အကျင့်တရားပြောင်းလဲခြင်းသည် ဘုရားသခင်ကြွလာရန်လမ်း ဖြစ်သည်

အာဒ်ဝင်တူးကာလ ဒုတိယ တနင်္ဂနွေနေ့ အန်ဂျေးလူးမေတ္တာရွတ်ဆိုခြင်း
အကျင့်တရားပြောင်းလဲခြင်းသည် ဘုရားသခင်ကြွလာရန်လမ်း ဖြစ်သည်
ဒီဇင်္ဘာ ၉၊ ၂၀၁၈
 
 
အာဒ်ဝင်တူးကာလ ဒုတိယ တနင်္ဂနွေနေ့ အန်ဂျေးလူးမေတ္တာရွတ်ဆိုခြင်းနှင့် ဟောကြားခြင်းတွင် ယောဟန်ဘတ္တိဇံ ဂျော်ဒါန်မြစ်တွင် နောင်တတရားရသောသူများကို ဆေးကြောခြင်းပေးခြင်း၊ ဘုရားသခင်ကြွလာရန် လမ်းတော်ကိုပြင်ဆင်ခြင်းအကြောင်းကိုအခြေခံပြီး အကျင့်တရားပြောင်းလဲခြင်းသည် ဘုရားသခင်ကြွလာရန်လမ်း ဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။
 
 
ရှင်လုကား ဧဝံဂေလိ ကျမ်းစာတွင် ယောဟန်ဘတ္တိဇံ သည် တောင်များကိုဖြို၊ ချိုင့်များကိုဖို့၊ ကောက်သောလမ်းများကိုဖြောင့်စေကြ ဟူသော တရားကိုအခြေခံပြီး လူသားများအကျင့်တရား ပြောင်းလဲရေးလမ်းခရီးတွင် ဦးဆောင်လမ်းပြသူဖြစ်ကြောင်း၊ ယောဟန်ဘတ္တိဇံ သည် အကျင့်တရားပြောင်းလဲဖို့လိုအပ်ကြောင်းကိုသိစေခဲ့သူ၊ သခင်ခရစ်တော်၏ ကိုယ်နှင့်နီးစပ်သောသူကို ဆက်ဆံပုံ ကိုအတုယူပြီး ကိုယ့်နှလုံးသားကို ဖွင့်ထားကာ မာနတရား၏ အကျိုးဆက်များဖြစ်တဲ့ မတူမတန်ဆက်ဆံတတ်သောအကျင့် မသိကျိုးကျွန်ပြုခြင်းတွေကို ပြုပြင်ကြဖို့၊ မိမိမာနတရားကို မိမိကိုယ်တိုင် ချိုးနှိမ်ရမယ်။
 
 
အဲ့လိုလုပ်နိုင်ဖို့ ကိုယ်ရဲ့အမှားကို ခွင့်လွတ်ဖို့တောင်းပန်ပြီး၊ စစ်မှန်သောကြေအေးခြင်းအမှုကိုပြုရမယ်။ အကျင်းတရားပြောင်းလဲခြင်းသည် မိမိအမှားများ၊ သစ္စာမဲ့မှုများ၊ အပြစ်မကောင်းမှုများကို နှိမ့်ချစွာ လက်ခံလိုက်ခြင်းပါပဲ။
 
 
ယောဟန်ဘတ္တိဇံ ခေါ်ဖိတ်သောအကျင့်တရားပြောင်းစေမှုသည် ပြင်းထန်သောလည်း နှုးညံသိမ်မွေ့မှုသနာကြင်နာမှုတို့နှင့် စပ်ဆက်နေတယ်၊ သူဆီမှ နောက်တတရားအားဖြင်းဆေးကြေားခြင်လာရောက်ခံယူကြသူများကို အီဇရာအဲ လူမျိုးတို့ရဲ့မျော်လင်ချက်၊ မက်ဆီးယား သခင်ကြွလာဖို့မျှော်လင့်နေသောစိတ်ကိုပိုမိုရှင်သန်တောက်လောင်စေခဲ့တယ်။ တကယ့်အစစ်အမှန်ယုံကြည်သူတွေဟာ သခင်ခရစ်တော်ကို ဗဟိုလ်ပြု အသက်ရှင်ကြတယ်။
 
 
သန့်ရှင်းသောဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်၏ နိုင်ငံတော်ကိုဤလောကတွင်တည်ဆောက်ခြင်း၌ နှိမ့်ချခြင်းပါရမီဖြင့် မျှော်လင်ြ့ခင်းကိုအားဖြည့်တင်းခြင်း၌ စစ်မှန်စွာသက်သေခံခြင်း၊ ပိုမိုမားလည်အောင်ဆောင်ရွက်ခြင်းများကို သခင်ခရစ်တော်၏ နုတ်တော်ထွက်စကား၊ ချစ်ခြင်းမေတ္တာ နှင့် နှစ်သိမ့်ခြင်းတို့အားဖြင့် သူ၏ နောက်လိုက်ပီသစွာအသက်ရှင်ကြရန် လိုအပ်ကြောင်းဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-angelus-9-december-2018-conversion-john-baptizer.html

#pope, #angelus, #conversion, #peterkm,
Photo credits to Vatican News.
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 0 =