အီတလီနိုင်ငံ လူမှု့ကယ်ဆယ်ကာကွယ်ရေး အဖွဲ့ဝင်များနှင့် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံ

အီတလီနိုင်ငံ လူမှု့ကယ်ဆယ်ကာကွယ်ရေး အဖွဲ့ဝင်များ
အီတလီနိုင်ငံ လူမှု့ကယ်ဆယ်ကာကွယ်ရေး အဖွဲ့ဝင်များနှင့် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံ
ဒီဇင်္ဘာ ၂၂၊ ၂၀၁၈

ဒီဇင်္ဘာ ၂၂၊ ၂၀၁၈ စနေနေ့ လုထုတွေ့ဆုံခြင်းတွင် အီတလီနိုင်ငံတော်လူမှုကယ်ဆယ်ကာကွယ်ရေး အဖွဲ့ဝင်တချို့ကို ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းတွေ့ဆုံခြင်းတွင် တပါးသူကိုယ်ကယ်ဆယ်ရင်းမိမိ အသက်ပေးဆပ်သွားသူ လူမှု့ကယ်ဆယ်ရေးဝန်ထမ်းများ နှင့် အများပြည်သူလုံခြုံရေး တာဝန်ထမ်းဆောင်းနေကြသောသူများကို အသိအမှတ်ပြုခဲ့ပါသည်။

 

အီတလီနိုင်ငံတော်လုံခြုံရေးအဖွဲ့သည် ဘေးအန္တရာယ်ကြောင့် ထိခိုက်လာသောသဘာပတ်ဝန်းကျင်၊ ပစ္စည်းဥစားများ နှင့် လူတို့၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ပေးရသော တာဝန်ကိုယူထားကြသူများဖြစ်ပါသည်။ လူမူ့ကယ်ဆယ်ကာကွယ်ရေးလုပ်ဆောင်နေသော အလုပ်သမားများ၊ လုပ်အားပေးအဖွဲ့များ နှင့်တွေ့ဆုံခြင်းတွင်သူတို့၏ ရက်ရောမှု့ ပေးဆပ်အနစ်နာခံမှု့များကို အသိအမှတ်ပြုပြီး၊ လူသားအယောက်တိုင်းစီနှင့် လူသားထုတရပ်လုံးကိုကာကွယ် စောင့်ရှောက်ပေးသော ထိရောက်ခိုင်မာသည့်အဖွဲ့အစည်းဖြစ်ရန် ကိုလည်း အားပေးခဲ့ပါသည်။

 
 
လူမူ့ကယ်ဆယ်ကာကွယ်ရေးလုပ်ဆောင်နေသောသူများကို အရေးပေါ်ဘေးအန္တရာယ် ကြရောက်သောအချိန်မှမဟုတ်ပဲ၊ ဘေးအန္တရာယ်ကြရောက်နိုင်သော အခြေအနေများကို ကြိုတင်သတိပေးခြင်းနှင့် ဘေးအန္တရာယ်နှင့်တွေ့ကြုံခဲ့ကြရသော သူများကိုလည်း လူမှု့အဖွဲ့အစည်းနှင့် သဟဇာတဖြစ်စွာ ပြန်လည်နေထိုင်နိုင်ရေးများပြုလုပ်ပေးကြဖို့လည်း ပြေားကြားခဲ့ပါသည်။
 
 
တချိန်မှာ နိုင်ငံသားဖြစ်လာမည့်၊ လုပ်အားပေးအဖွဲ့ဝင်တွေဖြစ်လာမည့် ကလေးသူငယ်များကို ပညာရေးဦးစားပေးခြင်း၊ အသိပညာတိုးပွားစေခြင်းများပြုလုပ်စေလိုကြောင်းလည်းပြောကြားခဲ့ပါသည်။ ကမ္ဘာကြီးကိုပိုမိုလုံခြုံစိတ်ချရသောနေရဖြစ်ဖို့ မိမိတို့ဘဝစိတ်ပိုင်ဖြတ်ပြီး သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတပ်သောစိတ်၊ ကာကွယ်စောင့်ရှောက်လိုသောစိတ် များမွေးမြူခြင်း၊ တလုံးတဝတည်းဖြစ်ခြင်းအတွက် အတူယှဉ်တွဲးစွာနေထိုင်တပ်သောစိတ် များမွေးမြူကြဖို့ ကျွနုပ်လူငယ်များကို အမြဲပြောလေ့ရှိပါတယ်။ လူမူ့ကယ်ဆယ် ကာကွယ်ရေးလုပ်ဆောင်နေသော အလုပ်သမားများ၊ လုပ်အားပေးအဖွဲ့များ ကျေးဇူးတင်ကြောင်း၊ အများကောင်းကြိုးအတွက်ပေးဆပ်အနစ်နာခံမှု့များကို အသိအမှတ်ပြုကြောင်း နိဂုဏ်ချုပ်အနေနှင့်ပြေားကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-meets-with-italian-civil-protection-service.html

#civilprotection, #pope, #encourage, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 8 =