အသင်းတော်သည် လူသားအားလုံးအတွက်

အသင်းတော်သည် လူသားအားလုံးအတွက်
ဒီဇင်္ဘာလ ၅၊ ၂၀၁၈

နိုင်ငံတကာ ကက်သလစ်အသင်းတော် ကရုဏာရေး ဥက္ကဋ္ဌ ရဟန်းမင်းအမတ် ကာဒီနယ် Antonio Tagle ဘင်္ဂလားဒေရှ် နိုင်ငံသို့ရောက်ရှိပြီး ကက်သလစ်အသင်းတော်မှ ကူညီ​ပေးနေသူများ၊ ဒုက္ခသည် မိသားစုတချို့ နှင့်လည်းတွေ့ဆုံခဲ့ပါသည်။
ရဟန်းမင်းအမတ် ကာဒီနယ် Antonio Tagle ဒုက္ခသည် စခန်းများသို့သွားရောက်ကြည့်ရှု့ခဲ့ပြီး ဒုက္ခရောက်နေသူများအတွက် ဝမ်းနည်းကြောင်း နှင့် တချိန်တည်းမှာပဲ သူတို့ရသင့်ရထိုက်သည့် အ​ခြေအနေအတိုင်းနိုင်ငံတကာမှ အထောက်ပံ့များ၊ နိုင်ငံတကာ ဂရုစိုက်ခံရမူ များရရှိနေသောအခြေအနေကိုမြင်ရသော ကြောင့် ဝမ်းသာကြောင်း ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေရှ် ကက်သလစ်သာသနာတော် ကရုဏာ အဖွဲ့အစည်းမှလည်း ဒုက္ခသည်များစတင်ရောက်ရှိချိန် ၂၀၁၇ မှ၍ ကူညီမှုများပေးနေကြောင်း၊ မိသားစု လေးသောင်းခန့်ကို အစားအသော အသုံးအဆောင်​များထောက်ပံ့​ပေးထားကြောင်း၊ မိသားစုတစ်သောင်းခန့်ကို အိမ်အဆောက်အဦအတွက်လိုအပ်သော အရာများ ထောက်ပံ့ပေးထားကြောင်း၊ ချက်ပြုပ်စားသောက်ရန်အတွက် ဂက်စ်မီးဖို၊ ဂက်စ်အိုးများကို မိသားစု နှစ်သောင်းကျော်အားဝေးပေးထားကြောင်း၊ အစားအသောက်အထောက်အပံ့များကို မိသားစု နှစ်သောင်းခြောက်ထောင်အတွက် ဝေးပေးထားပြီးဖြစ်ကြောင်း တင်ပြခဲ့ကြပါသည်။ ရဟန်းမင်းအမတ် ကာဒီနယ် Antonio Tagle မှ ကက်သလစ်ခရစ်ယာန် လူနည်းစုဖြစ်သော်လည်း ဘင်္ဂလားဒေရှ် ကက်သလစ်သာသနာတော် ကရုဏာအဖွဲ့အစည်း၏ လုပ်ဆောင်နေမှုများအတွက် အားရကျေနပ်ကြောင်း အားပေးစကားပြောကြားခဲ့ပါသည်။
UCANEWS ကို ဗာတီကန်သတင်းဌာနမှ ကောက်နုတ် ဖော်ပြပေးထားပါသည်။

https://www.vaticannews.va/en/church/news/2018-12/tagle-bangladesh-visit-rohingya-caritas.html

#vatican, #caritas, #help, #peterkm,
Photo credit to Vatican News, UCANEWS
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

12 + 3 =