အာရေဗျ နိုင်ငံရှိ ကက်သလစ်လူငယ်များ သူတို့၏ ယုံကြည်ခြင်း၊ မျှော်လင်ြ့ခင်းနှင် ချစ်ခြင်းမေတ္တာ ပါရမီများကို အားသစ်လောင်း

အာရေဗျ နိုင်ငံရှိ ကက်သလစ်လူငယ်များ သူတို့၏ ယုံကြည်ခြင်း၊ မျှော်လင်ြ့ခင်းနှင် ချစ်ခြင်းမေတ္တာ ပါရမီများကို အားသစ်လောင်း
အာရေဗျ နိုင်ငံရှိ ကက်သလစ်လူငယ်များ သူတို့၏ ယုံကြည်ခြင်း၊ မျှော်လင်ြ့ခင်းနှင် ချစ်ခြင်းမေတ္တာ ပါရမီများကို အားသစ်လောင်း
အောက်တိုဘာ ၂၆၊ ၂၀၁၈

လူငယ်များအရေး ဆရာတော်ကြီးများ ညီလာခံသည် လာမည့် တနင်္ဂနွေနေ့ တွင် အဆုံးသတ်ရန် နီးကပ်လာပြီဖြစ်ပါသည်။ အာရေဗျ ကျွန်းဆွယ် UAE နိုင်ငံများမှ အာရပ် ကက်သလစ် လူငယ် ၁၅၀၀ တို့သည် အောက်တိုဘာလ ၂၅ မှ ၂၇ ရက်နေ့ထိ Ras Al Khaimah တွင်
ထ၍ သင်တို့၏ ယုံကြည်ခြင်း၊ မျှော်လင်ြ့ခင်းနှင့် ချစ်ခြင်းမေတ္တာ ပါရမီများကို အားသစ်လောင်း လျှက် ယေဇူး သခင်၌ ပို၍ ထိတွေ့ခံစားကြလော့ ဟူသော ခေါင်းစဉ်ဖြင့် အာရပ် ကက်သလစ် လူငယ်ညီလာခံကို ကျင်ပလျှက် ရှိကြပါသည်။
ယင်း အာရပ် ကက်သလစ် လူငယ်ညီလာခံသည် လူငယ်တို့၏ တောင်းဆိုမှုဖြင့် စတင်လာသော အဖွဲ့အစည်းဖြစ်ကြောင်း၊ သူတို့၏ ရည်ရွယ်ချက်သည် သူတို့တစ်နိုင်ငံတည်းမဟုတ် သူတို့အနီးနားအိမ်နီးခြင်းနိုင်ငံများနှင့် ပေါင်းစပ်ပြီး လူငယ်များ တစုတစည်း တလုံးတဝတည်းဖြစ်ရေးကို ရည်ရွယ်ထားကြောင်း၊ ယင်းလူငယ်တို့၏ ကမ်းလှမ်းခဲ့မှုကို ဆရာတော်ကြီးများမှ ဝမ်းပမ်းတသာ ကြိုဆိုခဲ့ပြီး၊ တောင်အာရေဗျ နှင် ရီမင် နိုင်ငံတာဝန်ခံ ဆရာတော် Paul Hinder မှ ပြောကြားခဲ့ပါသည်။
ယင်း အာရပ် ကက်သလစ် လူငယ်ညီလာခံသည် ရေနက်ရာသို့ ရွေ့လော့ ခေါင်းစဉ်ဖြင့် ၂၀၀၉ တွင် စတင်ခဲ့ပြီး၊ ၂၀၁၂ တွင် ယုံကြည်သူအတွက် အရာရာ အားလုံးဖြစ်နိုင်တယ် ဟူသော ခေါင်းစဉ်ဖြင့် အားသစ်လောင်းခဲ့ကြပါသည်။ ယခု နှစ်အတွက် မာရီယား မကြောက်ရွံလေနှင့် သင်သည် ဘုရားသခင်၏ အရေးပေးခြင်းကို ခံရလေပြီ ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပရန် ပြင်ဆင်ထာလျှက်ရှိပြီး၊
ယင်း အာရပ် ကက်သလစ် လူငယ်ညီလာခံသည် လူငယ်များ၏ ယုံကြည်ခြင်းကို တိုးပွားစေမည်ဟု ယုံကြည်ကြောင်း တောင်အာရေဗျ နှင် ရီမင် နိုင်ငံတာဝန်ခံ ဆရာတော် Paul Hinder မှ ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2018-10/arab-catholic-youth-congress-united-arab-emirates.html

#arabia, #catholicyouth, #faith, #peterkm,
Photo credit to vatican news,
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 2 =