အာဒ်ဝင်တူးကာလသည် အားပေးနှစ်သိမ့်ခြင်းနှင့် စောင့်မျှော်ခြင်းကာလ

ရောမမြို့သို့ ဘုရားဖူးလာကြသော သူများနှင့်တွေ့စဉ်
အာဒ်ဝင်တူးကာလသည် အားပေးနှစ်သိမ့်ခြင်းနှင့် စောင့်မျှော်ခြင်းကာလ
ဒီဇင်​ဘာလ ၁၊ ၂၀၁၈

အီတလီနိုင်ငံ အရှေ့တောင်ပိုင်း Ugento-Santa Maria di Leuca နှင့် Molfetta-Ruvo-Giovinazzo-Terlizzi သာသနာနယ်များမှ ရောမမြို့သို့ ဘုရားဖူးလာကြသော သူများနှင့်တွေ့စဉ်တွင် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ အာဒ်ဝင်တူးကာလသည် အားပေးနှစ်သိမ့်ခြင်းနှင့် စောင့်မျှော်ခြင်းကာလ အဖြစ် သူ၏ ကမဌာန်းထောက်ရှု့ချက်ကို ဝေမျှခဲ့ပါသည်။

ဝတ်​ပြုကိုးကွယ်​ခြင်း နှစ်သစ်ရဲ့အစ ကိုပြင်ဆင်သောအားဖြင့် ဘုရားသခင်သည် အားလုံးအတွက် နှစ်သိမ့်အားကိုးရာဖြစ်သည်အလျှောက် အသစ်သောဘဝအသက်တာ၌ ဘုရားသခင်နှင့်အစပြုကြရန်၊ ငါတို့ဟာ အသစ်သောပြောင်လဲမူအတွက်နှင့် ကြီးမားသောလုပ်ဆောင်မူများအတွက်မွေးဖွားလာကြောင်း၊ ဘုရားသခင်အတွက် မွေးဖွားလာကြခြင်းဖြစ်ကြောင်း ဘုရားသခင် ငါတို့ဘဝထဲဝင်ခွင့်ပြုနိုင်သူရဲ့အသက်တာမှာ အသစ်သောအရာတွေ၊ ကြီးမားသောပြောင်းလည်းမူတွဖြစ်လာမယ်။
အလကားထိုင်စောင်နေရုံနဲ့ ဘဝကိုအချိန်မကုန်စေနဲ့ သင့်ဘဝထဲဘုရားသခင်ဝင်လာနိုင်ဖို့ပြင်ဆင်နေခြင်း၊ စောင့်မျှော်နေခြင်းက သာပြီးအကျိုးဖြစ်ထွန်းမယ်၊ ဘုရားသခင်သာ မင်းဘဝထဲ​ရောက်လာရင် အသစ်သောအရာတွေအားလုံးဖြစ်လာမယ်။ ဘယ်လိုအသက်ရှင်ပြီးစောင်နေရမလဲ။ အသက်ဝင်သော ချစ်ခြင်းမေတ္တာ၊ ချစ်ခြင်းမေတ္တာ၊ အသက်တာ၌ အသက်ရှင်နေထိုင်နေခြင်း၊ ချစ်ခြင်းမေတ္တာ၊ ရှိသောနေရာ၌သာ ဘုရားသခင် လာမယ် ရှိနိုင်မယ်။

အာဒ်ဝင်တူးကာလ ပထမ တနင်္ဂနွေနေ့ ကျမ်းစာမှာ သင်တို့၏ဦးခေါင်းကိုမော့၍ အထက်အရပ်သိုမျှော်ကြည့်ကြလော ဟုဆိုထားတယ်၊
လောကမှာ အမှားလုပ်သူ အားနည်းသူတွေကိုကြောက်ရွံ့စိတ်က အောက်ကျသွားအောင်ဆွဲချလိမ့်မယ်၊ ဒါကြောင့် မျှော်လင်ြ့ခင်းအပြည့် ယုံကြည်ခြင်းအပြည့်နဲ့ ရဲစွမ်းသတ္တိရှိစွာ နေထိုင်နိုင်ဖို့ ဘုရားသခင်သွန်သင်နေခြင်းဖြစ်တယ်၊ ဒါကြောင့် အာဒ်ဝင်တူးကာလမှာ ဘုရားနဲ့နှစ်သိမ့်အားပေးမှုကိုခံစားရင်းကြွလာမည့်ဘုရားသခင်ကို မျှော်လင့်ခြင်းအပြည့်အဝနှင့် ရဲစွမ်းသတ္တိရှိစွာ စောင့်စားနေထိုင်ကြပါ။ ဘုရားသခင်ရောက်လာရင်သင်ဘဝ အသစ်တဖန်ပြောင်းလဲသွားလိမ့်မယ်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-address-pilgrims-italian-dioceses-1-december-2018.html

#pope, #advent, #hope, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 17 =