဖြစ်သည်။

ယင်းကဲ့သို့သောစိတ်နေစိတ်ထားသည် ခရစ်ယာန်များအတွက် ဘုရားသခင်အပေါ်၌သာမဟုတ်၊ ကိုယ်နှင့်နီးစပ်သူညီကိုမောင်နှမများကိုလည်း ပျော်ရွှင်စွာအစေခံခြင်းအမှု၌သက်‌သေခံ‌ကြရမည်၊ ယင်းကဲ့သို့တစ်ပါးသူကိုအစေခံခြင်း၊ ကူညီပေးခြင်းအမှုတို့သည် မိမိကိုယ်ကိုဂုဏ်ဖော်ဖို့၊ အများသူငါတို့၏အသိအမှတ်ပြုခြင်းခံရရန် ပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ၊ ဘုရားသခင်အပေါ်ယုံကြည်ခြင်းမှထွက်‌ပေါ်လာသော သာသနာတော်၏အစေခံခြင်းအမှုကို နှိမ့်ချသောစိတ်နေစိတ်ထားဖြင့်။ ပြသပြုလုပ်ခြင်းသာဖြစ်ရမည်၊ အဘယ့်ကြောင့်ဆိုသော်။ သာသနာလုပ်ငန်းသည် နှိမ့်ချသောစေခံလုပ်ငန်းဖြစ်နေသော‌ကြောင့်ဖြစ်ပါသည်ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ အပတ်စဉ်တွေ့ဆုံနေကြ တနင်္ဂနွေနေ့ နေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်း တွင် ဟောကြားခဲ့ပါသည်။

By Kyi Making
Credit to Vatican News
https://bit.ly/329z9ql

Add new comment

7 + 8 =