အာဖရိကအလယ်ပိုင်း သမ္မတနိုင်ငံများငြိမ်းချမ်းရေးနှင့် ကယ်လီဖိုးနီးယား ပြည်နယ် မီးဘေးသင့်သူများအတွက် ဆုတောင်းပေးခြင်း

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်း
အာဖရိကအလယ်ပိုင်း သမ္မတနိုင်ငံများငြိမ်းချမ်းရေးနှင့် ကယ်လီဖိုးနီးယား ပြည်နယ် မီးဘေးသင့်သူများအတွက် ဆုတောင်းပေးခြင်း
နိုဝင်ဘာလ ၁၈၊ ၂၀၁၈

၁။ ။ ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှု
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းအပြီးတွင် အာဖရိကအလယ်ပိုင်းသမ္မတနိုင်ငံများမှ ကက်သလစ်သာသနာပြုများကြည့်ရှု့စောင့်ရှောက်ပေးနေသော ဒုက္ခသည် နှစ်သောင်း နေထိုင်သော ဒုက္ခသည်စခန်းတွင် လွန်ခဲ့သော နှစ်ရက်က တိုက်ခိုက်ခံခဲ့ရပါသည်၊ ယင်းတိုက်ခိုက်ခံရမှုတွင် လူပေါင်း ၄၀ ကျော်သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ ယင်း သေဆုံးသူများတွင် ကက်သလစ်ဘုန်းတော်ကြီး နှစ်ပါးပါဝင်ပြီး လူထောင်ပေါင်းများစွာတို့သည် ကိုယ်လွတ်ရုန်း ထွက်ပြေးကြရကာ ဒုက္ခသည် စခန်းကိုလည်း တိုက်ခိုက်သူများမှ မီးရှို့ဖျက်ဆီးပစ်လိုက်ကြသည်။ ထို့အတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ သေဆုံးသွားကြသူများ၊ဒဏ်ရရှိကြသူများ အတွက်ဆုတောင်းပေးရင်း၊ ငြိမ်းချမ်းရေးအလွန်လိုအပ်နေသောနိုင်ငံများတွက် အထူးဆုတောင်းမေတ္တာများပို့သဆုတောင်းပေးကြဖို့လည်း တိုက်တွန်းခဲ့ပါသည်။

၂။ ။ ကယ်လီဖိုးနီးယား ပြည်နယ် မီးလောင်ကျွမ်းမှု
အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်တွင် လွန်ခဲ့သော တပတ်ကျော်မှ ဆက်လက်လောင်းကျွမ်းလျှက်ရှိသော မီးလောင်မှုကြောင့် လူပေါင်း ၇၆ဦးသေဆုံးခဲ့ပြီး Paradise မြို့ မီးလောင်ကျွမ်းမှုတွင် ကယ်ဆယ်ရေးအဖွဲ့များမှ ဆက်လက်ရှာဖွေနေကြသည်။ လူပေါင်း ၁၃၀၀ ခန့်ပျောက်ဆုံးနေသေး၍ သေးဆုံးသွားကြသူများ၊ ဝမ်းနည်းပူဆွေးနေကြသော မိသားစုဝင်များအတွက် ဆုတောင်းပေးကြရန်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များတွင် ဝိုင်ဝန်းကူညီကြရန် တောင်းဆိုခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-appeal-angelus-central-african-republic-california-fire.html

#pope, #angelus, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 2 =