အသင်းတော်ထဲမှာ လူငယ်တွေက အသုံးမကျတာမဟုတ်ဘူး အသင်းတော်က သူတို့ကို အသုံးချမှုနည်းခဲ့တာ (ကာဒီနယ် ချားလ်​စ် မောင်ဗိုလ်)

လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ ၂၀၁၈
အသင်းတော်ထဲမှာ လူငယ်တွေက အသုံးမကျတာမဟုတ်ဘူး အသင်းတော်က သူတို့ကို အသုံးချမှုနည်းခဲ့တာ (ကာဒီနယ် ချားလ်​စ် မောင်ဗိုလ်)
အောက်တိုဘာ ၂၃၊ ၂၀၁၈

ကျွနု​ပ်အနေနဲ့ရော
ဒီညီလာခံပြီး သွားရင် မြန်မာပြည်သာသနာအနေနဲ့ရော လူငယ်တွေအပေါ်မှာ ပိုပြီး ဂရုစိုက်​လုပ်ဆောင်သွားမယ်၊ အသင်းတော်က လူငယ်တွေအ​ပေါ်မှာ ထိုက်သင့်တဲ့နားထောင်မှုမပေးခဲ့တဲ့အပေါ်မှာ ပြန်လည်သုံးသပ်ဖို့လိုနေတယ်။ ပြီးတော့ အသင်းတော်ထဲမှာ လူငယ်တွေက အသုံးမကျတာမဟုတ်ဘူး၊ အသင်းတော်က သူတို့ကို အသုံးချမှု နည်းခဲ့ကြတာပါ။ ဒီညီလာခံက ထွက်ပေါ်လာတဲ့မှတ်တမ်းအပေါ်အခြေခံပြီး အသင်းတော်တစ်​ခုလုံးအနေနဲ့လူငယ်တွေကို ပိုမိုဂရုစိုက်လာလိမ့်မယ်​လို့လည်း ကျွနု​ပ်မျှော်လင့်ပါတယ် ဟု မြန်မာပြည် ရဟန်းမင်းအမတ် ကာဒီနယ် ချားလ်​စ် မောင်ဗိုလ်မှ ပြောကြားခဲ့ပါသည်။
လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ ၂၀၁၈ အောက်တိုဘာလ ၃ မှ ၂၈ ရက်ထိကျင်းပလျှက်ရှိပါတယ် "လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်း" အစည်းအဝေးခေါင်းစဉ်ဖြင့် အောက်တိုဘာ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပါတယ်။ ယခုညီလာခံရဲ့ နောက်ဆုံးအပိုင်းကိုရောက်ရှိလို့လာပါပြီ၊ အောက်တိုဘာလ ၂၂ ရက် တနင်္လာ​နေ့မှာ ညီလာခံအတွင်းမှာ ဆွေးနွေးခဲ့ကြသော အချက်အလက်များကို နောက်ဆုံး အကြမ်းဖျင်း အတည်ပြုခဲ့ကြပါသည်။ ယင်းညီလာခံမှတ်တမ်း အချက်အလက်အပေါ် အောက်တိုဘာလ ၂၃ ၊ ၂၄ အင်္ဂါ၊ ဗုဒ္ဓဟူး နှ​စ်ရက်တာ အခြေအတင် သုံးသပ်ကြပြီး၊ ပထမနေ့ အင်္ဂါနေ့မှာတင် ညီလာခံမှုကြမ်းကို အတည်ပြုခဲ့ကြသည်​။ စနေနေ့တွင် ယင်း ညီလာခံမှ ထွက်ရှိလာသော အစီရင်ခံစာကို ဆရာတော်ကြီး များအဖွဲ့သို့ ပေးပို့တင်ပြကြမှာဖြစ်ပါသည်​။ ဆရာတော်ကြီးများအဖွဲ့မှ ယင်းညီလာခံအစီရင်ခံစာအပေါ် တစ်​ရွက်ခြင်း လေ့လာပြီး တစ်​ရွက်ခြင်းစီအပေါ် မဲခွဲဆုံးဖြတ်အတည်ပြုကြမှာဖြစ်သည်​။ မဲအရေအတွက် သုံးပုံ နှစ်ပုံရသော စာမျက်နှာများသာ အတည်ပြုမှာဖြစ်ကြောင်းလည်း ညီလာခံ တာဝန်ရှိသူမှ ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2018-10/synod-youth-2018-press-briefing10.htmlen#bishops,

 
#synod, #youth, #pope, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

16 + 3 =