အတုမရှိ အသက်ပေးသော ဘုရားရှင်၏နှုတ်တော်ထွက်စကားအစွမ်း

ဘုရားရှင်၏နှုတ်တော်ထွက်စကား
အတုမရှိ အသက်ပေးသော ဘုရားရှင်၏နှုတ်တော်ထွက်စကားအစွမ်း
အောက်တိုဘာလ ၃၁၊ ၂၀၁၈

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း မတိုင်မှီ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ အမေရိကန် ကျမ်းစာအဖွဲ့အစည်းကို ရဟန်းမင်ကြီး ဆဌမမြောက် ပေါ်လ် ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ အမေရိကန် ကျမ်းစာအဖွဲ့အစည်း ၏ သာသနာပြုရခြင်း၏ရည်ရွယ်ချက် ခံယူချက်သည် "ဘုရားသခင်၏ နှုတ်တော်ထွက်စကားဖြင့် လူတို့၏ အသက်တာကိုပြောင်လဲရန်" ဖြစ်ပါသည်။ ယင်းရည်ရွယ်ချက်ကို လက်ကိုင်ပြုပြီး မိမိတို့၏ သာသနာပြုလုပ်ငန်း ကိုအရှိန်မြှင့်လုပ်ဆောင်ကြဖို့ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အားပေးခဲ့ပါသည်။ ဘုရားရှင်၏နှုတ်တော်ထွက်စကားသည် အသွားနှစ်ဖက်ပါသော ဓားသွာထက်သာ၍ ထက်မြတ်ကြောင်း ဟေဗြေဦး သြဝါဒ စာကို အခြေခံပြီး ဘုရားရှင်၏နှုတ်တော်ထွက်စကား အစွမ်းထက်ကြောင်း လူတို့၏ ဘဝကိုပြောင်းလဲစေကြောင်း။ တခြားသော စာအုပ်များသည် သမ္မကျမ်းစာကဲ့သို့ အစွမ်းမရှိကြောင်း၊ သခင်ခရစ်တော်ပြောကြားခဲ့သော နှုတ်တော်ထွက်စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကျေးဇူးအားဖြင့်သာ ရရှိ အသက်ရှင် ဟောကြားကြောင်းကို အသင်းတော်မှ အသိအမှတ်ပြုကြောင်း အားပေးစကားပြောကြားခဲ့ပါသည်။
ဘုရားရှင်၏နှုတ်တော်ထွက်စကားသည် ပျားရည်ကဲ့သို့ ချိုမြမှုကိုပေးစွမ်းသလို၊ ကျွန်ုပ်တို့၏ နှလုံးသားများကို ကောင်းကျိုးဖြစ်စေသော သင်ခန်းစာများဖြင့် နိုးကြားထကြွစေကြောင်း၊ နက်ရှိုင်းသောနှလုံးသားသည်သာလျှင် အဆုံးထိထိုးဖောက် အလင်းပေးနိုင်ကြောင်း၊ ဖြူ စင်သန့်ရှင်းစေနိုင်ကြောင်း၊ ဘုရားရှင်၏နှုတ်တော်ထွက်စကား အမှန်တရားသည် ကြားနာရရှိသူအတွက် ဘုရားကို ဆန့်ကျင်သော လူတို့၏ မကောင်းအကျင့် အာနည်းချက်များကိုဖယ်ထုတ်ဖြတ်တောက်ပြစ်သောကြောင့် အစပထမတွင် နာကျင်စေသော်လည်း၊ ကောင်းကျိုးဖြစ်ထွန်းစေမှုကိုသက်သေပြပေးသော အရာဖြစ်ကြောင်း၊
ဘုရားရှင်၏နှုတ်တော်ထွက်စကား သည် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များကိုမှန်ကန်စေကြောင်း၊ ဘုရားရှင်၏နှုတ်တော်ထွက်စကားသည် အမှန်တရားဖြစ်သည် အလျောက် အမှန်တရားများကို သာ မွေးဖွားပေးကြောင်း၊ မကောင်းမှုအမှားများ၊ ထင်ယောင်ထင်မှားဖြစ်စေမှုများကို ပယ်ဖျက်လွင့်ပါးပျောက်ကွယ်စေကြောင်း၊ ဘုရားရှင်၏နှုတ်တော်ထွက်စကား ကျွန်ုပ်တို့ဘဝနေ့စဉ်အသက်တာကို ဘုရားသခင်ထံ ပြန်လည် ဦးတည်ပေးနေကြောင်း၊ ကျွန်ုပ်တို့ဘဝ အသက်တာသည် ဘုရားရှင်၏နှုတ်တော်ထွက်စကား အားဖြင့် ပြည့်ဝစေပြီး ကျွန်ုပ်တို့ထံမှ တပါးသူများထံဘုရားရှင်နှုတ်ကပါတ်တော် ရောင်ပြန်ဟပ်နေစေသော ဖွင့်ထားသော ဘုရားရှင်၏ နှုတ်တော်ထွက် သမ္မကျမ်းစာ များဖြစ်နေကြရန် ကျန်ုပ်တို့၏ ဘဝထဲ၌ အသက်ရှင်နေသော နှုတ်ကပါတ်တော် များဖြစ်ကြရန် မှာကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-10/pope-francis-audience1.html

#pope, #bible, #life, #pope, #generalaudience, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

11 + 3 =