အလင်းသည် အမှောင်ထက်သာလွန် အစွမ်းထက်၏

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ရောမမြို့ ဗဟိုရုံးတော်အဖွဲ့ဝင်များနှင့် ခရစ္စမတ်ကာလ အစဉ်အလာအရတွေ့ဆုံခြင်း
အလင်းသည် အမှောင်ထက်သာလွန် အစွမ်းထက်၏
ဒီဇင်္ဘာ ၂၁၊ ၂၀၁၈

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ရောမမြို့ ဗဟိုရုံးတော်အဖွဲ့ဝင်များနှင့် ခရစ္စမတ်ကာလ အစဉ်အလာအရတွေ့ဆုံခြင်းတွင် အသင်းတော်အတွင်းတွင် ကြီးမားသောမှားယွင်းသည့်ပုံသက်သေပြမှုများရှိသော်​လည်း အသင်းတော်ထဲမှ ဖြူစဉ်မှုနှင့်ပိုမိုလှပသည့်အရာများ ထွက်ပေါ်လာလိမ့်မည်။
အချိန်ကာလတစ်​ခုတွင်ရရှိခဲ့သော အသင်းတော်၏ ဒဏ်ရာအခြေအနေများနှင့် ပျော်ရွှင်ဖွယ်ရာအခြေအနေများကို ဖွင့်ဟခဲ့ပါသည်။

 
ရှင်ပေါလု ရောမသြဝါဒစာ ၁၃း ၁၂ "ညအချိန်ကုန်လုပြီဖြစ်၍ နေ့အချိန်ရောက်တော့မည်။ ထို့ကြောင့်ငါတို့သည် မှောင်မိုက်နှင့်ဆိုင်သောအကျင့်ကို စွန့်ပယ်၍ အလင်းတရားနှင့်ဆိုင်သောလက်နှက်တန်ဆာကိုဝတ်ဆင်ကြပါစို့။" ဟူသောကျမ်းပိုဒ်​ကို အခြေခံပြီး ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ခရစ္စမတ် ကာလသည် ဘုရားသခင်၏ သနားကြင်နာမူသည် ကျွနု​ပ်တို့ကြူးလွန်မိခဲ့သော အပြစ်အမှားများထက်သာ၍ကြီးမားကြောင်းကို ကျွနု​ပ်တို့အတွက်သေချာ​စေခဲ့ပြီး ကျွနုပ်တို့၏ နှလုံးသားများကို ပျှော်ရွှင်မူများဖြင့်ဖြည့်စည်းပေးသောကာလဖြစ်ပါသည်။ ခရစ်ယာန်အသက်တာအသက်ရှင်မှုသည် ဘုရားသခင်ငါတို့နှင့်ရှိပါတယ် ဘာမှလုပ်စရာမလိုဟု မိမိကိုယ်ကိုယ် အခွင့်ထူးခံကဲ့သို့အသက်ရှင်နေထိုင်ရန်မဟုတ်၊ အသင်းတော်သည် သန့်ရှင်းသူဖြစ်သကဲ့သို့ မိမိကိုယ်ကိုယ်အမြဲ သန့်ရှင်းစင်​ကြယ်အောင်ပြုလုပ်နေသူ။ နောင်တတရားနှင့် အသစ်ပြုပြင်သောဘဝအသက်တာကို လျှောက်နေသူဖြစ်တယ်။

ဒီနှစ်ထဲမှာ အသင်းတော်ဟာကံဆိုးမိုးမှောင်ကြခဲ့ရတယ်၊ တချို့​သောသူတွေ အသင်းတော်ရဲ့ အားနည်းချက်သတင်းအမှားတွေကြားပြီး ရွံမုန်းသွားကြတယ်၊ တချို့​တွေအသင်းတော်ကိုစွန့်ခွာသွားကြတယ်။ တချို့​တွေက သူတို့စိတ်ဝင်စားတာ​တွေဖြစ်မလာလို့တိုက်ခိုက်ကြတယ်၊ တချို့​တွေက အသင်းတော် အပြင်းအထန်တိုက်ခိုက်ခံရတာကိုကြည့်ပြီး ဝမ်းသာအူးမြူးနေခဲ့ကြတယ်၊ သို့သော် တချို့​တွေကတော့ သစ္စာရှိစွာ အသင်းတော်နှင်အတူရပ်တည်ပြီးဒုက္ခခံခဲ့ကြတယ်။

အသင်းတော်ရဲ့ဒုက္ခဆိုတဲ့နေရာမှာ တစ်​ကမ္ဘာလုံးမှာရှိတဲ့ခရစ်ယာန်တွေကြုံတွေ့နေရတဲ့ အကြမ်းဖက်ခံမှု၊ ဆင်းရဲးမွဲ​တေမှု၊ အိမ်တွင်အကြမ်းဖက်မူများ၊ ကြောက်ရွံစိတ်များအထင်အမြင်လွဲမှားမှုများကြောင့် ခရစ်ယာန်များ၊ အားလုံးပါဝင်ကြောင်း၊ အချို့​ဒေသရှိခရစ်ယာန်များ ဒုက္ခရောက်ကြရသူများ သည် ခရစ်တော်ကိုစွန့်ပယ်ခြင်းထက် အသေခံခြင်းကို ​ရွေးချယ်သွားကြကြောင်း ကိုလည်း ရဟန်းမင်းကြီးမှ ပြောကြားခဲ့ပါသည်။

ဘုရားသခင်ဆီမှာ ကတိသစ္စာခံယူထားသူတွေရဲ့အလွဲသုံးစားလုပ်မူသည် အသင်းတော်အတွက်အလွန်အင်မတန်ရှက်ဖွယ်ရာဖြစ်ကြောင်း၊ အသင်းတော်အပေါ်မှာရှိသောယုံကြည်ခြင်းကိုထိုပုဂ္ဂိုလ်တို့၏အပြုအမူကြောင့် ကျဆင်းစေကြောင်း၊ အသင်းတော်သည် ယင်းကဲ့သို့ကျူးလွန်သူများကိုခွင့်လွတ်မည်မဟုတ်ပဲ တရာမျှတမူကိုဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကိုလည်းထည့်သွင်းပြောကြားခဲ့ပါသည်။ ဂျူးဒအစ်ကာဒိရူစ် သည် သခင်ခရစ်တော်အပေါ်မှာ သစ္စာဖောက်ခဲ့ပြီးနောင်တမရရှိခဲ့ပါ။ ထို့အတူ မိမိခေါ်တော်မူခြင်းကို သစ္စာဖောက်ဖျက်ကျူးလွန်သူတို့သည် စပါးခင်းထဲတွင်တောရိုက်ပေါင်းပင်များပါလာခြင်းဖြစ်ပါသည်။ ယင်တို့ကို ရှင်းထုတ်ပြစ်ရပါမည်။

အသင်းတော်အတွင်းတွင် အောင်မြင်မူများအတွက်လည်းဝမ်းသာဝမ်းမြောက်ကြရပေမည်၊ ရောမမြို့ ဗဟိုရုံးတော်ကို အသစ်ပြုပြင်ပေးနိုင်ခဲ့သော လူငယ်များအတွက် ဆရာတော်ကြီးများ ညီလာခံ၊ ငွေရေးကြေးရေးပွင့်လင်းမြင်သာမူကိုဖော်ဆောင်နိုင်ခြင်း၊ ဗာတီကန်အလုပ်သမာ ဥပဒေသစ်ပြုပြင်ပေးနိုင်ခြင်း၊ မကြာ​သေးခင်ကာလက သူတော်င်​ ၁၉ပါး တင်မြှောက်နိုင်ခဲ့ခြင်း၊ ဘာသာဝင်ဦးရေတိုးပွားလာခြင်း၊ လူငယ်များ၏ အသင်းတော်အပေါ်အမြင်နှင့် ခွန်အားသစ်များသွန်းလောင်းလာခြင်း၊ သူတော်စင် ​အသက်တာနှင့် ရဟန်းဘောင်ဘဝသို့လူငယ်များစိတ်ဝင်စားလာကြခြင်း၊ တို့ကို ​ပြောကြားခဲ့ပါသည်။

 
အသင်းတော်၏အစေခံ တာဝန်ယူထားသူတို့သည် နေ့စဉ်အသက်တာ၌ သစ္စာရှိခြင်း၊ တိတ်​ဆိတ်ငြိမ်သက်ခြင်း၊ သန့်ရှင်းဖြူစင်​ခင်း၊ မိမိကိုယ်ကိုယ်ငြင်းပယ်ခြင်းတို့ဖြင့်ရှင်သန်ကြရမည့်အကြောင်း၊
အချုပ်အနေနှင့် ဗာတီကန်ဗဟိုလ်ရုံးတော်အဖွဲ့ဝင်များကို သခင်ခရစ်တော်အတွက် နှလုံးသားတခါးဖွင့်၍ ကောင်းမြတ်ခြင်း၏ အလင်းရောင်သည် မကောင်းမူ ​မှောင်မိုက်ကို အောင်နိုင်စေရန် ကြိုးစားကြဖို့ မှာကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-roman-curia-christmas-greetings.html

#tomancuria, #pope, #encourage, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 1 =