အာဒ်ဝင်တူးကာလတွင် မည်သို့ဆုတောင်းရမည်နည်းဟု သခင်ခရစ်တော်ထံတောင်းဆိုကြ

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်း
အာဒ်ဝင်တူးကာလတွင် မည်သို့ဆုတောင်းရမည်နည်းဟု သခင်ခရစ်တော်ထံတောင်းဆိုကြ
ဒီဇင်​ဘာလ ၅၊ ၂၀၁၈

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်းတွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သခင်ယေဇူးစီရင်ထားတော်မူသော မေတ္တာ ကိုအခြေခံပြီး ဘာသာတရားသွန်သင်မှုကို ပြုလုပ်ခဲ့ပါသည်။

 
ပြီးခဲ့သော အပတ်က ပညတ်တော်ဆယ်ပါးသွန်သင်မှုအပြီးတွင် ကောင်းကင်ဘုံ၌မေတ္တာကို ဘာသာတရားသွန်သင်မှုအတွက် အပတ်စဉ် ဗုဒ္ဓဟူး နေတိုင်း သင်ကြားသွားမည်ဖြစ်ပါသည်။
 
သမ္မာကျမ်းစာ တွင် သခင်ခရစ်တော် ကို ဆုတောင်းသူအဖြစ်သိသိသာသာဖော်ပြထားတာကိုတွေ့ရမယ်၊ ဘုရားသခင်၏စီမံကိန်း​တွေကိုဖြည့်ဆည်းဖို့ လူတွေအတွက်အလုပ်များနေသော်လည်း သခင်ခရစ်တော်ဟာ တယောက်ထဲ တိတ်​ဆိတ်တဲ့နေရာမှာသွားပြီးဆုတောင်းတော်မှုတယ်၊ သူရဲ့စီမံကိန်း မစတင်မီတိုင်း သူဆုတောင်းတော်မှုတယ်။
 
သခင်ခရစ်တော်ရဲ့ဆုတောင်းခြင်းဟာ ဘုရားသခင်နှင့်ပေါင်းစပ်ခြင်းဖြစ်တယ်၊ ဘုရားနဲ့ပေါင်းစပ်ခြင်းကပဲ အရာရာအားလုံးကိုလွှမ်းမိုးသွားတယ်။ သူဒုက္ခမခံမီ သွေးမြေကျသည်အထိဆုတောင်းတော်မူခဲ့တယ်။ 
 

 

သူရဲ့ဆုတောင်းတဲ့ ဆုတောင်းမေတ္တာ ကို သူရဲ့တပည့်တော်တွေက မေးခဲ့တယ် (သခင် ဆုတောင်းနည်းသင်ပေးပါ) ဆိုပြီးတောင်းဆိုခဲ့တယ်။ သခင်ခရစ်တော်က သူတစ်​​ယောက်ပဲ ဘုရားနဲ့ပေါင်းစပ်မယ် ဆိုတဲ့စိတ်မျိုးမရှိဘူး။ အဲ့ဒါ​ကြောင့်အဖ ခမည်းတော်ဘုရားနှင့်ကျွနု​ပ်တို့ကို မိတ်ဆက်ပေးခဲ့တယ် ဘုရားသခင်နဲ့ပေါင်းစပ်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့တယ်။
 
ကျွနု​ပ်တို့အယောက်တိုင်းစီသည် လည်း သခင်ခရစ်တော်၏ တပည့်တော်ကြီးများကဲ့သို့ (သခင် ဆုတောင်းနည်းသင်ပေးပါ) ဆိုပြီးတောင်းဆိုရမယ်။ ငါတို့နှစ်တွေဘယ်လောက်ကြာ​အောင်ဆုတောင်းခဲ့ပြီးဖြစ်ပါစေ ငါ့တို့အတွက် သင်ယူစရာတွေက အမြဲရှိနေတယ်။ ဆုတောင်းခြင်းရဲ့ပထမဦးဆုံးခြေလှမ်းက နှိမ့်ချခြင်းပါရမီပါပဲ၊ ဘုရားသခင်ကို နှိမ့်ချရိုသေခြင်းဖြစ်တယ်။
 

 

ဒီအာဒ်ဝင်တူးကာလမှာ ငါတို့ အကြိမ်ကြိမ် ထပ်ခါထပ်ခါပြောရမှာက (ကိုယ်တော် တပည်တော်တို့ကို ဆုတောင်းနည်းသင်ပေးပါ) အဲ့လို ဆုတောင်းနည်း ဘုရားသခင်ဆီက သင်ထားတဲ့ဆုတောင်းသံကို ဘုရားသခင် နားထောင်တော်မှုလိမ့်မယ်။

https://www.vaticannews.va/en/pope/news/2018-12/pope-at-audience-during-advent-ask-jesus-to-teach-us-to-pray.html

#pope, #generalaudience, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

10 + 4 =