အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ဒေသတွင် မိုးများ ရေကြီးမြေပြို မှုကြောဂ့် ဒုက္ခရောက်နေကြရသောသူများအတွက် ပုပ်ရဟန်းမင်းကြ ဖရန်စစ်အရှင်သူမြတ် ဆုတောင်းပေး

အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ဒေသတွင် မိုးများ ရေကြီးမြေပြို
အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ဒေသတွင် မိုးများ ရေကြီးမြေပြို မှုကြောဂ့် ဒုက္ခရောက်နေကြရသောသူများအတွက် ပုပ်ရဟန်းမင်းကြ ဖရန်စစ်အရှင်သူမြတ် ဆုတောင်းပေး
သြဂုတ်လ ၁၉၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-08/pope-francis-angelus-19-august-2018-prayer-kerala-floods.html

#rainfall, #landslides, #flood, #india, #church, #aid, #vatican, #peterkm,

Photo credit to , ucanews
ဘာသာပြန်ဆိုသူ Fr. Peter vaticannewsKyi Maung

တနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်း နှင့် လူထုတွေ့ဆုံခြင်း၌ အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ဒေသတွင် မိုးများ ရေကြီးမြေပြို မှုကြောင့် ဒုက္ခရောက်နေကြရသောသူများအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဆုတောင်းပေးခဲ့ပါသည်။ ကျွနု​ပ်တို့၏ ဆုတောင်းပေးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီပေးမှုများ၊ လုံလောက်သော ထောက်ပံကူညီမှုများဖြင့် အိန္ဒိယ နိုင်ငံ Kerala ဒေသရှိ ရေဘေးဒုက္ခရောက်နေကြသူများနှင့် တလုံးတဝတည်းရှိကြောင်းပြသကြပါ၊ ဆုတောင်းပေးကြပါ၊ ကူညီကြပါဟု ပုပ်ရဟန်းမင်းကြ ဖရန်စစ် မှပြောဆို ဆုတောင်းပေးခဲ့ပါသည်။
အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ဒေသတွင် သြဂုတ်လ ၈ ရက်နေ့မှစတင်ကာ မိုးများပြီး ရေကြီးမြေပြိုမှုကြောင့် လူ ၁၉၀ ဦးထိ သေဆုံးပြီး သေဆုံးသူ ဆက်လက်မြင်တက်​လာနေကြောင်း၊ လူပေါင်း ၃၁၄၀၀၀ ကို ကယ်ဆယ်ရေးစခန်း ၂၁၀၀ သို့ ရွေပြောင်းပေးထားရကြောင်း၊ အိန္ဒိယ နိုင်ငံရှိ ကက်သလစ်သာသနာ နယ် ၂၄ ခုမှာ မိုးများရေကြီး မြေပြို ဒုက္ခခံနေကြရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများမှလည်း ရက်ရောစွာကူညီကြဖို့ အိန္ဒိယ နိုင်ငံရှိ ကက်သလစ်ဆရာတော်ကြီး များအဖွဲ့ချုပ်မှ တောင်းဆိုလိုက်ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်ေ​ဖ်ာပြပါသည်။

Add new comment

3 + 5 =