အပြစ်တွေ၊ စွန့်ပြစ်ခံမှုတွေ၊ လူရာအသွင်းမခံရမူ့တွေကြောင့် အားမငယ်နဲ့ သင့်ကိုဘုရားသိတယ် သင့်အနားမှာရှိတယ် သူကူညီနေတယ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် အာဘာနို တွင် ပူဇော်သော မေစ္ဆားတရားတွ

အပြစ်တွေ၊ စွန့်ပြစ်ခံမှုတွေ၊ လူရာအသွင်းမခံရမူ့တွေကြောင့် အားမငယ်နဲ့ သင့်ကိုဘုရားသိတယ် သင့်အနားမှာရှိတယ် သူကူညီနေတယ်
စက်တင်ဘာ ၂၃၊ ၂၀၁၉

ရှင်လုကား ဧဝံဂေလိကျမ်းမှ အခွန်ခံဇာခေဦး အကြောင်းကို အခြေခံပြီး တို့ရဲ့အပြစ်အမှားတွေ၊ ဘုရားနဲ့ဝေကွာစေတဲ့အရာတွေက ဘုရားရဲ့ရင်ထဲက သင့်ကိုမေ့ပျောက်သွားအောင်မလုပ်နိုင်ပါဘူး။ ဘုရားဟာ ကျွနု်ပ်တို့ကို အမြဲသတိရနေတယ် တန်ဖိုးထားတယ် ဆိုတာ အမြဲသတိရနေရမယ်ဟု အာဘာနို တွင် ပူဇော်သော မေစ္ဆားတရားတွင် ဟောကြားခဲ့ပါသည်။

ဂျေရီခိုမြို့က အခွန်ခံ ဇာခေဦး သခင်ခရစ်တော်သတင်းကို ကြားတဲ့အချိန်မှာ သခင်ခရစ်တော်ကို တွေ့ဖူးချင်တယ်၊ ဘယ်လိုပုဂ္ဂိုလ်လဲဆိုတာ သိချင်စိတ်ပြင်းပြခဲ့တယ်၊ သူဟာအရပ်ပုသူတစ်ယောက် ဖြစ်နေခဲ့တဲ့အတွက် လူအုပ်ကြားထဲမှာ သူမတွေနိူင်ခဲ့လို့ နီးရာသစ်ပင်ပေါ်တက်ပြီးကြည်ခဲ့တယ်။ ဒါကို သိရှိသွားတဲ့ သခင်ခရစ်တော်က သစ်ပင်ပေါ်က ဆင်းလာဖို့ ဖိတ်ခေါ်ခဲ့ပြီး သူအိမ်ကို ဧည့်သည်အဖြစ် လာမယ်လို့ပြောခဲ့တယ်။

အဲ့ဒီလို ပြောခံရလိုက်တော့ အပြစ်သား၊ အခွန်ခံ ဇာခေဦး အရမ်​းပျော်ရွှင်သွားခဲ့တယ်၊ ဒါပေမဲ့လည်း ဘေးပတ်ဝန်းကျင်က လူတွေအတွက်ညိုညင်စရာ၊ အပြစ်တင်စရာဖြစ်လာတယ်၊ ပတ်ဝန်းကျင်က ဇာခေဦးကို အခွန်ခံအပြစ်သားလို့မြင်ထားကြတယ် အဲ့လိုအပြစ်သားအိမ်မှာ ဧည့်သည်အဖြစ်သွား တာကို လူတိုင်​သိပ်သဘောမတွေ့ကြဘူး။ သို့သော်လည်း ဇာခေဦးအတွက်တော့ ကြီးများတဲ့ပြောင်းလဲမှုတွေဖြစ်သွားခဲ့တယ်၊ သူပိုင်ဆိုင်သမျှ စည်းစိမ်တစ်​ဝက်ကို ဆင်းရဲသားတွေကို ဝေမျှပေးခဲ့တယ်၊ သခင်ခရစ်တော်ကြောင့် သူကယ်တင်ခြင်းခံလိုက်ရတယ်။ ။

ဇာခေဦးရဲ့ဘဝမှာ စိန်ခေါ်မှု​တွေအများကြီးနဲ့ရင်ဆိုင်နေခဲ့ရတယ်၊ အရပ်ပုတယ်၊ အခွန်ခံဖြစ်လို့ ကိုယ်ကျင့်တရားလည်းယိုယွင်းနေတယ်၊ လူတောမတိုးရဲဘူး၊ အပြစ်သားပြောခံရလို၊့ လူမုန်းများနေလို့၊ သစ်ပင်ပေါ်တက်နေတာလည်း ပုန်းနေတာမျိုးလည်းဖြစ်နိုင်တာပဲ၊ သခင်ခရစ်တော်ကိုတွေ့ချင်တယ်၊ သူလိုအပြစ်သားကို ခရစ်တော်တွေ့သွားမှာကိုလည်း ရှက်ကြောက်နေရတယ်။

သူရဲ့ဘဝမှာ အဲ့လိုအခြေအနေတွေက သူ့ကို သခင်ခရစ်တော်လိုပုဂ္ဂိုလ်မျိုးနဲ့တွေဖို့ ဟန့်တားထားခြင်းခံရတယ် သို့သော်လည် အပြစ်သားကိုလက်ခံဖို့၊ ကယ်တင်ဖို့ သခင်ခရစ်တော်ကို ဟန့်တားထားနှိုင်တဲ့ အပြစ်၊ အပြစ်သားရဲ့မကောင်းမူ့တွေ ဘာကမှ မတားနှိုင်ပါဘူး၊ သခင်ခရစ်တော် အဲ့ဒီအပြစ်သားဆီကို သွားတယ်၊ ချစ်တယ် ၊ ကယ်တင်ပေးတယ်။ ဘယ်အပြစ်သားကိုမှ သူမမေ့ဘူး။

ဒါကြောင့် ဘုရားကျောင်းတွေမှာ အပြစ်သားတွေအတွက် ဘုရားကသူတို့ကို ချစ်တယ် ဆိုတဲ့ခံစား ချက်ရှင်သန်နေစေရမယ်။ သခင်ခရစ်တော်ကို လူအများက အပြစ်တင်ကြတယ်၊ အပြစ်သားကို စကားပြောလို့ သူအိမ်မှာ တည်းခိုလို့၊ စသဖြင့် လူတွေက အပြစ်ရှာဝေဖန်ကြတယ်၊ ဒါပေမဲ့ သခင်ခရစ်တော် အပြစ်သားတစ်ယောက်​က်ုိ ကယ်တင်ဖို့အတွက် လူတွေရဲ့ပြစ်တင်ဝေဖန်မူ့တွေကို ဂရုမစိုက်ခဲ့ဘူး။ သင်ဘယ်လိုပဲ လူတွေကြားထဲမှာ သေးသိမ်စွာ၊ သိမ်ငယ်စွာ၊ အရှက်တရားတွေ၊ ကြောက်ရွံမူ့တွေ၊ အထီးကျန်မူ့တွေနဲံ နေနေရပါစေ၊ သင်ကို ခရစ်တော်တွေ့နေတယ်၊ သင်ကိုသူလာစကားပြောမယ်၊ မကြောက်ပါနဲ့။ ။

ဇာခေဦးက သခင်ခရစ်တော်တွေ့မြင်ရရုံတင်မဟုတ်၊ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာပါသိချင်နေခဲ့တယ်၊ သူရဲ့မျှော်လင့်ချက် ခံစားချက်ကို သိမြင်နေတဲ့ ခရစ်တော်က သူရဲ့ အတွင်းစိတ် နှလုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ ခရစ်တော်က သူကို စတင်စကားပြောခဲ့တယ်။ သခင်ခရစ်တော်ဟာ တို့ကို (အပြစ်သားများကို) သူကပဲ အရင်မြင်တယ်၊ ချစ်တယ်၊ ကြိုဆိုတယ် စတင်စကားပြောတယ်။ အဲ့တာ သခင်ခရစ်တော် ရဲ့ ဘဝအသက်တာပဲ။ အဲ့ဒီ သူငါတို့ကိုသိတယ် ချစ်တယ် ဆိုတာကို သိရှိခံစားလာရတဲ့အချိန်က သင့်ဘဝ စတင်ပြောင်းလဲလာတဲ့ အချိန်ပါပဲ။

ဇာခေဦး အိမ်ရောက်တဲ့အချိန်မှာ ဇာခေဦးကို စစ်မှန်နွေးထွေးတဲ့ အိမ်ရဲ့ခံစားမှုမျိုးကို ခံစားစေခဲ့တယ်။ လူတွေအများကြားမှာ သူဟာအပြစ်သား၊ သူကိုလူတွေ လက်မခံဘူး၊ အခေါ်အပြောမလုပ်ဘူး၊ သူဘဝမှာ ဘယ်သူမှသူကို ကြိုဆိုတယ် နွေးထွေစေတယ်ဆိုတာ သူမခံစားခဲ့ရဘူး၊ ဒါပေမဲ့လည်း သခင်ခရစ်တော်ဆီမှာ သူ့ဘဝအတွက် မေတ္တာတွေ၊ သနားကြင်နာမူ့တွေ၊ လက်ခံကြိုဆိုမူ့တွေကို သူတွေ့ခဲ့ရတယ်။ အဲ့ဒီ အချိန်မှာပဲ သူလည်း သူနှလုံးသားတံခါးကို သူပြန်ဖွင်နိုင်ခဲ့တယ်၊ သူပတ်ဝန်းကျင်က ဆင်ရဲးသားတွေကို ကူညီခြင်း၊ သူပတ်ဝန်းကျင်ကို သူကိုယ်တိုင် ပြန်လက်ခံလာနိုင်ခဲ့တယ်၊ အရှိကိုအရှိအတိုင် ရှုမြင်လာနိုင်ပြီး အကောင်းဖက်ကနေ ပြန်လည်ကြည့်ရှု့တတ်လာခဲ့တယ်။

အဲ့ဒီလိုပဲ သာသနာတော်ဟာ အပြစ်သားတွေ ဘဝအခြေအနေမှန်ကို ပြန်တွေ့ပြီ ပတ်ဝန်းကျင်မှာ လူဝန်ဆန့်လာအောင်ကူညီပေးနိုင်တဲ့နေရာဖြစ်နေရမယ်။ လူတိုင်အတွက် နွေးထွေးစစ်မှန်တဲ့ ပျော်ရွှင်မူ့တွေ ပြန်လည်ရှာဖွေ​တွေ့ရှိရာ နေရာ ဖြစ်နေရမယ်။

တို့တတွေဟာ တပါးသူရဲ့ အားနည်းချက်အပြစ်အနာအဆာတွေကို ဝေဖန်အပြစ်တင် ခွဲခြားဆက်ဆံနေရမဲ့သူတွေမဟုတ်ဘူး။ သူတို့ဘဝတွေကို မြှင့်တင်ပေးနေသူတွေဖြစ်ရမယ်။ ဘုရားက အပြစ်သားကို ကရုဏာပြပြီး ကြိုဆိုပြုပြင်ပြောင်းလဲပေးသလို တို့တတွေလည်း တပါးသူကိုမေတ္တာပြ ကြိုဆိုနိုင်သူတွေဖြစ်ကြရမယ် ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် မှ ဟေားကြားခဲ့ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2n6YUbb

 

Add new comment

3 + 3 =