သေးငယ်သော အမူလေးများလုပ်ဆောင်ခြင်းဖြင့်ကမ္ဘာကြီးကို ကယ်တင်နိုင်မယ်

ကာမယ်လိုက် အသင်းဂိုဏ်းဝင် စစ္စတာ များ နှင့်တွေဆုံခြင်း

သေးငယ်သော အမူလေးများလုပ်ဆောင်ခြင်းဖြင့်ကမ္ဘာကြီးကို ကယ်တင်နိုင်မယ်
စက်တင်ဘာလ ၇၊ ၂၀၁၉

မာဒါဂါစကာ နိုင်ငံ အင်တာနာရီဘို ရှိ ကာမယ်လိုက် အသင်းဂိုဏ်းဝင် စစ္စတာ များ နှင့်တွေဆုံခြင်းတွင် သေးငယ်သော အမူလေးများလုပ်ဆောင်ခြင်းဖြင့်ကမ္ဘာကြီးကို ကယ်တင်နိုင်မယ်ဖြစ်ကြောင်း ဝေမျှခဲ့ပါသည်။

ရဟန္တာ သူတော်စဉ် St. Therese the Little Flower ရဲ့ဘဝကို အတုယူပြီးရှင်သန်ကြဖို့၊ သူမက သီလရှင်အိုကြီးတွေကို ပြုစုပေးတယ်၊ သူကို အမျိုးမျိုး အပြစ်တင်ခဲ့ပေမဲ သူမအမြဲပြုံးနေခဲ့တယ်၊ ဒီသေးငယ်တဲ့အရာလေးတွေကို လုပ်ပြီး ဘုရားကိုပူဇော်ခဲ့တဲ့အရာလေးတွေက သူမရဲ့အဖွဲ့အစည်းမှာ စံပြပုဂ္ဂိုလ် တစ်ဦးဖြစ်လာခဲ့တယ်၊ နာခံခြင်းကျေးဇူးတော်ကို အပြည့်အဝအသုံးချပြီး၊ သိမ်မွေ့သော ချစ်ခြင်းမေတ္တာ ကို တောက်လောင်စေခဲ့သူဖြစ်တယ်။

သင်တို့တွေ ဟာ သင်တို့မသိတဲ့သူတွေ အတွက် အထူးသဖြင့် ဘုရားသခင်ကို မသိရှိမခံစားရသူတွေ ဝိညာဉ်ရေးအသက်တာကျရှုံးနေသူတွေအတွက် ဆုတောင်ပေးကြဖို့ ဒီဘဝကိုခံယူခဲ့ကြတယ်၊ ဒါကြောင့် သေးငယ်သော ချစ်ခြင်းမေတ္တာလုပ်ရပ်လေးတွေကို ကြီးမားသော ယုံကြည်ခြင်း နှင့်လုပ်ဆောင်ကြဖို့၊ သင်တို့ရဲ့သောငယ်သော အလုပ်ကလေးတွေအားဖြင့် ကြီးမားသောကမ္ဘာကြီး ကိုကယ်တင်တဲ့နေရာမှာ ဘုရားသခင်က အသုံးပြုနေတယ် ဆိုတာသတိရပါ။ ကမ္ဘာကြီးကိုပြောင်းလည်ပေးဖို့ ဒီဘဝကို ခံယူခဲ့ကြသူတွေ ကမ္ဘာကြီးကို ပြောင်းလည်ဖို့ သေးငယ်သော အရာလေးတွေကို ပြည်ဝသောချစ်ခြင်းမေတ္တာဖြင့် လုပ်ဆောင်ကြပါ။ အဲ့ဒီသေးငယ်သောအရာလေးတွေကို ချစ်ခြင်းမေတ္တာဖြင့် ပြုလုပ်ခြင်း အားဖြင့် ဘုရားသခင်ကို တို့အလယ်မှာ ရှိလာစေခြင်းဖြစ်တယ်။

ချစ်ခြင်းမေတ္တာ ဖြင့်လုပ်ကိုင်ခြင်း၊ ဆုတောင်မေတ္တာပို့သခြင်းသည် လုံလောက်သော အလုပ်ဖြစ်ပြီး ယင်းတို့ဖြင့် ကမ္ဘာကြီးကိုပြောင်းလဲပေးကြရမယ် ဟု မာဒါဂါစကာ နိုင်ငံ အင်တာနာရီဘို ရှိ ကာမယ်လိုက် အသင်းဂိုဏ်းဝင် စစ္စတာ များ နှင့်တွေဆုံခြင်းတွင် ရဟန်းမင်းကြီး မှ ပြောကြားခဲ့ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2k68YQj

Add new comment

8 + 0 =